Part-8လှပလွန်းသော

10.2K 593 7
                                    

(Zawgyi)

"Mnn...."

စစ်ကျွေးဂျင်းလင်နှုတ်ခမ်းများကိုနမ်းနေရာမှ အလွတ်မပေးချင်တော့...။ဂျင်းလင်နှုတ်ခမ်းများကချိုသည်..။အောက်နှုတ်ခမ်းကိုစိတ်ရှိလက်ရှိ စုပ်ချလိုက်တော့ ဂျင်းလင်ထံမှ ညည်းညူသံလေးထွက်လာသည်။ စစ်ကျွေးမနေနိုင်တော့စွာ ဂျင်းလင်ခါးစည်းစကို ကိုင်လိုက်တော့ သူ့လက်ကိုအုပ်မိုးကိုင်လာတဲ့ လက်တစ်ဖက်..။ ဂျင်းလင်လက်များကသူ့ပုခုံး နှစ်ဖက်လုံးကိုကိုင်ထားသည်လေ..။စစ်ကျွေးသူ့လက်ကို လာကိုင်သည့်သူကိုကြည့်လိုက်တော့ ကျင့်ရီ!

"မင်းတို့ဒါဘာလုပ်နေတာလဲ "

ပြောပြောဆိုဆို မျက်နှာနားအရမ်းကပ်လာသောကျင့်ရီကြောင့် ပိုနေရထိုင်ရခက်လာသည်..။

"စစ်ကျွေး ပြောတော့အရာရာတူတူဆို? "

ကျင့်ရီစကားများက ဘာကိုဦးတည်နေလဲ စစ်ကျွေးစဉ်းစားမရ..။ကျင့်ရီကဆက်ပြောလာသည်..။

"ငါလည်း ဂျင်းလင်ကိုနမ်းလို့ရတယ်မလား?"ကျင့်ရီမေးမေးပြီးချင်း ဂျင်းလင်နှုတ်ခမ်းများရှိုက်ကာနမ်းလိုက်သည်..။ထို့နောက် စစ်ကျွေးဘက်လှည့်လာကာ..

"မင်းကိုလည်း နမ်းချင်တယ် စစ်ကျွေး.."

"ကျင့်ရီ..မင်း.." စစ်ကျွေးဆက်ပြောချိန်မရလိုက်..သူ့နှုတ်ခမ်းများက ဖိကပ်ကာ အနမ်းများပေးလာသောကြောင့်ပင်..။

ခုနအရှိန်တတ်လက်စ ဂျင်းလင်ကလည်း စစ်ကျွေးရင်ဘက်ပေါ်ပွတ်သပ် ကာ စစ်ကျွေးလည်ပင်းအား လျှာနှင့်ယက်လာတော့..။

"အာ့..Mnn.." ဒီတစ်ခါညည်းမိသူက စစ်ကျွေး။

*ဘာတွေဖြစ်ကုန်တာလဲ?ဘာတွေလဲ?* စစ်ကျွေးအနမ်းများကိုလက်ခံထားရင်းမှတွေးနေမိသည်..။
*ကျင့်ရီ..? ကျင့်ရီကငါ့ကြိုက်နေတာလား??ဒါဆိုဘာလို့ဂျင်းလင်ကိုရော နမ်းလိုက်တာလဲ ? ဘာလဲ* စစ်ကျွေးတွေးနေရင်းမှပင် ကျင့်ရီ၏ အနမ်းများ ၊ လည်တိုင်မှ ဂျင်းလင်အထိအတွေ့များအကြား မူးယစ်လာပြီး တစ်ဖြည်းဖြည်း...
.
.
.
.
စစ်ကျွေးမျက်လုံးဖွင့်လိုက်တော့ ကြာပန်းပုံစံများထွင်းထားသော မျက်နှာကျက်..။ ဘေးကိုကြည့်လိုက်တော့ အိပ်မောကျနေဆဲ ကျင့်ရီ..။အပြင်က လေးချက်ထိုး ကင်းလှည့်သံ..။

Uncle Jiang will Scold us!Donde viven las historias. Descúbrelo ahora