Part-2 လမုန့်ပွဲတော်ဘယ်သူဦးစီးမှာလဲ-2

29.3K 898 16
                                    

(Zawgyi)

"အကိုတော်"







ရှီးချန်အကြောင်းတစ်ခုရှိနေ၍အောင့်သက်သက်ဖြစ်သွားသော်လည်း တစ်ဦးတည်းသောည်ီငယ်လေးအတွက်အပြုံးမပျက်ပင်..




"အင်း"



(Unicode)
ညခင်း၉ချက်ထိုးမတိုင်ခင်အချိန်တွင်

"အကိုတော်"

"ဝမ့်ကျီး? ဘာကိစ္စများရှိလို့အကို့အဆောင်အထိရောက်လာတာလဲ?"

လန်ရှီးချန်တစ်ယောက်တွေးတွေးဆဆမေးလာသည်။ဟုတ်သည်လေ..ဤအချိန်မျိုးတွင်သူ၏ချစ်လှစွာသောညီငယ်လေးက ဝေ့သခင်လေးနှင့်သာရှိနေတတ်သည်မဟုတ်လော..

"အကိုတော့်ကိုဝမ့်ကျီးအကူအညီတောင်းချင်လို့ပါ"

"ဝမ်ကျီးရယ်..ဘာများအကူအညီတောင်းချင်လို့လဲ?"

"ယွင်မုန့်ကျန်းလမုန့်ပွဲတော်ကိုဝေ့ရင်းကသွားချင်တယ်လို့ပြောတယ်"

ရှီးချန်တစ်ယောက်သိလိုက်ပါပြီ..။ဝမ့်ကျီးတစ်ယောက်ဝေ့သခင်လေးနဲ့ယွင်မုန့်ကျန်းကိုသွားချင်လို့  ဝမ့်ကျီးဦးစီးရမည့် ကူစူးလန်လမုန့်ပွဲတော်အား ရှီးချန်ကို ကိုယ်စားဦးစီးပေးရန်အကူအညီတောင်းခြင်းသာ..

ရှီးချန်အကြောင်းတစ်ခုရှိနေ၍အောင့်သက်သက်ဖြစ်သွားသော်လည်း တစ်ဦးတည်းသောညီ်ငယ်လေးအတွက်အပြုံးမပျက်ပင်..

"အကိုတော်ကူညီမှာပေါ့..ဟိုမှာကူညီလို့အဆင်ပြေအောင်စစ်ကျွေးကိုပါခေါ်သွားလိုက်လေ..။ဝေ့သခင်လေးကကူညီချင်စိတ်ရှိပေမယ့် ကူညီတတ်မှာမဟုတ်တော့ စစ်ကျွေးကိုခေါ်သွားရင်အဆင်ပြေမှာပါ"

"ဟုတ်ကဲ့ ဝမ့်ကျီး စစ်ကျွေးကိုခေါ်သွားလိုက်ပါမယ်"
"ဝမ့်ကျီး ကျေးဇူးတင်ပါတယ်"

"ဝမ့်ကျီး သွားနားတော့လေ ဝေ့သခင်လေးမျှော်နေလောက်ပြီမလား"

"အင်း"

နှုတ်ဆက်ကာထပြန်သွားသောဝမ့်ကျီးကိုကြည့်ရင်း ရှီးချန်အပြုံးတို့မပျက်သော်လည်းရင်တွင်ငိုချင်လာသည်..

~~"ဝမ်ရင်းရေ..ကိုတော့ ဒီနှစ်လမုန့်ပွဲတော်ဦးစီးရတော့မယ်..ယွင်မုန့်လမုန့်ပွဲတော်ကို ကိုမလာနိုင်တော့ဘူးကွယ်.."~~

Uncle Jiang will Scold us!Where stories live. Discover now