Part 5

3.1K 200 0
                                    


လက်တွဲဖော်ရှာတွေ့မှအမွေတစ်ဝက်ရမည်တဲ့လား။ အဟက် Kim Taehyung ကိုအဖိုးကသိပ်အထင်သေးသွားတာပဲ အမွေတစ်ဝက်မရလို့ကြုံရာမိန်းမကောက်ယူတဲ့အထဲ အဖိုးမြေးမပါဘူးအဖိုး။ ဒါပေမဲ့ပြဿနာဖြစ်နေတာက ဒယ်ဂူကအဆောက်အဦး။ ထိုမြေနေရာနှင့်ထိုအဆောက်အဦးကိုရဖို့ နေ့မအိပ်ညမအိပ်ကြိုးစားခဲ့ရတာ သူအသိဆုံး။ အဖိုးကသိပ်လည်သည်၊သူ့အမွေတစ်ဝက်အားမရလည်းကိစ္စမရှိသော မြေးဖြစ်သူအကြောင်းကိုသိနေ၍ ဒယ်ဂူကအဆောက်အဦးနဲ့ခြိမ်းခြောက်ခဲ့ခြင်း။ စိတ်ထဲဒေါသထွက်သွားပေမဲ့ အတက်နိုင်ဆုံးစိတ်ကိုထိန်းကိုထိန်း၍ရက်လည်အားပြုလုပ်ပေးလိုက်ပါသည်။ အဖိုးရက်လည်မှာဒေါသထွက်နေလို့မကောင်းဘူးမလား။

"CEO Kim shi ဒီဘက်ကတော့ Jeon Group ရဲ့ဥက္ကဌကြီးဂျွန်မိုယောင်း ဖြစ်ပြီး သူ့ဘေးကတော့ Jeon group ရဲ့သားအကြီးဆုံး Jeon Jungkook ပါ"

"တွေ့ရတာဝမ်းသာပါတယ် မောင်ရင်"

"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်"
ရက်လည်အခမ်းအနားပြီးဆုံးသွား၍ သိမ်းစရာရှိသည်များအားညွှန်ကြားနေတုန်းအနားသို့လာရောက်မိတ်ဆက်မှုကြောင့်ကြည့်လိုက်တော့ ဥက္ကဌကြီးဂျွန်မိုယောင်း။ အဖိုးဖြစ်သူနှင့်ရင်းနှီးသောဆက်ဆံရေးကြောင့်ပြန်လည်ကာလက်ဆွဲနှုတ်ဆက်လိုက်ပြီး သူ့ပြောမည့်စကားတွေကိုသာနားထောင်ရန်မျက်နှာချင်းဆိုင်လိုက်သည်။ သူ့ဘေးကသူ့ရဲ့သားဆိုသည့်လူကိုတော့ တစ်ချက်မျှသာကြည့်လိုက်သည်။

Daddy နှင့်သာလက်ဆွဲနှုတ်ဆက်ပြီးသူ့ကိုတော့မသိချင်ယောင်ဆောင်နေသောမာနခဲလေးအားကြည့်၍ Jungkook နှုတ်ခမ်းတွန့်ရုံမျှပြုံးမိသည်။ တယ်လည်းချေနိုင်လွန်းတဲ့မာနခဲလေး။

"အင်း ယောင်းဆူကရုတ်တရက်ကြီးဒီလိုဖြစ်သွားတော့ဥက္ကဌကြီးလည်းဘာပြောရမှန်းတောင်မသိတော့ပါဘူးကွယ်"

"ဟုတ်တယ် အဖိုးရဲ့နှလုံးရုတ်တရက်ကြီးထဖောက်တာဆိုတော့ ပြင်ဆင်ချိန်လည်းမရလိုက်ဘူးလေ"
အင်းပြောလည်းပြောချင်စရာပဲလေ အဖိုးကအသက်ငယ်ငယ်နဲ့မိန်းမရသွား၍သာမြေးတစ်ယောက်ရှိနေတာ အခုမှအသက်၆၀ ကျော်စွန်းစွန်းပဲရှိသေးတာကိုး။

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now