Part 14

2.3K 151 0
                                    

Unicode

"Kim"
Taehyungအိမ်ထဲဝင်ခါနီးကြားလိုက်ရသောခေါ်သံလေးကြောင့်တောင့်တောင့်ကြီးရပ်နေမိသည်။ Taehyungသူ့ကိုတကယ်လွမ်းနေခဲ့တာ၊ သူ့ရဲ့ခေါ်သံလေးကိုရော၊ သူ့ရဲ့ကြင်နာမှုတွေနဲ့ပြည့်နေတဲ့မျက်ဝန်းလေးတစ်စုံကိုရောနောက်ပြီးသူ့ရဲ့နွေးထွေးတဲ့ထွေးပွေ့မှုလေးရောပေါ့။ ခေါ်နေသည်ကိုပြန်မထူးပဲနောက်လှည့်ကာထိုလူသား၏ရင်ခွင်ထဲသို့တိုးဝင်မိသည့်အခိုက် လိုချင်နေသောနွေးထွေးမှုတစ်စုံတစ်ရာရရှိလိုက်သလို၊ တန်းတူဖြစ်နေသောအရပ်အမောင်းကြောင့်ရင်ခွင်ထဲတိုးဝင်၍မရသော်လည်းပခုံးပေါ်သို့ခေါင်းအားမှောက်ထားကာ သူ့ခါးအား လွှင့်ထွက်တော့မည့်အရာတစ်ခုအားဖမ်းဆုပ်ထားသလို တင်းတင်းကြပ်ကြပ်ဖက်ထားမိသည်။

ကိုယ်တစ်ဦးတည်းသာပိုင်သောအမည်နာမလေးအားခေါ်လိုက်သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိပဲတောင့်တောင့်ကြီးရပ်နေသောလူသားလေးကြောင့်စိတ်ဆိုးနေသည်အထင်နှင့်ထပ်ခေါ်ရန်ပြင်လိုက်သော်လည်း ရင်ခွင်ထဲတိုးဝင်လာသောကိုယ်လုံးလေးကြောင့်ကြောင်အသွားခဲ့ရသည်။ နွေးထွေးမှုပေးသောလက်နှစ်ဖက်ကလေထဲ၌မြှောက်လျက်နေ၍ရင်ခွင်ထဲရောက်လာသောကိုယ်လုံးလေးအားကြောင် အ ကာငေးမောကြည့်မိနေစဥ် သူ့ခါးအားလွှင့်ထွက်မတက်ဖက်ထားသောထိုလူသားလေးကြောင့် သတိပြန်ဝင်လာကာစိတ်ပင်ပန်းနေသောမြတ်နိုးရသူ၏ကျောလေးကခပ်ဖွဖွပွတ်ပေးမိသည်။ ညီလေးကိစ္စအားဖခင်ဖြစ်သူကိုသွားရှင်းပြပြီးပြန်လာသောသူ့ကို သူငယ်ချင်းဖြစ်သူWoojinက မြတ်နိုးရသူရဲ့အကြောင်းမှန်သမျှကိုပြောပြဖြင့်အလောတကြီးဒီလူသားလေးရှိရာသို့ရောက်လာခြင်း။ စိတ်ရှုတ်စွာနှင်ထုတ်မည်ဟုတွေးထင်ထားသော်လည်း မေတ္တာငတ်နေသည့်ကလေးတစ်ယောက်သဖွယ်ရင်ခွင်ထဲအတင်းတိုးဝင်နေသူလေးကြောင့်ရင်ခွင်ထဲရှိကိုယ်လုံးငယ်လေးအားပိုတိုး၍ဖက်လိုက်ရင်း ရှာဖွေနေသည့်နွေးထွေးမှုတစ်စုံတစ်ရာအားအပြည့်အဝထုတ်ပေးနေမိသည်။ ကျွန်တော်ရဲ့စစ်မှန်သောချစ်ခြင်းတရားတွေကြောင့်မြတ်နိုးရတဲ့ဒီလူသားလေးစိတ်ပင်ပန်းမှုတွေပျောက်ကွယ်ပါစေ။ ထိုစဥ် ကောင်းကင်ပေါ်မှကြွေဆင်းလာသောကြယ်တစ်လုံး၊ ကြည့်ရတာချစ်တက်လွန်းသူ၏ဆုတောင်းအားအမှောင်ယံညများအားအလင်းပေးနေသူကကြားသွား၍ထင်သည်။
.
.
.
.
.
"Kimအဆင်ပြေရဲ့လား"
စကားပြန်ပြောခြင်းမရှိပဲဖြေးညင်းစွာခေါင်းညိမ့်ပြသောလူသားလေးအားJungkookအမှန်တကယ်ပင်စိတ်ပူနေပါသည်။ ကိုယ်ရေးကိုယ်တာကိစ္စအားဝင်စွပ်ဖက်၍မကောင်းလို့သာ၊ မဟုတ်ရင်ဖြစ်သမျှအကုန်မေးပြီးဒီလူသားလေးကိုစိတ်ဆင်းရဲအောင်လူမှန်သမျှကိုငရဲထက်ဆိုးတဲ့ဘဝကိုခံစားရစေချင်တာ။

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now