Part -5စထွက်ကြပြီ

13.8K 640 21
                                    

ယွင်မုန့်ကျန်း..

"လေးလေးကျန်း..."

"တိတ်စမ်း! ဇီထျန်စာ မိချင်တာလား ဂျင်းလင်! ကိုယ့်လမုန့်ပွဲတော် ကိုယ့်ဂိုဏ်းမှာပဲကိုယ်လုပ်မယ်! ကူစူးလမုန့်ပွဲကဘာမှရှိမှာမဟုတ်ဘူး! ပြီးတော့ငါက ကျင်းဂိုဏ်း နဲ့ မင်း ဂျင်းဂိုဏ်း ၂ခုပေါင်းလုပ်ပေးရမှာ!"

"ခဏသွားလည်ရုံပဲလေ လို့... "

"အလုပ်ရှုပ်ရတဲ့အထဲ..အဲ့ဘုန်းကြီးမကျဘာမကျပျင်းစရာကောင်းတဲ့ ရေခဲတောင်တန်းလိုနေရာကြီးကိုဘာသွားလုပ်မှာလဲ!ဂျင်းလင် ! မင်းက ဂျင်းဂိုဏ်းချုပ်ဖြစ်နေပြီ! တကယ်ဆိုမင်းဂိုဏ်းဟာ မင်းလုပ်ရမှာ..မလုပ်နိုင်သေးလို့ငါလုပ်ပေးနေတာ!ဟမ် အဲ့တာကိုဘာကိစ္စကူစူးကိုသွားလည်ချင်သေးတာတုန်း!"

"လေးလေးကျန်းကိုလည်းမလိုက်ခိုင်းပါဘူးဗျာ.. ကျွန်တော့်ဘာသာသွားမှာ."

"ဂျင်းလင်!"

"..ကျန်းဂိုဏ်းချုပ်.." တူဝရီး၂ယောက်ရဲ့အခြေအတင်ပြောဆိုနေကြသောစကားများအကြား ကူစူးမှပို့လိုက်သောစာလွှာကိုကိုင်ရင်း ကျန်းဂိုဏ်းစာသင်သားလေးခမျာ မဝံ့မရဲခေါ်လိုက်တော့..

"ပြော ဘာကိစ္စလဲ"

"ဟို လန်ဂိုဏ်းချုပ် ပို့လိုက်တဲ့စာပါ"
စကားဆုံးသည်နှင့်ဒေါသအိုးကျန်းချန်၏မျက်နှာကချက်ချင်းပင်အရောင်ပြောင်းလဲသွားသည် ။ စာကိုဖွင့်ဖတ်တော့..

"ဟင်း.."မျက်နှာကအနည်းငယ်ပြန်တင်းသွားပြီး

"ဂျင်းလင်..မင်းကူစူးလမုန့်ပွဲတော်သွားချင်တာက ဟိုယုန်၂ကောင်ကိုတွေ့ဖို့မလား? သွားစရာမလိုတော့ဘူး! ဟိုဂယက် ဝေ့ဝူရှန်းအတွဲ နဲ့ လိုက်လာလိမ့်မယ်! "

ပြောပြောဆိုဆိုပင် ကျန်းချန် အတွင်းဆောင်သို့ဝင်သွားတော့သည်..စိတ်ထဲတွင်

**လန်ရှီးချန်! ခများ အဲ့လောက်အနစ်နာခံပေးနေတယ်ပေါ့ ဟက်လား! ခများ ကျွန်တော့်ကို ကတိပေးထားတယ်လေ! ဒီနှစ်လမုန့်ပွဲတော်မှာ တွေ့ကြမယ်လို့! ခများကြီးမလာတော့ဘူးလား.."
.
.
.
.
"ကဲ ထွက်ကြရအောင်..စစ်ကျွေး ကျင့်ရီ လာလေ သွားမယ်..ကလေးတွေကလက်ဆောင်ထုတ်တွေသယ်..ငါကမုန့်ထုတ်တွေသယ်မယ်"

Uncle Jiang will Scold us!Where stories live. Discover now