Part 19

2.2K 150 0
                                    

Unicode

နောက်ဆုံးတော့ဒီရက်ကိုရောက်ခဲ့ပြီ။ Jeon Company အားသိမ်းယူမည့်နေ့၊တနည်းအားဖြင့်လောဘသားတွေပျက်သုန်းမည့်နေ့။ Companyထဲသို့ဟိတ်ကြီးဟန်ကြီးဖြင့်ဝင်လာသောHan Yunaဆိုသောအမျိုးသမီးနှင့် နောက်လိုက်တသိုက်၊ ထို့အမျိုးသမီးဘေးတွင်တော့လူအားလုံးရဲ့ရွံရှာနေသောအကြည့်များအားမနေတက်သလိုပြုမူနေသော Jeon Dohyun.

"မင်္ဂလာပါ Jeonဥက္ကဌကြီး"

"မင်းလိုလူနဲ့မျက်နှာချင်းဆိုင်စကားပြောနေရကတည်းကငါ့မှာမင်္ဂလာဆိုတာမရှိတော့တာ"

ခပ်ရွဲ့ရွဲ့ပြောလိုက်သောစကားသံအဆုံးHan Yunaမျက်နှာဟာ ဒေါသကြောင့်ပေါက်ကွဲမတက်။ သို့ပေမဲ့စိတ်လျော့ဟန်အသက်ပြင်းပြင်းရှုသွင်းရင်း...

"လာရင်းကိစ္စကိုတော့ပြောမနေတော့ပါဘူး လက်မှတ်ထိုးဖို့စီစဥ်ပေးပါ"

"ငါကငါ့Companyကိုအသုံးမကျတဲ့လူလက်ထဲ လွယ်လွယ်နဲ့ထည့်ပေးမယ်ထင်နေတာလား"

ထိုစကားကိုတော့ သားဖြစ်သူJeon Dohyunအားကြည့်ကာဆိုလိုက်ခြင်း။ ထိုစကားကြောင့် Dohyunရဲမျက်နှာဟာလည်းပြိုကျတော့မည့်မိုးလို။

"အေးဆေးပြောနေတုန်းလက်မှတ်ထိုးလိုက်ပါ"
တဖြည်းဖြည်းနှင့်တင်းမာလာသောအခြေအနေများကြားတွင် Company ဝန်ထမ်းများကကြောက်ရွံဟန်အကြည့်များဖြင့်။ ဝန်ထမ်းများကြောက်လည်းကြောက်ချင်စရာပေ အဘယ်ကြောင့်ဆိုCompanyအားမတရားယူရန်ကြံနေသောHan Yuna၏နောက်လိုက်တချို့တွင်လက်နက်တချို့များပါနေခြင်းကြောင့်သာ။ 'အလကားလက်နက်အားကိုးနဲ့ဖင်ယားနေတာ'
Woojinစိတ်ထဲမှခပ်ရွဲ့ရွဲ့တွေးလိုက်မိသည်။

သို့ပေမဲ့ထိုစကားများကိုတော့စိတ်ထဲတွင်သာသိမ်းထားလိုက်ရသည်။ သူတို့ကိုကြောက်လို့တော့မဟုတ်သေနတ်ပြူးပြူးကြီးကြောင့်အချိန်မတိုင်ခင်အနိစ္စသဘောနှင့်ကိစ္စလျောသွားမည်ကိုကြောက်၍။ 'သေလို့မဖြစ်သေးဘူးမိန်းမယူရဦးမယ်' ထိုသို့ပြက်ချော်ချော်အတွေးကိုတွေး၍Woojin၏မျက်နှာဟာလည်းပြုံးစိစိ။

ဝန်ထမ်းတချို့ကတော့ပြုံးစိစိလုပ်နေသောCEOရဲ့အတွင်းရေးမှူးဖြစ်သူအားကြည့်၍အံသြမှင်သက်လျက်။ သူတို့ကကြောက်နေတာကိုဘာကြောင့်အတွင်းရေးမှူးSeoကပြုံးစိစိလုပ်နေရတာလဲ။ လက်နက်ကိုင်ထားတဲ့သူများမြင်သွားမည်စိုး၍ခါးနားအားတံတောင်ဖြင့်ထိုးမိတော့'သိပါ။တယ်'ဟူသောမျက်နှာပေးနှင့်မျက်စောင်းထိုး၍ကြည့်လာလေသည်။

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//जहाँ कहानियाँ रहती हैं। अभी खोजें