Part 20(Final!)

4.4K 183 5
                                    

Unicode

"မြေးငယ် တကယ်ပဲအဘိုးနဲ့ပြန်မလိုက်ချင်ဘူးလား"

"ဟင့်အင်းအဘိုး ငယ်ငယ်ထဲကအဘိုးရဲ့စကားကိုပဲမြေဝယ်မကျနားထောင်ခဲ့ပြီးပြီလေ။ အခုတော့ကျွန်တော့်နှလုံးသားဆန္ဒကိုပဲ လိုက်လျောတော့မယ်။"

ထိုစကားအားလက်တွဲဖော်ဖြစ်သူ၏လက်ချောင်းရှည်ရှည်လေးများအားဆုပ်ကိုင်ကာJiminပြောလိုက်ခြင်း။ ထိုအခါမှသာအဘိုးကစိတ်လျော့ဟန်ပြုမူပြီး...

"မြေးငယ်လေးသဘောအတိုင်းပါပဲကွယ်    အိမ်တော်ကိုလည်းနှစ်ယောက်အတူတူလာလည်ခဲ့ကြပါဦး"

သူ့ဘက်အားကြည့်ကာပြောလာသောကြောင့် Yoongiလည်းကိုယ်ကိုကိုင်းညွှတ်ကာအရိုအသေပေးရင်း တစ်နေ့လာလည်ပါမည်ဟုကတိကဝတ်ပြုလိုက်ရလေသည်။ ထိုအခါမှသာအဘိုးကကျေနပ်သွားသလိုပြုံးရင်းဖြင့် မြေးအကြီးဖြစ်သူဘက်ကိုလှည့်ကာစကားတွေပြောဆိုနေခဲ့လေသည်။ ခွဲခွာရမည့်အချိန်တန်လာလေတော့အားလုံးကိုနှုတ်ဆက်ကာPAဖြစ်သူတွန်းပေးသောဝှ်ိးချဲနှင့် Private Flight ပေါ်တက်သွားလေသည်။ 

Jiminတို့လည်းရှင်းစရာကိစ္စရပ်များမပြီးဆုံးသေးသောကြောင့်လေယဥ်ကွင်း၌ကြာကြာရှိမနေပဲကိုယ်စီကားပေါ်တက်ကုအိမ်ပြန်ခြင်းစီသို့။

"အပြစ်သားHan Yunaအား လူသတ်မှုနှင့်Companyအားလုယူရန်ကြံစည်မှုတို့ကြောင့်ထောင်ဒဏ်၁၀နှစ်ချမှတ်လိုက်သည်။ အပြစ်သားJeon JiAhအား လူတစ်ယောက်အားအချိန်အတော်ကြာပြန်ပေးစွဲမှုနှင့်လူသတ်ကြံရာပါဖြစ်နေခြင်းကြောင့်ထောင်ဒဏ်၈နှစ် ချမှတ်လိုက်သည်။"

တရားရုံးတော်မှတရားစီရင်ချက်အဆုံးအခန်းထဲတွင်စောင့်နေသောရဲမေများမှာအပြစ်သားHan Yunaနှင့်Jeon JiAhတို့အားလက်ထပ်ခတ်ကာဆွဲခေါ်သွားကြလေသည်။ Han Yunaရဲ့မျက်နှာဟာပြိုတော့မည်မိုးလိုဖြစ်နေပေမဲ့Jeon JiAhကတော့ဘာကိုမှကြောက်နေခြင်းမရှိဟန်ဖြင့်။

စကားသွားရန်လည်းအစီအစဥ်မရှိသောကြောင့် တရားလိုနေရာတွင်ထိုင်နေသောသူတို့သည်တရားစီရင်ချက်အဆုံးအိမ်သို့ပြန်ရန်သာပြင်ဆင်နေတော့သည်။

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now