Part 3

3.6K 260 8
                                    


Kim Group ရဲ့ပိုင်ရှင် ဥက္ကဌကြီး Kim သေဆုံးသွားပြီဟူသောသတင်းမှာ စီးပွားရေးနယ်ပယ်ကြားမှာသတင်းပျံ့နှံလျက်။ Media များသည်လည်း ထိုသတင်းအားစိတ်ဝင်စားမှုမြင့်တက်စေရန်အတွက်အမျိုးမျိုး၊အဖုံဖုံ ရေးလျက်။သို့ပေမယ့် Kim Group ရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူကတော့ငြိမ်နေပါသည်။

သေဆုံးချိန်ဟာဖြင့် ၆ ရက်ခန့်ကြာမြင့်နေသည်ဖြစ်သော်လည်း အမွေဆက်ခံသူ Kim Taehyung ဆိုသည်အမျိုးသားငယ်မှာတော့ Media များအားအကြောင်းကြားခြင်းတစ်ချက်မပြုသလို၊ကြေကွဲဝမ်းနည်းနေပါကြောင်းလည်းတစ်ခွန်းမျှမပြောသေးချေ။ပုံမှန်ဆိုလျှင်သတင်းစာရှင်းလင်းပွဲလုပ်၍ ကြွေကွဲနေရမည့်အချိန်မဟုတ်ပါလား။ယခုတော့ မီးသဂြိုလ်သည့်နေ့တုန်းကသာမြင်လိုက်ရပြီးယခုထိဘာအကြောင်းမျှဆက်မရှင်းပြလာသောကြောင့် Media တစ်ခုလုံးကအံသြမှင်သက်လျက်ရှိနေသည်။

ထိုစဥ် Kim Group ၏အပိုင်ဖြစ်သော သတင်း Media ဌာနတစ်ခုမှ သေဆုံးသူ၏ရက်လည်အားပြုလုပ်မည်ဖြစ်၍ဖိတ်ကြားထားခြင်းမမည်သောအကြောင်းကြားစာအားတွေ့လိုက်ရခြင်းကြောင့် မနက်ဖြန်ထိုနေရာသို့သွားရန်ပြင်ဆင်ရတော့ပေသည်။

Jeon အိမ်တော်၏မိသားစုထမင်းစားဝိုင်းတွင်ဖြစ်သည်။
"Jungkook"

"ဟုတ်ကဲ့ Daddy"

"မနက်ဖြန် ဥက္ကဌကြီး Kim ရဲ့ရက်လည်သွားရမယ်။မင်းလိုက်ခဲ့"

"ဟုတ်ကဲ့ပါ"
Kim Group ဆိုတာခပ်ချေချေ CEO လေးဦးစီးသောကုမ္ပဏီဟုနာမည်ကြီးသည်။
ဤသည်ကလည်းမနာလိုသူများပြောသောစကားစုသက်သက်သည်သာ။ လူတွေဆိုတာကပါးစပ်ထဲရှိရာလျှောက်ပြောနေတက်သည့်သူတွေပင်မဟုတ်လား။

အတွေးယဥ်ကြောကိုရပ်ကာ ထမင်းလက်ကျန်ကိုကုန်အောင်စားသောက်ပြီး ကိုယ်ပိုင်အခန်းလေးရှိရာကိုသာတက်သွားလိုက်တော့သည်။ ယနေ့အတွက်ခန္ဓာကိုယ် ကိုအသုံးပြုနေရတာများနေလေပြီဖြစ်သည်။ခန္ဓာကိုယ်ကိုအနားပေးရတော့မည်အချိန်။
>>>>>

အဘိုးဆုံးပြီး၇ရက်အကြာ၊ Media များကတော့အံသြနေလောက်ပြီထင်၏။ နဂိုကတည်းကအပိုအလုပ်တွေမလုပ်တက်သောအကျင့်ကြောင့် အဘိုးဆုံးပြီဟုသာသတိပေးထားခဲ့သည်။ မီးသဂြိုလ်ပြီးနောက် အိမ်တွင်ရှိသောလူအနည်းစုနှင့်ရှေ့နေများဖြင့်သာ အသုဘကိုပြုလုပ်ခဲ့သော်လည်း သေတမ်းစာအားဖွင့်ပြပေးရန်လို၍ စီးပွားရေးသမားများနှင့် Media များကိုပါဖိတ်ကြားရမည်ဟု ရှေ့နေ၏စကားကြောင့် ကုမ္ပဏီပိုင်သတင်းဌာနတစ်ခုသာကဆက်သွယ်လိုက်ရသည်။လာ၏၊မလာ၏ ကသူတို့အပိုင်း။လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ပေးရမှာပဲ။

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now