Part 6

2.9K 212 2
                                    


ည၇နာရီခန့်၊
လူကုံထံအသိုင်းအဝိုင်းရဲ့မွေး​နေ့ပါတီဆိုသည့်အတိုင်း လာရောက်သူများပြား၍ဝတ်ဆင်ထားသည်များမှာလည်းအထက်တန်းကျကျ။ မွေးနေ့ရှင်ဟန်ယူနာနှင့်သူ့မိဘတို့မှာလည်း ကြွရောက်လာသောဧည့်သည်များအား အပြုံးတုဖြင့်ဧည့်ဝတ်ကျေအောင်ဧည့်ခံနေရပေသည်။ သူတို့လိုချင်တာဒီလူတွေမှမဟုတ်ပဲ။ ဟန်ယူနာ့စိတ်ထဲသူစီစဥ်ထားသောကိစ္စရပ်များအား ပြန်လည်တွေးခေါ်ရင်းမျက်နှာထက်အပြုံးတစ်ခုဖြင့်။ထိုသည်ကိုမြင်လိုက်ရသော ဟန်ယူနာ၏ဖခင်ဖြစ်သူမှာ မျက်နှာပေါ်တွင်အပြုံးမပျက်လျက် ခတ်ထန်သောစကားလုံးဖြင့်မေးလေတော့သည်။

"ဟန်ယူနာ မင်းကိုဒီပွဲလုပ်ပေးတာ မင်းစီစဥ်တဲ့ကိစ္စကိုအကောင်အထည်ဖော်နိုင်အောင်ကြိုးစားဖို့ပဲ၊မရရတဲ့နည်းနဲ့ပေါ့"

"စိတ်ချပါ ဥက္ကဌဟန် ယူနာကဒီကိစ္စကိုဘယ်လိုနည်းနဲ့မှအပျက်စီးခံမှာမှမဟုတ်တာ၊ ဟုတ်တယ်မလားသမီး"

"ဒါပေါ့အမေရယ် သမီးကဒီကိစ္စကိုလက်လွှတ်ခံပါ့မလား"
*သမီးကောင်းစားဖို့ကိစ္စပဲလေ* ထိုစကားကိုတော့စိတ်ထဲကနေမဲ့ပြုံးဖြင့်သာဟန်ယူနာပြောလိုက်သည်။ ဒီမိသားစုအတွင်းမှာကျွန်သာသာဆက်ဆံခံနေရတဲ့ဘဝအစား အကျင့်မကောင်းတဲ့ဗီလိန်ဘဝကိုသာကောင်းကောင်းကြီးခံစားမှာပေါ့အမေရယ်။

အဝေးလှမ်းမြင်နေရသော သားအမိ၊သားအဖသုံးယောက်ရဲ့ပုံစံမှာ အဖေနဲ့အမေက သူ့သမီးကိုပြုံး၍စကားပြောနေကြသည့်ပုံစံ။ မွေးနေ့ပွဲကိုလာသည့်လူတိုင်းကလည်းထိုအနေအထားကိုပြုံး၍ကြည့်နေကြသည်။ သို့ပေမဲ့ထိုအထဲတွင်ထယ်ယောင်းမပါပေ။ တကယ့်မိသားစုအစစ်အမှန်ရဲ့အရသာကိုထယ်ယောင်းမသိပေမဲ့ အတုအယောင်တွေကိုတော့ထယ်ယောင်းကောင်းစွာသိသည်လေ။ ဘာအကြောင်းအရာကိုပြုံး၍ပြောနေမှန်းမသိပေမဲ့ မျက်လုံးတွေကခက်ထန်ကာအသက်မဝင်သည်ကသိသာလွန်းနေသည်မဟုတ်လား။ ဒါပေမဲ့ဒါကသူ့ကိစ္စမဟုတ်ပြန်ဘူးလေ။ သူ့ကိစ္စကမွေးနေ့ပါတီကိုလာတယ်၊ မွေးနေ့လက်ဆောင်ပေးမယ် ပြီးရင်ပြန်မယ်ဒါပဲမဟုတ်လား။

"မွေးနေ့မှာပျော်ရွှင်ပါစေ ဟန်ယူနာရှီ ဒီမှာမွေးနေ့လက်ဆောင်ပါ"

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now