22

4K 218 8
                                    

💛 Players ( Part - 22 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ကိုကြီးတူမ ဒီကိုမကြာမကြာလာတယ်မလား"

"လာပါတယ် ငါ့သမီးလေးအသားတွေမဲသွားလို့ စိတ်မကောင်းဖြစ်နေတာ မင်းကလည်း ကလေးက Constructionဆိုတိုင်း Constructionထဲထည့်လိုက်ရသလား ရှေ့နေလုပ်ခိုင်းလည်းရရဲ့သားနဲ့"

"မရဘူး သူပြောတဲ့အတိုင်းလုပ်ပေးရတာပဲ ကိုကြီးလည်း အက္ခရာအကြောင်းသိတယ်မလား လိုချင်တာရရင်ဖေကြီး ဖေကြီးနဲ့ မရတဲ့အခါဆို သံအမတ်ကြီးဦးမင်းထက်"

"ဖေကြီးနော်"

လေးလေးနှင့်ခရာတို့သားအဖ ဒီနေ့အိမ်အလည်လာကြ၍ ခါတိုင်းဆိုတိတ်ဆိတ်နေတတ်သောသွေးတို့အိမ်သည် ခရာ့အသံစာစာဖြင့် ရယ်မောနေရ၏။
ခရာသည် ရှေ့နေတစ်ယောက်ဖြစ်လာသည်အထိ အပြောင်အပျက်ဖြင့် ပေါ့ပေါ့ပါးပါးနေဆဲ၊ ကြုံရာလူတွေနဲ့ပေါင်းနေဆဲဖြစ်သည်။

တစ်ရက်ကဆို စည်းခေါ်သွား၍ ရေတံခွန်တောင်ဆိုဒ်ကို သူမ,ရောက်ခဲ့ကာ ပန်းရံသမားတွေနှင့် အအေးလုသောက်နေသော ခရာ့ကို ကားထဲကနေ တွေ့လိုက်ရသေးသည်။
အရင်ကတည်းက ထိုသို့ရောနှောနေတတ်ပြီး ကိုယ့်အဆင့်အတန်းနဲ့ကိုယ် သေသေသပ်သပ်မနေတတ်သော ခရာ့အကျင့်ကို သွေး လုံးဝကြည့်မရ။

"ဟုတ်တယ် ဖေဖေရော လေးလေးရော ခရာ့ကိုဆုံးမကြပါဦး ဟိုတစ်ရက်ကတွေ့လိုက်တယ် ပန်းရံသမားတွေဆီက အအေးလုသောက်နေတာ"

တမင်အချွန်နှင့်မ,လိုက်သော သွေးရဲ့စကားကြောင့် လေးလေးမျက်နှာပျက်သွားကာ ရယ်လည်းမရယ်နိုင်တော့သလို ဖေဖေကလည်း ခရာ့ဆီအကြည့်ရောက်သွား၏။
ခရာကတော့ စူပုတ်ပုတ်ဖြင့် သွေးကိုမျက်စောင်းထိုးကာ လေးလေးကိုမဝံ့မရဲကြည့်ရင်း မပွင့်တပွင့်ဖြင့်...

"အဲ့ဒါက"

"သမီးကို ဘယ်လိုနေပါ ဘယ်လိုထိုင်ပါ ဖေကြီးပြောစရာမလိုတော့ဘူးထင်တယ် ဒါပေမယ့် သမီးသတိရအောင် ထပ်ပြောပြမယ်အက္ခရာ
သမီးကရှေ့နေ.. ရှေ့နေတောင်မှ NUSကနေ Aအဆင့်နဲ့အောင်ထားတဲ့ အတော်ဆုံးရှေ့နေ.. ပြီးတော့ သံအမတ်တစ်ယောက်ရဲ့သမီး
လူတန်းစားမရွေးခင်မင်တာ၊ ဖော်ရွေတာကို အပြစ်မပြောလိုပေမယ့် ကိုယ့်နေရာနဲ့ကိုယ် သေသေသပ်သပ်နေတတ်ရတယ်"

PlayersWhere stories live. Discover now