Part 9(2)

2.5K 176 3
                                    

Unicode

"Jeon Jungkook အေ့ မင်းကဘာမို့လို့အမြဲအနိုင်ရနေရတာလဲ အေ့ မင်းကအခုငါ့နှလုံးသားရေးအထိပါဝင်ရှုတ်နေပြီပဲ ဟက်ဒီကိစ္စမှာတော့ငါမင်းကိုလုံးဝအနိုင်ရစေရမယ်"

Bar တွင်အရက်သောက်နေသော Dohyun. Jeon Group အပိုင်ဖြစ်သည့်အပြင်Jeon သခင်ကြီးမှသူ့ကိုအပိုင်ပေးထားသောBarဖြစ်နေခြင်းကြောင့် မူးရူးကာသောင်းကျန်းနေခြင်း။ Bisexual ဖြစ်ခံယူထားသောလူတစ်ယောက်အနေဖြင့် မိန်းကလေးများသာမကယောင်္ကျားပျိုလေးများနှင့်ပါတွဲသော Dohyunသည် Kim Groupရဲ့လက်အောက်၌အလုပ်လုပ်နေသော သူ၏ရည်းစားအားအကြိုအပို့လုပ်ပေးရင် Kim Groupရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူလေးအားမြင်မြင်ချင်းချစ်မိပါသည်ဆိုလျှင်။သို့သော်သူနှင့်အပြိုင်ဖြစ်လာသည့်လူတစ်ယောက်၊ယနေ့Kimသခင်လေးအားသွားရောက်ပိုးပန်းရန်ပြင်နေစဥ် Kimသခင်လေး၏ကားဘီးအားဖောက်နေသောပြိုင်ဘက်တစ်ယောက်အားတွေ့ရှိခဲ့ရသည်မဟုတ်လား။ထိုလူအားပညာပေးရန်ပြင်လိုက်စဥ်ရုတ်တရက်မြင်လိုက်ရသောသူ့မျက်နှာကြောင့် အံသြသွားသည်ကအမှန်ပင်ဖြစ်သည်။အံသြ၍ပင်မဆုံးသေး၊Kimသခင်လေးနှင့်စကားပြောဆိုကာ ကားပေါ်တက်သွားသောKimသခင်လေးကြောင့် လက်သီးအားတင်းတင်းဆုပ်ကာတောက်ခတ်မိသည်အထိ။

အမှန်ဆိုလျှင်Dohyunသည်အရာအားလုံးပြည့်စုံနေသည်မဟုတ်သော်လည်း တော်သည့်အချက်များလည်းရှိပေသည်။Jeonသခင်ကြီးသည်လည်းJeonသခင်လေးပြီးလျှင်Dohyunကိုအချစ်ဆုံးဟုသတ်မှတ်ရပေမည်။ငယ်စဥ်ကတည်းကလိုချင်တာပူဆာလိုက်ရုံဖြင့်ချက်ချင်းရသည့်အနေအထားတွင်သာရှိပြီး ဖူးဖူးမှုတ်ထားခံရသောကလေးတစ်ယောက်ဖြစ်ပေသည်။သို့သော်သူသည်အရာရာမှာပြည့်စုံလွန်းသောလူနှင့်ကိုယ့်ကိုကိုယ်နှိုင်းယှဥ်၍အမြဲအလိုမကျဖြစ်တက်ပြန်သည်။ကြိုးစားလျှင်ဒီထက်မကအောင်မြင်မည့်သူဖြစ်ပါလျက်နှင့်အပျော်အပါးသာလိုက်စားနေသူတစ်ယောက်လည်းဖြစ်ပေသည်။လောကနိယာမအရ မကြိုးစားပဲဘယ်အရာမျှရနိုင်မည်မဟုတ်ပါလော။



"Ceo Jeon Groupရဲ့သခင်လေးရောက်နေပြန်ပါပြီ လာမတွေ့ရင်ဧည့်ကောင်တာမှာပဲထိုင်နေမယ်လို့ပြောတယ်"

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now