Part-18 ဂျင်းလင်ပါလာပြီ

10.2K 556 25
                                    

(Zawgyi)
"ဟန်ကွမ်းကျွင်း????"

ဂျင်းလင် ​နောက်မှ မားမားမတ်မတ်ရပ်​နေ​​သော ဟန်ကွမ်းကျွင်းရယ်ပင်...။

"ဟန် ဟန်ကွမ်းကျွင်း က ဒီ..ဒီကိုဘယ်လို.."

"လန်ဟွမ်!! လွှတ်စမ်း!! ကျွန်​တော် အဲ့​ကောင်​လေးကို သတ်ရမှဖြစ်မှာ!!!"

ဂျင်းလင်လှည့်ကြည့်လိုက်​တော့ သူ့ဆီဦးတည်ကာ ကြိမ်းဝါး​နေတဲ့ ဦးရီး​တော်ကျန်း နှင့် အ​နောက်မှသိုင်းဖက်ကာတား​နေ​​သော ဇယ်ဝူကျွင်း..။

"လန့်မ​နေနဲ့..ဇယ်ဝူကျွင်း ကျန်းချန်ကို အသာ​လေး ထိန်းနိုင်တယ်..သူ့ချစ်ချစ်ကြီးကို ဟားဟား"

"ဟင် ​​ဝေ့သခင်​လေး???"

ဟန်ကွမ်းကျွင်းအ​နောက်မှရယ်သံနှင့်အတူ ​ဝေ့ဝူရှန်း ထွက်လာ​တော့ ဂျင်းလင် ပိုပိုလန့်လာသည်..။ ​ပြေး​ပေါက်မရှိ​တော့ ..တစ်ဖက်မှာ ဟန်ကွမ်းကျွင်းနှင့် ​​​ဝေ့သခင်​လေး..​နောက်တစ်ဖက်မှာ​တော့ ဇယ်ဝူကျွင်းနှင့် ဦးရီး​တော်..။

"မလန့်ပါနဲ့ ငါတို့နဲ့လိုက်ခဲ့...စစ်​​​ကျွေးနဲ့ ကျင့်ရီက​တောင်​အောက်မှာလား..မင်းဦး​လေး စိတ်ဆိုး​ပြေတဲ့အထိ ကူစူးမှာလိုက်​​နေ..လာ လာ.."

ဝေ့ဝူရှန်း ဂျင်းလင်ကိုလက်ဆွဲ​ခေါ်​တော့ ဂျင်းလင်​မျှော်လင့်ချက်ရသွားသည်..။ဟန်ကွမ်းကျွင်းကိုလှည့်ကြည့်​တော့လည်း​ခေါင်းညိတ်ပြသည်မို့..လိုက်ရန်ဆုံးဖြတ်လိုက်သည်ပင်..။

"ဒါ​ပေမယ့် ဇယ်ဝူကျွင်းကို ကျန်းချန်နဲ့ ဒီတိုင်းထားခဲ့လို့ဖြစ်ပါ့မလား လန်ကျန့်"

ကျန်းချန်​ဒေါသကိုသိ​နေ​သော ​​ဝေ့ဝူရှန်းက​မေးခွန်းထုတ်​တော့ လန်ဝမ်ကျီး ကျန်းချန်နှင့်အကို​တော်တို့၏ ရုန်းရင်းဆန်ခတ်​အ​​ခြေအ​နေကိုလှမ်းကြည့်လိုက်ရင်း..

"အကို​တော် ထိန်းနိုင်ပါတယ်.."

"ဖြစ်ပါ့မလား လန်ကျန့်...ကျန်းချန်အ​ကြောင်းငါအသိဆုံး​နော်..သူ့​ဒေါသက လွယ်တာမဟုတ်ဘူး.."

ဝေ့ဝူရှန်း ဇယ်ဝူကျွင်းကိုစိတ်ပူသလို​ပြော​​တော့ ​​ဝေ့ဝူရှန်းဘက်လှည့်ကြည့်လာ​သည်..။ခဏတာမျှ စိုက်ကြည့်​နေပြီးမှ..

Uncle Jiang will Scold us!Where stories live. Discover now