Part 10

2.5K 177 2
                                    

Unicode

"Kimကိုယ့်ကိုဘာကြောင့်ရှောင်နေတာလဲ"
ဆိုဖာပေါ်၌ထိုင်ကာသူ့အားတရားခံတစ်ယောက်လိုစစ်မေးသူကြောင့်Kim Taehyungနှာခေါင်းရှုံမိလိုက်သည်။ ထိုအမူအရာကိုမြင်လိုက်ရသူတစ်ဦးကတော့ Taehyungအားယုန်သွားများပေါ်သည်အထိပြုံး၍ကြည့်နေခဲ့ပါသည်။

"ဒီမှာခင်ဗျား အလုပ်မရှိဘူးလား အားနေကျွန်တော့်ဆီလာနေမဲ့အစားအလုပ်ကိုပိုလုပ်သင့်တယ်"

"ဟူး...ဒါကဒီလိုရှိတယ်Kimရဲ့..."
သက်ပြင်းတစ်ချက်ချကမှိုင်တွေတွေဖြင့်ပြောလာသောသူကြောင့်Taehyungအာရုံစိုက်ကာနားထောင်ပေးမိသည်။အကူအညီတစ်စုံတစ်ရာလိုအပ်ခဲ့သည်ရှိသော်ကူညီပေးရမည်လေ။ ဒီတိုင်းသူ့အဖေနဲ့အဖိုးကသူငယ်ချင်းတွေမို့ကူညီပေးရုံပါ တခြားဘာစိတ်မှမရှိပါဘူး။

"အလုပ် လုပ်မယ်ကြံလိုက်တိုင်း ပေါ်လာတဲ့Kimမျက်ဝန်းလေးရယ်၊အစည်းအဝေးပွဲတွေမှာထိုင်လိုက်တိုင်းကိုယ့်စိတ်ကူးထဲပေါ်လာတဲ့Kimရဲ့နှုတ်ခမ်းပါးလေးတွေရယ် ဟူး...မလွယ်ပါဘူးKimရယ်...."

Taehyungတစ်ယောက်ကတော့ဆိုဖာပေါ်မှိုင်တွေကာပြောနေသူအားကြောင်ကြည့်ကာဆွံအလျက်။ထိုပုံစံလေးကိုကြည့်ကာJungkookက...
"အဲ့ဒါကြောင့်လေKimက ကိုယ့်ကိုတာဝန်ယူပေးရမယ်ထင်တယ်"

"ခဏ ခဏနေစမ်းပါဦး ခင်ဗျားအလုပ်မလုပ်နိုင်တာနဲ့ကျွန်တော့်မျက်လုံး၊နှုတ်ခမ်းနဲ့ဘာဆိုင်လို့လဲ"

"အရမ်းလှနေလို့လေ"

"..........."

"ပြီးတော့.. အရမ်းစွဲမက်ဖွယ်ကောင်းလို့"
အသံကိုတမင်ရှည်ဆွဲကာပြောလိုက်သူကြောင့်Taehyung၏ကြက်သီးမွှေးလေးများတောင်ထောင်လျက်။

"ခင်ဗျားထွက်သွားလိုက်တော့"

"အရင်ဆုံးအခေါ်အဝေါ်ကိုပြင်ရမယ် ဘာလဲ 'ခင်ဗျား ခင်ဗျား' နဲ့ မင်းလေးထက်အသက်ကြီးတယ်ကွ"

"ခေါ်တာပြင်ရင်ရပြီမလား ပြင်ပေးမယ် လစ်လိုက်တော့"

"ပြောကြည့်ပါဦး ကိုယ့်ကိုဘယ်လိုခေါ်မှာလဲဆိုတာ"

"Jeon.."

"Jeon?"

"ဘာလဲမရဘူးလား မရလည်း...."

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now