Part-10 ပထမဆုံးအနမ်း

11.4K 567 16
                                    

"စစ်..စစ်ကျွေး..?မင်း..ဘာတွေမေးနေတာလဲ..?"

စကားများထစ်ကာ ပြန်မေးနေသောကျင့်ရီကို စစ်ကျွေး အပြုံးမပျက်ကြည့်လိုက်ရင်း..အနားပိုကပ်လိုက်သည်..။

"လူ၂ယောက်ကိုတစ်ပြိုင်တည်းချစ်မိတာဖြစ်နိုင်လားလို့လေ"

ပိုပိုနီးကပ်လာသော စစ်ကျွေးမျက်နှာ ကြောင့် ကျင့်ရီရင်ပိုခုန်လာရသည်..။စစ်ကျွေးကပင် အနီးအနားတွင်ကြည့်နေသောလူများရှိမရှိကို အကဲခတ်လိုက်ရင်း..

"ကျင့်ရီ ငါ့နှဖူးစည်းကိုလိုချင်လား.."

"..."

"လိုချင်ရင် ဒီညမီးပုံးလွှတ်တဲ့အချိန်လာယူလေ.."

စစ်ကျွေးပြောလည်းပြော ပုခုံးတွင်ကျနေသာကျင့်ရီနှဖူးစည်းကိုပါ လက်ညှိုး နှင့်လက်ခလယ်ကြားအသာအယာကိုင်ကာ ပွတ်ဆွဲနေလိုက်သည်..။

ကျင့်ရီကတော့ နှလုံးခုန်မြန်ကာအသက်ထွက်မတတ်..။

"ကျင့်ရီ ငါသွားပြီ..။ဟန်ကွမ်းကျွင်းတို့ကိုသွားကူလိုက်ဦးမယ်"

စစ်ကျွေး လန်ကျန့်တို့ကိုကူညီရန်အကြောင်းပြချက်ဖြင့် ထွက်သွားတော့မှ ကျင့်ရီအသက်ဝဝ ရှူရဲတော့သည်..။

*ဒါ.ဒါ ဘာလဲ?စစ်ကျွေးငါ့ကို..ငါ့ကိုဝန်ခံသွားတာလား..?*
.
.
.
"ဝိုး..မီးပုံးလေးတွေလှလိုက်တာ..."

"ဟန်ကွမ်းကျွင်းရဲ့မီးပုံးကိုကြည့်ဦး ယုန်ပုံလေးတွေမလား"

မီးပုံးပွဲကြီးစတင်လိုက်သည်နှင့်တစ်ပြိုင်နက်ကောင်းကင်ပြင်တွင် မီးပုံးရောင်စုံလေးများပျံ့နှံ့လာသည်..။ဆုတောင်းကြသူများနှင့် ကောင်းကင်ပြင်ရှိမီးပုံးများကိုကြည့်ရင်း ပျော်ရွှင်နေကြသူများကြား စစ်ကျွေးမီးပုံးကိုင်ကာ မလွှတ်မိသေး..။

*ငါ့ကိုမကြိုက်တာလား ကျင့်ရီရာ..*

သူဖွင့်ပြောမိသည့်နောက်ပိုင်း မီးပုံးချိတ်ရာတွင် သူ့ကိုရှောင်နေသော ကျင့်ရီပုံကိုပြန်မြင်မိသည်..။

*ကျင့်ရီ မင်းငါ့ကိုကြိုက်နေတယ်လို့ခံစားမိတာ အမှားလား..*

Uncle Jiang will Scold us!Where stories live. Discover now