Part-7 မနာလိုတာလား?

11.7K 635 10
                                    

"ဂျင်းလင်? မျက်နှာကြီးရဲနေတာပဲ ?ဘာဖြစ်တာလဲ"

ကျင့်ရီ ပန်းသီးပုစိကိုချည်ပြီးပြန်လာတော့ ပြုံးစိစိစစ်ကျွေး နဲ့ မျက်နှာရဲတတ်နေတဲ့ဂျင်းလင်ကို တွေ့လိုက်ရသည်လေ။မေးတော့ ဂျင်းရီကမဖြေ။

စစ်ကျွေးကပဲကြားကဝင်ဖြေရတာ့သည်..

"ဘာမှမဖြစ်ပါဘူး ငါစတာ နည်းနည်းလွန်သွားလို့ စိတ်ဆိုးသွားတာ"

"ဘာများစလို့...."

"ကျင့်ရီ!! စပ်စုမနေနဲ့! လာ စားဖိုဆောင်သွားမယ်! စပ်စုနေရင် စားဖိုဆောင်ကဒီတစ်သက်ရောက်မှာမဟုတ်တော့ဘူး!!"

"အာ ဂျင်းလင် ရာ..မင်းကမင်းဦးလေးနဲ့တစ်ပုံစံထဲပဲ အားအားရှိ အော်မယ် ငေါက်မယ် ကောက်မယ် ရိုက်မယ် ပဲ" ကျင့်ရီငေါ့မိလိုက်တော့ ဂျင်းလင်စူပုပ်ပြီးလှည့်ကြည့်လာသည်။ပြီးမှ

"ငါ့ဦးလေးနဲ့ငါကမတူဘူးကွ! ငါကအကျိုးအကြောင်းပြောတာ! ငါ့ဦးလေးကမြင်သမျှပတ်ရမ်းတာ!"

"ရှူး..တိုးတိုးပြောကြ..ကြားသွားရင်တကယ်လာရိုက်နေဦးမယ်" စစ်ကျွေးနည်းနည်းလှန့်လိုက်တော့မှ ဆူဆူပူပူလေး၂ကောင် ပါးစပ်ပိတ်သွားသည်။စစ်ကျွေးကပဲထပ်ပြီး.

"ဟန်ကွမ်းကျွင်းလည်းရှိတယ်ဆိုတော့ ဆူညံပူညံသိပ်မလုပ်ကြတာကောင်းမယ်ထင်တယ်"

ဂျင်းလင်အထွန့်ထတက်သည်..

"အဲ့တာ ကျင့်ရီမစပ်စုရင်မဖြစ်ဘူး.."

"ငါကမင်းမျက်နှာရဲလို့ မေးတာလေ ..ဘာလျှာရှည်တယ်ပြောတာတုန်း"

"ငါကစပ်စုတယ်ပဲပြောတာနော် လျှာရှည်တယ်မပြောဘူး"

"သဘောကတူတူပဲလေ ဂျင်းလင်"

"တူတယ်လို့်ဘယ်သူပြောလဲ ကျင့်ရီ"

စစ်ကျွေးတားလည်း ရန်ဆက်ဖြစ်နေတဲ့ ၂ယောက်ကိုကည့်ပြီး စိတ်ပင်ညစ်လာရသည်..။

"ကဲ နှစ်ယောက်လုံး သွားကူမှာလား မကူဘူးလား?"

ကျင့်ရီရော ဂျင်းလင်းရောပြိုင်တူလှည့်ကြည့်လာပြီး..

"ကူမှာ!"

"ဒါဆိုသွားမယ် ရန်မဖြစ်ကြနဲ့တော့"
.
.
.
.
"ကျန်းချန် မင်းငါ့ကိုအားမကျဘူးလား"

Uncle Jiang will Scold us!Where stories live. Discover now