Part 4

3.3K 216 2
                                    


အဘိုး၏နောက်ဆုံးခရီးအားနှုတ်ဆက်ရန်အသိပေးထား၍လာရောက်သောသူများအားထယ်ယောင်းစိတ်ရှည်ရှည်နှင့်စောင့်ပေးနေရသည်။ နဂိုကတည်းကစောင့်ရသောအလုပ်ဟုဆိုလျှင်ဘာကိုမျှလုပ်ချင်သည်မဟုတ်။ဒါပေမဲ့ယခုအဘိုး၏ PA လည်းဖြစ်၊ Kim Group ၏ရှေ့နေအပိုင်းကိုလည်းတာဝန်ယူထားသောအဘိုးကြီး၏စကားကြောင့်မရှည်သောစိတ်ကိုဆွဲဆန့်ကာထိုင်စောင့်နေရပေသည်။

အလျှိုလျှိုဝင်လာသောလူများမှာ Hall ခန်း၏ထိပ်ဆုံး၌ထိုင်နေသောအမွေဆက်ခံသူအားသွားရောက်နှုတ်ဆက်ချင်ပါသော်လည်း၊အနားသို့မယောင်မလည်ရောက်သွားသည့်နှင့်တပြိုင်နက်နဂါးမျက်စောင်းကဲ့သို့စူးရှသောအကြည့်များကြောင့် ခြေထောက်အားအမြန်ပြန်လှည့်လိုက်သည်အထိ။ မကြာပါ Hall ခန်းအတွင်းရှိလူများ၏တီးတိုးပြောသံများဆူညံ့လာ၍စိတ်ရှုတ်စွာဝေ့ဝိုက်ကြည့်မိတော့ Jeon Group ပိုင်ရှင်ဥက္ကဌကြီးနှင့်စကားပြောနေကြခြင်း။ Jeon Group မှဥက္ကဌကြီးဂျွန်မိုယောင်း ဆိုသည်မှာအဘိုးနှင့်အလွန်ဆက်ဆံရေးကောင်းသောလူတစ်ဦး။

သို့ပေမဲ့အဖိုးနဲ့ဆက်ဆံရေးကောင်းတာသူနဲ့ကောင်းခြင်းမှမဟုတ်တာ။
"ခင်ဗျားတို့ရောက်နေတာ ဥက္ကဌကြီး Kim ရဲ့အသုဘပါ။စီးပွားရေးမိတ်ဆုံစားပွဲထဲရောက်နေတာမဟုတ်လို့ ခင်ဗျားတို့ရဲ့စီးပွားရေးကိစ္စတွေကိုအခြားတစ်နေရာမှာ သွားပြီးဆွေးနွေးကြဖို့တောင်းဆိုချင်ပါတယ်"

ရုတ်တရက်တိတ်သွားသောအခြေအနေနှင့်သူ့ကိုပြူးကြောင်၍ကြည့်နေသောလူများကြောင့် Kim Taehyung စိတ်ထဲမှခပ်မဲ့မဲ့ပြုံးလိုက်မိသည်။
"ဆူညံတာမကြိုက်ရင် အစကတည်းကငါတို့ကိုမဖိတ်နဲ့လေ"

အို သိပ်ကိုကောင်းတဲ့အကြောင်းပြချက်တစ်ခုပါလား အဟက်။ စိတ်ထဲကတွေးနေရင်း ဟွန်းခနဲ အသံပြုကာအပြုံးမည်သောအပြုံးတစ်ခုကိုနှုတ်ခမ်းပါး၌ချိတ်ဆွဲမိသည်အထိ။ အော်ဒီလူတွေက သူတို့ကို သူတို့အရမ်းအရေးပါသည်ဟုထင်နေပုံရသည်။

"ခင်ဗျားတို့ကို ဘယ်သူမှမဖိတ်ဘူး။ ဒီနေ့ရက်လည်ဆိုတာအသိပေးလိုက်ရုံပဲ"
ထိုကဲ့သို့ပွင့်ပွင့်လင်းလင်းပြောမိတော့လည်း မျက်နှာများပျက်ကာစိတ်ထဲကနေ *ဟွန်းငါတို့မှမလာရင်လူမစည်မဲ့ရက်လည်တစ်ခုများ*
ဟု​ပြောနေသယောင်ဖြစ်နေသည်မို့

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now