Part -15 မုန့်ဗန်း တစ်ခု အကြောင်းပြု

12.2K 532 20
                                    

(Zawgyi)
ဂျင်းလင်ရဲ့ နှစ်ယောက်လုံးကိုလက်ခံလိုက်မှုကြောင့် စစ်ကျွေးရော ကျင့်ရီရောပါပျော်ရွှင်သွားသည်..။

"ဒါဆို အခုငါတို့ သုံးယောက်လုံးက ချစ်သူတွေပေါ့..။" ဂျင်းလင်ကမရဲတရဲမေးလိုက်တော့..ဂျင်းလင်ရော စစ်ကျွေးရော နှစ်ယောက်လုံးကိုဖက်ကာပြောလာသော ကျင့်ရီ..

"ဒါပေါ့ သုံးယောက်လုံးတစ်ယောက်ကိုတစ်ယောက်ချစ်တော့ပိုခိုင်မာတာပေါ့..သုံးဆိုတဲ့ ကဏန်းက အခိုင်မာဆုံးလို့ ငါကြားဖူးတာပဲ!"

ဂျင်းလင် မျက်နှာပိုပို နီတတ်လာပေသည်..။ငါတို့ တကယ် သုံးယောက်လုံးလား..။

"သခင်လေးတို့ ဘာလို့ဖက်ထားကြတာလဲဟင်"

ဖက်ထားရမှ ဝမ်နင့်အသံကြားလိုက်တော့သုံးယောက်လုံး လန့်ဖြန့်သွားရတော့သည်..။

"အာ..သခင်လေးဝမ်..ဘာလို့လိုက်လာတာလဲ ပြန်လာခဲ့ပါ့မယ်ဆို" စစ်ကျွေးကပြောလိုက်တော့...

"သခင်လေးတို့ကြာနေလို့ ပြီးတော့နောက်ကျနေပြီ ပြန်ချိန်ရောက်နေပြီ.."

အဲ့တော့မှကျင့်ရီအချိန်ကိုမှန်းဆမိတော့ အတော်လေးနောက်ကျနေပေသည်..။

"အေး ပြန်ကြရအောင် စစ်ကျွေး..."

စစ်ကျွေးနှင့် ကျင့်ရီတို့ ပြန်ဖို့စီစဉ်ကြတော့ ဂျင်းလင် စိတ်တွေ အနည်းငယ်နောက်ကျိလာသည်...။သူတို့ကိုမပြန်စေချင်သေးသည့်အလား..။ကျင့်ရီနှင့် စစ်ကျွေးတို့ကအမြဲတွေ့နေရသည့်သူများ...ဂျင်းလင်ကရော..ဂျင်းလင်ကတော့ သူတို့နှစ်ယောက်လုံးနှင့်တွေ့ဖို့က တော်တော်ကြာတတ်သည်လေ..။

"အဟမ်း ခဏ"

ဂျင်းလင် ချောင်းဟန့်သံနှင့်အတူတားလိုက်တော့ ဝမ်နင်းရော စစ်ကျွေးတို့ နှစ်ယောက်လုံးရော လှည့်ကြည့်လာသည်..။

"တော်တော်နောက်ကျနေပြီပဲ..ကူစူးကိုပြန်ရင် တော်တော်လေးကို နောက်ကျသွားမှာ ...အဲ့..အဲ့တော့လေ.."

ဂျင်းလင်ပြောနေရင်းမှ မျက်နှာကပိုပိုရဲလာပြီး နှခေါင်းနှင့် ပါးစပ်ကို လက်တစ်ဖက်ဖြင့်ကွယ်ထားမိသည်..။

Uncle Jiang will Scold us!Where stories live. Discover now