Part 11

2.3K 170 0
                                    

Unicode

Jungkook စံအိမ်ရဲ့ဧည့်ခန်းထဲ၌ခြေချိတ်ထိုင်ကာကော်ဖီအစေ့အားကြိတ်ကာနှပ်ထားသောကော်ဖီခွက်ကိုအရသာခံကာသောက်နေသည်။ ဆံပင်အားပုံစံကျအောင်ဖီးသင်မထားပဲရေချိုးပြီးစပုံစံအတိုင်းချထားကာ အိမ်နေရင်းအင်္ကျီလက်ရှည်နှင့်ဘောင်းဘီအရှည်အားဝတ်ထားသော်လည်းထင်းထွက်နေသောအရှိန်အဝါတစ်ခုကြောင့် အိမ်အကူအမျိုးသမီးလေးများမှာနတ်ဘုရားတစ်ပါးအားဖူးမြော်နေရသကဲ့သို့မျက်လုံးများတလဲ့လဲ့ဖြင့်။ မကြာခင်ကားသော့လေးအားလှည့်ကာလေချွန်၍ဝင်လာသူတစ်ဦးကြောင့်Jungkook၏မျက်နှာမှာပုံမှန်ထက်ပိုတင်းသွားသ​ယောင်။

"အစ်ကိုကြီးရဲ့နောက်ကိုလူလွှတ်နေတာရပ်သင့်ပြီထင်တယ်ညီလေး"
ဧည့်ခန်းအားဖြတ်ကာအခန်းထဲသို့ဝင်ရမည်ဖြစ်၍ဆိုဖာပေါ်ခြေချိတ်ထိုင်နေသောသူအားမမြင်ချင်ယောင်ဆောင်မည်အပြုပေါ်ထွက်လာသောအေးစက်စက်အသံ​ကြောင့်Dohyunတစ်ယောက်နွံထဲရပ်မိနေသကဲ့သို့လှုပ်ရှားမှုကင်းမဲ့လျက်။ အေးစက်ကာမာကြောနေသောစကားသံကြောင့်Dohyun၏ကြောက်စိတ်များထွက်ပေါ်လာသယောင်။

"ငြိမ်နေပုံထောက်ရင်မှန်နေတာပဲ နောက်တစ်ခါဆိုသတိပေးရုံလောက်နဲ့မပြီးဘူး"

ထိုစကားအားပြောကာသူ့အိပ်ခန်းထဲသို့ဝင်သွားသောJungkookကိုကြည့်၍Dohyunစိတ်များဖောက်လာပြီဖြစ်သည်။ ထိုအခါသူ့အားစပ်စုနေသောအိမ်အကူလေးများအပေါ်ဒေါသအားပုံချမိတော့သည်။

"မင်းတို့ကဘာကြည့်တာလဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြ"
သူတို့အားမာန်မဲကာထွက်သွားသောသခင်လေးအားကြည့်ကာအိမ်အကူအမျိုးသမီးလေးများမှာခေါင်းခါလျက်။ သူတို့၏ပညာအရည်အချင်းနှင့်လူကဲခတ်တော်ပုံကြောင့်ဤအိမ်ကြီးမှအလုပ်လုပ်ရသည်ကိုများမေ့လျော့နေသလားပင်။သေချာပေါက်စံအိမ်ကြီးရဲ့အမွေဆက်ခံသူသခင်လေးအားပြဿနာရှာထားခြင်းဖြစ်မည်။ သို့ပေမဲ့စံအိမ်ကြီးရဲ့အိမ်တွင်းရေးပြဿနာများအားပြောပိုင်ခွင့်၊ဝေဖန်ပိုင်ခွင့်မရှိသောကြောင့်တွေ့ခဲ့သမျှအားမေ့ပစ်ကာ အလုပ်သာဆက်လုပ်နေခဲ့ရပေသည်။

𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//Where stories live. Discover now