Part 12

2.2K 164 0
                                    

Unicode

Flashback....
Taehyungအထက်တန်းစတက်သောနေ့၊ မူလတန်းကစ၍ယနေ့အထက်တန်းတက်ရောက်သည့်အချိန်အထိဒီကျောင်းတွင်သာတက်ခဲ့ခြင်းကြောင့်မည်သူ့ကိုမှကြောက်ရွံခြင်း၊ရှိန်နေခြင်းမရှိ ဆရာ၊ဆရာမတွေအပါအဝင်ပေါ့။ ကျောင်းရဲ့ရှယ်ယာအများဆုံးပိုင်ရှင်ရဲ့မြေးကိုမည်သူကဘူလီလုပ်ရဲသလဲ။ ထိုသို့လုပ်သောသူကတော့သေချာပေါက်ဦးနှောက်မရှိသည့်လူဖြစ်ပေလိမ့်မည်။

ထုံးစံအတိုင်းဘောင်းဘီအိတ်ကပ်ထဲသို့လက်တစ်ဖက်အားထည့်ကာလမ်းလျှောက်လာသောသူ့ကို အထက်တန်းအချင်းချင်းသာမကအလယ်တန်းကကျောင်းသူများကပါကြည့်၍ 'ဝိုးဝိုးဝါးဝါး' ဖြင့်။အချေမင်းသားKim Taehyungကတော့ခံစားချက်ကင်းမဲ့နေသောမျက်နှာသေဖြင့်သာ။

"အားလုံးပဲ ဒီထဲအတန်းထဲကိုကျောင်းသားသစ်ရောက်လာတယ်။ သားမိတ်ဆက်လိုက်ပါဦး"

"မင်္ဂလာပါPark Jiminပါ ရှေ့လျှောက်ကူညီပေးကြပါဦးသူငယ်ချင်းတို့"
ထိုသို့ဖော်ရွေစွာမိတ်ဆက်သောကျောင်းသားသစ်အားအတန်းထဲကလူများကအင်းမလုပ်အဲမလုပ်ဖြင့်။ တချို့ဆိုနှာခေါင်းရှုံ၍ပါကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော်ထိုကျောင်းသားသစ်ရဲ့ခန္ဓာကိုယ်ပေါ်ကအဝတ်အစားနွမ်းနွမ်းကြောင့်ဆိုတာကိုTaehyungသဘောပေါက်ပါသည်။

ဒါပေမဲ့သူတို့မသိသည်လားအထက်တန်းပထမနှစ်ရဲ့အတန်း(A)ခန်းအားတော်ရုံလူကဝင်ရောက်၍မရဆိုတာ။ အတန်း(A)မှာရှိတဲ့ကျောင်းသား၊ကျောင်းသူတိုင်းသည် စီးပွားရေးလုပ်ငန်းရှင်တိုင်း၏သားသမီးတွေသာ။ စာတော်၏၊မတော်၏ ကနောက်တွင် ဂုဏ်ဒြပ်များကသာဒီအတန်း၏ဂုဏ်ဆောင်။

"သား ကျောင်းသားKimဘေးမှာသွားထိုင်"

ဆရာမ၏အမိန့်ကြောင့်သူ့ဘေးသို့ရောက်လာသောကျောင်းသားသစ်။ ပုပုသေးသေး၊မျက်နှာပေါ်၌အပြုံးချိုချိုဖြင့်ဖုံးကွယ်ထားသောနောက်ကွယ်၌ Kimမျိုးရိုးနှင့်တန်းတူရင်ဘောင်တန်းနိုင်သောမျိုးရိုးတစ်ခုရှိသည်ဆိုတာကိုရိပ်မိသည်။ အရိပ်အခြေမကြည့်တက်သောကျောင်းသားတစ်စုကတော့ထိုကျောင်းသားသစ်အားခြေထိုးခံကာမှောက်ယက်လဲစေသည်။ သို့ပေမဲ့...

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now