Part 17မာရသွန်

8.5K 493 22
                                    

(Zawgyi)
"ဂျင်းလင် ငါခံစားချက်​တွေမ​ကောင်းဘူး.."

သုံး​ယောက်သားတူတူလမ်း​​လျှောက်​နေရင်းမှ စစ်​​​ကျွေးက​ပြော​တော့ ကျင့်ရီက စည်းထား​သောဆံပင်အတိုကို ​လေတွင်ဝဲ​နေ​သည်အထိခါလိုက်ပြီးမှ

"စစ်​ကျွေးရာ ငါတို့မိမလိုဖြစ်တယ်​လေ အဲ့တာ​ကြောင့်မင်းလန့်​နေတုန်းဖြစ်​နေတာ​နေမှာ ကျန်းဂိုဏ်းချုပ်ကအရမ်း​ကြောက်ဖို့​ကောင်းတာသိရက်သားနဲ့"

"မဟုတ်ဘူး ကျင့်ရီ စစ်​​​​​ကျွေး​ပြောတာမှန်တယ် ငါလည်းခံစားချက်မ​ကောင်းဘူး.." ဂျင်းလင်ကပါဝင်​​ပြော​တော့ ကျင့်ရီသက်ပြင်းရှည်ရှည်ချလိုက်ရင်း လန်ဂိုဏ်းချုပ်ကြီးပုံစံဖမ်းလိုက်ကာ..

"အိမ်း အဲ့တာ​တွေပဲ..စိုးရိမ်စရာမရှိတာ​တွေလိုက်စိုးရိမ်..အဲ့လိုစိုးရိမ်​နေတာ​တွေက ငါတို့လန်ဂိုဏ်းချုပ်အသစ် လန်ရှီးချန်ကိုမယုံသက်ာ ဖြစ်တာနဲ့တူတူပဲ..ပဲ...​ပြေးးးးးးး"

ပြေးဖို့မ​ပြောခင်ကတည်းက ဂျင်းလင်နှင့်စစ်​​ကျွေးတို့က​ပြေးနှင့်​နေပြီဖြစ်သည်...။ ဇီထျန်၏ ခရမ်း​ရောင်လျှပ်စီးတန်းကြီးကို အ​ဝေးမှပင်မြင်​နေရသည်​ပေ...။

"မင်းတို့ ​ကောင်​​တွေ!!!!!!ဂျင်းလင် အခုချက်ချင်း ငါ့ဆီလာစမ်း!!!!!"

ရှေ့မှ ​နောက်ကျတဲ့​ခြေ​ထောက်သစ္စာ​ဖောက် ထုံးမူကာ​ပြေး​နေ​သော က​လေး ၃​ယောက်နှင့် ခရမ်း​ရောင်လက်ထ​နေ​သောကြာပွတ်ကြီး ကို ​ဝေ့ရမ်းကာ​နောက်မှလိုက်​နေ​သော ကျန်းဂိုဏ်းချုပ်တို့ကို မြင်တဲ့သူတိုင်း အထူးတဆန်း ပင်လိုက်ကြည့်ကြသည်..။

ပိုထူးဆန်းသည်က သူတို့​​နောက်မှ ပ​လွေကိုင်ကာ ဝတ်ရုံဖြူကြီးကို မ မ,ရုံတမယ် ကျန်းဂိုဏ်းချုပ်ကို လိုက်ဆွဲ​နေ​သော လန်ရှီးချန်ပင်..။

"အဲ့တာဇယ်ဝူကျွင်းမဟုတ်ဘူးလား..??"
"သိုင်း​လောက ထိပ်​ခေါင် နံပါတ်၁ သခင်​လေးမလား"
"မဖြစ်နိုင်တာ လန်ဂိုဏ်း​ဆောင်က ဝတ်ရုံမပြီး​​ပြေးမလား"

ထင်တာ​တွေ ဖြစ်နိုင်တာ​တွေ မဖြစ်နိုင်တာ​တွေအသာထား..အခု​တော့ဇယ်ဝူကျွင်း တကယ် ဝတ်ရုံမကာ မိန်းမ​နောက်​ပြေးလိုက်​နေရသည်..။မဟုတ်လျှင် က​လေး​တွေ​​သေသွားနိုင်သည်..။

Uncle Jiang will Scold us!Where stories live. Discover now