Part 7

2.8K 211 2
                                    

Unicode

Warning⚠

ဆေးမိနေသည်ဟုသိသိချင်းခေါ်သွားဖို့လုပ်ရသည်က ဂျောင်ကုရဲ့ကိုယ်ပိုင်ကွန်ဒို။ ကားမောင်းနေစဥ်တစ်လျောက်လည်း ပွတ်သီးပွတ်သပ်လုပ်နေသောထယ်ယောင်းကြောင့်ဂျောင်ကုစိတ်ကိုမနည်းထိန်း၍ကားမောင်းခြင်းကိုသာအာရုံစိုက်နေရသည်။ မကြာမီအချိန်အတွင်းကွန်ဒိုသို့ရောက်လာ၍ တိုက်ခန်းထဲသို့ခေါ်သွားရန်ပြင်မိတော့ Necktie အားဆွဲချွတ်ကာ လက်ကဘောင်းဘီနေရာသိုဦးတည်နေသဖြင့် အလျင်အမြန်ပင်ပွေ့ချီကာခေါ်သွားရပေသည်။

အရပ်အမောင်းချင်တူ၊ ခန္ဓာကိုယ်အလေးချိန်ချင်းသိပ်မကွာသော ယောင်္ကျားပျိုတစ်ယောက်အားချီရသည်မှာဂျောင်ကုအတွက်မသက်သာပေ။ သို့ပေမဲ့ဒီလူသားလေးက Kim Taehyung ဖြစ်နေသည်မဟုတ်လား။ ဓာတ်လှေကားထဲခဏအမောဖြေနေစဥ် ဂျောင်ကုရဲ့နှုတ်ခမ်းကိုလှထိသော နူးညံ့သောအထိအတွေ့လေး။ ဂျောင်ကုမျက်လုံးတွေတောင်ပြူးသွားရသည်၊
*အခု Kim.. Kim ကငါ့ကိုနမ်းနေတာလား?*
​ကြောင် အ ကာ လှုပ်ရှားမှုမရှိပဲရပ်တန့်နေစဥ်...
"တစ်ဖက်လူကနမ်းနေရင်ပြန်နမ်းရမယ်လေ ဂျွန်ဂျောင်ကုရဲ့"
မျက်လုံးချင်းစုံကာကြည့်လာသောရီဝေဝေအကြည့်များနှင့်ပါးပြင်တလျှောက်အားပွတ်သပ်လာသောလက်များကြောင့် ဂျောင်ကုချက်ချင်းပင်ဆွဲနမ်းလိုက်ချင်သော်လည်း Kim ကမူးနေသည်လေ။ သူအလျင်စလိုလုပ်လို့မှမရတာ။

"Kim မူးနေပြီထင်တယ် ခဏနော် ကိုယ်အဆင်ပြေအောင်လုပ်ပေးမယ်"
ထိုသို့ပြောလိုက်တော့ ရုတ်တရက်စူးရဲကာခတ်ထန်သွားသောမျက်လုံးတစ်စုံ၊

"ငါမမူးဘူး ငါဆေးခတ်ခံရတာလည်းသိတယ် ဝိုင်လေးနှစ်ခွက်သောက်ရုံနဲ့ငါကမူးစရာလား ဟမ်"

"ဒါ ဒါဆို Kim က..."
ဂျောင်ကုဆက်ပြောမည့်စကားတွေအားလုံးရပ်တန့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ကင်မ်ထယ်ယောင်း၏စိတ်မရှည်သလို "ကျစ်" ခနဲအသံနှင့်အတူ ဂျောင်ကု၏အင်္ကျီအားဆွဲကာ အတင်းအကြပ်ဆွဲနမ်းလိုက်ခြင်းကြောင့်။

ဓာတ်လှေကားအတွင်းထဲ၌ ပြင်းထန်စွာနမ်းရှိုက်နေကြသောယောင်္ကျားပျိုနှစ်ဦး။ ငယ်ရွယ်သူများဖြစ်သည့်အလျောက် သက်လုံအားကောင်းခြင်းကိုအသုံးပြုနေကြသောထိုယောင်္ကျားများ။

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now