30

4.9K 273 16
                                    

💛 Players ( Part - 30 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ဓာတ်ပုံတွေရပြီ မား.. ပါပါးကရော"

"သမီးပါပါး Showroomကနေကို ပြန်မလာသေးဘူး"

မာမားကတော့ အရင်လိုနွေးထွေးနေဆဲဖြစ်ကာ ခရာလာတိုင်း မီးဖိုခန်းထဲကပြေးထွက်လာတတ်ပြီး လက်ထဲမှာလည်းယောင်းမကြီးက ပါလာတတ်စမြဲ။
ဒီတစ်ခါတော့ မားရဲ့အကြည့်တွေက ကိုကြီးဆီရောက်သွားတာမို့ ဟိုတစ်ခါကပြောခဲ့သည့် ကောင်လေးကိုအိမ်ခေါ်ခဲ့ ဆိုသည့်စကားကိုလည်း အခုမှသတိရသွားသည်။
ငါဘာလို့ ဒီကိုခေါ်လာမိတာလဲ...

"ကိုကြီး ဒါခရာ့ရဲ့မာမား ဒေါ်ရည်မွန်တဲ့ မား ဒါကရုံးကခရာ့ရဲ့ဆရာလေ"

ထိုစကားကြောင့် မားက ကိုကြီးကိုရှေ့နေတစ်ယောက်ဟုထင်သွားမှာ အသေအချာဖြစ်သလို ကိုကြီးကလည်း မားကိုခရာ့အမေဟု ထင်သွားမှာသေချာသည်။
မားက ခရာ့အမေမဟုတ်ပေမယ့် ခရာ့ကိုငယ်စဥ်ကတည်းက ချီပိုးထိန်းကျောင်းခဲ့သော အမေတစ်ယောက်လိုပဲမို့ ခရာ ရဲရဲဝံ့ဝံ့မိတ်ဆက်ပေးရဲခြင်းဖြစ်သည်။

"ဟုတ်ကဲ့ အန်တီ.. ကျွန်တော့်နာမည် တန်ခိုးပါ"

"ဟုတ်ကဲ့ သမီးလေးကို အပ်ပါတယ်ဆရာရယ် မလိမ်မာတာရှိရင်ဆုံးမပါ အက္ခရာက ငယ်ငယ်လေးကတည်းက အလိုလိုက်ခံထားရတော့ ဆိုးချင်တယ်ဆရာ"

"ကျွန်တော် ဆရာမဟုတ်ပါဘူးဗျ ခရာ့ကိုနည်းနည်းပါးပါး သင်ပြပေးရုံပဲရှိတာ အဲ့လိုတလေးတစားကြီးမလုပ်ပါနဲ့"

ဧည့်သည်ပါလာလျှင် မားက ဧည့်ဝတ်ကျေပွန်တတ်သူမို့ ခရာကြိတ်ကျေနပ်သွားစဥ် ကားသံကြားလိုက်၍ ပါပါးပြန်လာပြီဟုသိလိုက်ကာ အိမ်ပေါက်ဝဆီလှစ်ခနဲထပြေးသည်။
ဟိုတစ်ခါလာတုန်းကလည်း မတွေ့ခဲ့ရသောကြောင့် အိမ်ထဲဝင်လာသည့် ပါပါးလည်ပင်းကို ခရာ ခိုစီးဖက်ထားလိုက်ရင်း...

"ပါပါး ဘယ်တွေသွားနေတာလဲ ဟိုတစ်ခါကလည်းမတွေ့ဘူး"

"Showroomသွားနေတာ ငါ့သမီးက ဘယ်တုန်းကရောက်နေတာလဲ ပါပါးကိုဖုန်းလည်းမခေါ်ဘူး"

"မခေါ်ဆို ရုတ်တရက်ကြီးရောက်လာတာလေ ပါပါးရဲ့ သမီးရဲ့ဆရာကို ပါပါးတို့နဲ့လာမိတ်ဆက်ပေးတာ ကိုကြီး ဒါကခရာ့ပါပါး"

PlayersWhere stories live. Discover now