Part-4 ကျင့်ရီ!!!!

16.7K 726 20
                                    

(Zawgyi)

တိမ်လွှာနန်းမြိုင်အတွင်း ကျင့်ရီတစ်ယောက်လမ်းလျှောက်ရင်း အတွေးနယ်ချဲ့နေမိသည်။မနေ့ညက ဇယ်ဝူကျွင်း ကျင့်ရီကိုခေါ်ကာ ယွင်မုန့်ကိုလိုက်သွားဖို့ခွင့်ပြုကတည်းက တွေးမိနေခြင်း..။

ယွင်မုန့်ကိုလိုက်ခွင့်ရသည့်အတွက် ကျင့်ရီပျော်သည်မှာတော့အမှန်ပင်..။

ပျော်သည်?
စစ်ကျွေးနဲ့တူတူသွားရလို့လား?
ဂျင်းလင်နဲ့တွေ့ရမှာမို့လို့လား?

ကျင့်ရီတွေးနေမိသည်က ဒါပင်ဖြစ်သည်။
ဂျင်းလင်နှင့်စစ်ကျွေးတို့ကိုအတူတွဲမြင်မိတိုင်း ကျင့်ရီသဝန်တိုသည်။ဒါပေမယ့် ဘယ်သူ့ကိုတိုမှန်းမသိ..။ဂျင်းလင်နဲ့ရှိနေချိန်တွင် ရင်ခုန်နေမိပြီး စစ်ကျွေးနားရောက်လျှင် စစ်ကျွေးအားဖက်တွယ်ထားချင်သည် ပင်။

"ငါဘယ်သူ့ကို ကြိုက်နေတာလဲ?" ကျင့်ရီတစ်ယောက်တည်း တိုးတိုးလေးပြောမိသည်။

ဟန်ကွမ်းကျွင်း နှင့် ဝေ့သခင်လေးတို့ကြည်နူးနေတာမြင်ရင်လည်း ကျင့်ရီ စစ်ကျွေးနှင့် ကျင့်ရီ၂ယောက်လုံးကိုပြေးမြင်မိနေတော့လည်း ခက်သည်။

"အာ ရူးတော့မှာပဲ"

"ဘာတွေစဉ်းစားနေလို့ရူးတော့မှာတုန်း"

"ဟာ..!" ကျောနောက်မှအသံကြားကြားချင်း ကျင့်ရီလန့်ဖြန့်သွားကာ အသည်းအသန်လှည့်ကြည့်မိတော့ အနီရောင်အင်္ကျီနှင့် အရက်အိုးကိုင်ထားသူ။

"အာ ဝေ့သခင်လေးကလည်း! လန့်လိုက်တာဗျာ"

"ဟား ဟား ဟား"ဝေ့ရင်းအရက်အိုးကိုင်လျှက်နှင့်ပင်ခါးထောက်ကာရယ်ချလိုက်သည်။ပြီးမျက်လုံးထောင့်ကိုလက်ခုံနှင့်ပွတ်လိုက်ရင်း..

"ငါခြေသံပေးပြီးလာတာပဲလေ မကြားပုံထောက်ရင်စိတ်တွေကို ပန်းသီးပုစိစားသွားတာလား?ဟား ဟား..ဆိုပါဦး..ဘာတွေစဉ်းစားရကျပ်နေလို့ရူးရမှာတုန်းကွ ဟားဟား..ဘာလဲလန်ဂိုဏ်းချုပ်က မင်းကိုသူ့နှုတ်ခမ်းမွှေးလျှော်ခိုင်းလို့လား ဟားဟား" အရယ်မရပ်သေးဘဲ ဆက်တိုက်ပြောနေသောဝေ့ဝူရှန်းကြောင့် ကျင့်ရီငိုချင်လာရသည်။

Uncle Jiang will Scold us!Where stories live. Discover now