Part -9 မီးပုံးလေး

9.5K 598 4
                                    

(Zawgyi)
ညဘက်စတင်မည့် လမုန့်ပွဲတော်အတွက်မီးပုံးများကိုကန်လျှောက်လမ်းများတွင်လိုက်ချိတ်နေရင်းမှ ယွင်မုန့်ကျန်းသည် ဝေ့ဝူရှန်းအတွက် ငယ်ဘဝဘုံသဖွယ် ပြန်ခံစားမိစေသည်။ ကျန်းချန်ကလည်း နေမင်းဖြိုခွင်းတိုက်ပွဲပြီး ဂိုဏ်းကိုပြန်တည်တော့ အရင်ပုံစံမပျက်သာပြန်တည်ခဲ့ပေသည်။အဲ့တာကြောင့်ပင် သူတို့၏ ငယ်ဘဝအငွေ့အသက် မပျောက်ခဲ့..။ပျောက်ဆုံးသွားသည်က မမ..။

"ဝေ့ရင်း.."

နွေးထွေး၍ပြတ်သားကြည်လင်လှသည့်အသံကြားမှ အသိစိတ်ပြန်ဝင်လာသည်..။

"လန်ကျန့်.."

ညိုးငယ်နေတဲမျက်နှာကိုပြင်ကာဝေ့ရင်းပြန်ခေါ်လိုက်တော့ မီးပုံးများကိုမြှောက်ပြလာတဲ့ သူ..။

"လန်ကျန့် ငါနဲ့မီးပုံးတူတူချိတ်မလို့လား?"

"အင်း"

မျက်နှာကတည်နေသေးသော်လည်း မီးပုံးတူတူချိတ်ရန်စိတ်ပါနေကြောင်း လန်ကျန့်နားရွက်ဖျားများကိုကြည့်ပြီး ဝေ့ဝူရှန်း အတပ်သိသည်..။ ချစ်သူကို အကဲခတ်တော်လာသောသူ့ကိုယ်သူပင် ဘဝင်မြောက်ချင်ချင်ဖြစ်လာသည်..။

"အား ..ချစ်ဖို့ကောင်းလိုက်တာ ဒုလန်ကိုကိုလေးက"
ပြောပြောဆိုဆိုပင် ဝေ့ဝူရှန်း လန်ဝမ်ကျီ၏ပါးကိုဆွဲရန် ပြင်လိုက်သည်..။

"ညနေဘက်ဘဲရှိသေးတယ်ဟ! ညမရောက်သေးဘူး!!"

ဝေ့ဝူရှန်း တုန်တတ်သွားကာလှည့်ကြည့်လိုက်တော့ မီးပုံးများကိုင်ထားကြသောအပျိုကြီးနှင့်ကလေးတစ်သိုက်။

"ဟန်ကွမ်းကျွင်း ဝေ့သခင်လေး"
"ဟန်ကွမ်းကျွင်း ဝေ့သခင်လေး"
"ဟန်ကွမ်းကျွင်း ဝေ့သခင်လေး"

ကျန်းချန်နောက်ကလိုက်လာသော ဂျင်းလင်တို့ကနှုတ်ဆက်တော့ လန်ဝမ်ကျီးက ခေါင်းငြိမ့်အသိအမှတ်ပြုသည်။

"ကလေးတွေကိုအတုမြင် အတတ်သင်တွေမလုပ်ကြနဲ့ဟ! " ကျန်းချန်ကဘောက်ဆက်ဆက်စပြောတော့ ဝေ့ရင်းက မထီသည့်ပုံနှင့်ပင်..

" ငါတို့က ကွယ်ရာချစ်ရတာမဟုတ်ဘူးဟ..သူများတွေဆိုလူမသိအောင်ခိုးတွေ့ရတာ အရမ်းပင်ပန်းတယ်..ကလေးတွေကဒီလိုပေါ်တင်တွေ့တတ်သွားရင်ပိုတောင်ကောင်းသေး..ကွယ်ရာမှာမဟုတ်တဲ့သူနဲ့မတွေ့တော့ဘူးပါ့..နော်လန်ကျန့်"

Uncle Jiang will Scold us!Where stories live. Discover now