Part-20မုန်းတယ်

8.8K 475 14
                                    

(Zawgyi)

"ဦးရီး​​​တော် ကျွန်​တော့်ကို လုံးဝမုန်းသွားပြီလား..ဝါးး.."

ဂျင်းလင် ကူစူးလန်​ရောက်​နေသည်မှာ ၇ရက်ပင် ရှိ​နေပြီ..။သို့​သော် ကျန်းချန်ဆီက ဘာသတင်းစကားမှမကြားရ..။ ဆိုးသည်​ ​ကောင်းသည် ဘာမှမရှိ..။

"ဂျင်းလင်..မငိုပါနဲ့..ကျန်းဂိုဏ်းချုပ် စိတ်ဆိုး​နေတုန်းမို့လို့​နေမှာပါ.."

"ဟုတ်တယ် အားလင်..စိတ်ဆိုး​နေတုန်းမလို့ လာမ​ခေါ်တာပါ."

စစ်​ကျွေးနှင့် ကျင့်ရီတို့က ဝိုင်း​ပြော​​ပေး​နေကြ​သော်လည်း ဂျင်းလင်အငိုမရပ်..။

"စိတ်ဆိုးတာဆို လာရိုက်မှာ​ပေါ့..အခုက မုန်းသွားတာ​နေမှာ...အဲ့တာ မင်းတို့​ကြောင့်!"

"ဟင်"

"မင်းတို့သာ ငါ့ကို မ​ရွေးခိုင်းရင် ဘာမှဖြစ်မှာမဟုတ်ဘူး ရွှတ်.."

"..."

"မ​​ရွေးခိုင်းရင် ငါ့ကို ဦး​ရီး​တော် ​သေ​လောက်​အောင်ရိုက်ချင်မှာလည်းမဟုတ်ဘူး..ဝါး.."

အငိုမရပ်​သော ဂျင်းလင်ကိုကြည့်ရင်း စစ်​​ကျွေးနှင့် ကျင့်ရီ တစ်​ယောက်မျက်နှာ တစ်​ယောက်ကြည့်ပြီးသက်ပြင်းချမိသည်..။

(ကဲ ဘယ်လို​ချော့မလဲ)
(စကားလမ်း​ကြောင်း လွှဲလိုက်ရင်​ရော)
(ဘယ်ကိုလွှဲမှာလဲ)
(မသိဘူး​လေ..စစ်​ကျွေးမင်းလွှဲကြည့်)
(အကူအညီ​တောင်းကြည့်မလား..?)
(ဘယ်သူ့ကို​တောင်းမလဲ..)
(​သခင်​လေး​​ဝေ့..?)
(အာ..ဟန်ကွမ်းကျွင်းနဲ့ရှိ​နေမှာ​ပေါ့..)
(လန်ဂိုဏ်းချုပ်​ရော?)
(ဇယ်ဝူကျွင်း..?)
(အင်း..ဇယ်ဝူကျွင်း ကျွင်း...)

"ဇယ်ဝူကျွင်း!!!?"

စစ်​​ကျွေးနှင့် ကျင့်ရီတို့မျက်နှာရိပ် မျက်နှာကဲဖြင့်​ပြော​နေရင်းမှ ဇယ်ဝူကျွင်းကိုသတိရသွားသည်..။ဇယ်ဝူကျွင်း ပြန်မလာသည်မှာ ၇ရက်..။

"ဇယ်ဝူကျွင်း ​ပျောက်​နေတာပဲ!!?"

"ဟိုတစ်ရက် ကျန်းဂိုဏ်းချုပ် ငါတို့ကိုလိုက်သတ်တုန်းက ကျန်ခဲ့တာမလား.."

"ဟင် ဇယ်ဝူကျွင်း ဦးရီး​တော် လက်ချက်နဲ့​သေပြီလား!!?" ဂျင်းလင်ငို​​နေရင်းမှ ဝင်​ပြော​တော့ ကျန်တဲ့ ၂​ယောက်လုံးပိုလန့်သွားရသည်..။

Uncle Jiang will Scold us!Where stories live. Discover now