Ch 1

3.4K 89 0
                                    

ကျောင်းအားကစားခန်းမရဲ့ထောင့်လေးမှာ ကောင်မလေးတစ်ယောက် နားကြပ်လေးတပ်ပြီး you tube ကနေ live လာနေတဲ့ badminton ပွဲလေးကိုကြည့်နေတယ်။ထိုကောင်မလေးဟာ ကောင်မလေးပေမယ့် Tom boy တစ်ယောက်ပါ။ အသားဖြူဖြူ အရပ်က အရမ်းလည်းမပုသလို တအားရှည်တဲ့ထဲလည်းမပါပါဘူး။ GTI ကျောင်းသားဖြစ်တဲ့အတွက် အကျီအဖြူလက်ရှည်လေးကို ‌အနည်းခေါက်တင်ထားပြီး ဘောင်းဘီကတော့ style pant နက်ပြာလေးနဲ့
သူ၏ဖြူဖွေးနူးညံ‌လှသော အသားနှင့် uniform လေးဟာ အရမ်းလိုက်ဖတ်လွန်းနေသည်။ ဒီနေ့မှ သူများနှင့်မတူ ဘဲ necktie အနီရောင်လေးပါစည်းလာလေသည်။  ကြက်တောင်ပွဲကိုကြည့်နေတဲ့ ထိုကောင်လေးမှာ အရမ်းခန့်ညားလွန်းနေသည်။ ကျောင်းမှာရှိသော the whole king တောင် သူ ပြင်ပြင်ဆင်ဆင်နေလိုက်ရင် ဘာမှမဟုတ်တော့ပေ။ ကျောင်းသူလေးတွေရဲ့ အသည်းကျော် ဖြစ်နေလေသည်။ ထိုကောင်လေးနမည် က "လင်းခန့်"တဲ့။ GTI MP major ရဲ့ first year ကျောင်းသားလေးပေါ့။

ထိုသို့ကြက်တောင်ပွဲကြည့်နေတဲ့အချိန်လေးမှာ
ကောင်မလေးတစ်ယောက်၀င်လာသည်။ racket bags လေးလည်းလွယ်လာသေးသည်။ ခန်းမကို ဝေ့ဝှိုက်ကြည့်လိုက်ပြီး  လင်းခန့်ကို တွေ့တော့ သူ့ဆီ သွားကာ "ဒီမှာ ဒီမှာ ဒီကျောင်းအားကစားခန်းမမှာ ကြက်တောင်ကွင်းရှိတယ်မလားရှင့် ဘယ်ချိန်တွေ training လည်းမသိဘူး " ဟု ချိုသာစွာမေးလိုက်လေသည်။

ထိုသို့မေးလိုက်တော့ ထိုင်နေရာကနေ ခေါင်းလေးမေ့ာကာ ကောင်မလေးကိုကြည့်လိုက်သည်။
မျက်၀န်းနက်နက်လေးက ကောင်မလေးရဲ့စိတ်ကိုညှို့ယူလိုက်တာတော့ ကောင်မလေးပင်မသိတော့။

‌တစ်ဖက် လင်းခန့် တွင်လည်း အသားဖြူဖြူ အရပ် ၅' ၃"လောက်ရှိတဲ့ ကောင်မလေးကို ကြည့်ရင်း ပြောဖို့မေ့နေကာ ခနနေမှသတိ၀င်လာပြီး

" Training က ကျောင်းကွင်းမှာက ညနေ ၄နာရီကနေ ၆နာရီထိ လုပ်လို့ရပါတယ်ဗျ ။ Mon to wed ပါ။ ကျန်တဲ့နေ့တွေကတော့ တခြားအားကစားတွေကိုအချိန်ပေးထားရပါတယ်။ ကျနောက‌ တော့ အပြင် ပုဂ္ဂလိက club မှာ training,လုပ်ဖြစ်တယ်ဗျ။ ဒီက မိန်းကလေး training လုပ်ချင်ရင် ကျနောပြောပြပေးလို့ရပါတယ် club တွေကို။
ဒါနဲ့ ကျနော့ နမည်က လင်းခန့် ပါ။ ကျနောက tomboy ပါ။"
  tomboy ပါလို့ပြောလိုက်တဲ့ချိနိမှာ အသံက ပုံမှန်ထပ်များစွာ တိုးကာပြောလိုက်သည်ကို ကောင်မလေးက သတိထားမိကာ
ချက်ချင်းပင်
"ကျမနမည်က ဆုမြတ်သွယ် ပါ။ စိတ်မပူပါနဲ့ ကျ‌မ LGBT တွေကို နားလည်ပါတယ်။
ကျမက ဒီနေ့မှ ကျောင်းပြောင်းလာတာလေ
အဲ့တော့ ကျမတို့သူငယ်ချင်း လုပ်ကြမလား"
လက်လှမ်းလိုက်တော့ ပြုံးကာ လင်းခန့်ကလက်လှမ်းလေသည်။

လင်းခန် : ထိုင်လေ။ training လုပ်ဖို့လာတာမလား။ ဒီနေ့က ကျန်တဲ့လူတွေတော့လာမယ်မထင်ဘူး ။ အပြင်သွားဖို့ချိန်းနေတာတော့ကြားတယ်။

ဆုမြတ်သွယ် : ဟင် training ချိန်လည်းအဲ့လိုလစ်ကြတာပဲလား ။ မမိုက်ပါဘူး ဒါကြီးကတော့

လင်းခန့် : ဒီမှာက professional ဖြစ်ဖို့ထက် စော်ကြည် ဘဲကြည် နမည်လိုချင်နေကြတဲ့လူတွေက လာဆော့တာများတယ်လေ။

ဆုမြတ်သွယ် :ဒါနဲ့ လင်းခန့်ကရော လိုက်မသွားဘူးလား

လင်းခန့်: ကျနောက လူတွေအများကြီးနဲ့ အဲ့လိုတွေ လျှောက်သွားရတာ မကြိုက်ဘူး။
ပြီးတော့ ဘယ်သူမှ မရှိတော့ training လည်းလုပ်လို့ကောင်းတယ်လေ။ကျောင်းပွဲတွေကလည်းစတော့မှာဆိုတော့။ ပြီးတော့ ဒီနေ့ World Tour Final လည်းရှိတယ်လေ Women single က Tai Tzu Ying Vs Akane Yamaguchi လေ
အဲ့ဒါလည်းကြည့်လို့ရ‌တာပေါ့။ ကျနောက Tai Tzu Ying fanလေ။ ဒါနဲ့ ဆု ကရော။ ဆု  လို့ပဲခေါ်မယ်ရတယ်မလားဟင်

ဆုမြတ်သွယ် : ဟုတ် ရတာပေါ့။ ကျမှလည်း ရှင့်ကို" ခန့် " လို့ပဲခေါ်မယ်လေ ။ ကျမလည်းရှင့် လို Tai Tzu Ying fanပဲ။ ပွဲစပြီလား ။ကျ‌မတို့ ဒီနေ့ တူတူကြည့်ကြမလား။

ခန့် : ကြည့်ကြ‌တာပေါ့ ။ နောင်၁၅မိနစ်ဆိုစပြီ။ ဒီနေ့က ကျနောလည်း training လုပ်ပြီးပြီဆိုတော့ တူတူကြည့်ကြတာပေါ့။

  
ဆုက သူ့မှာပါလာတဲ့ အအေးဗူး အား လင်းခန့်ကို ပေးလိုက်သည်။ သူ့ကြည့်ရ‌တာ training လုပ်ထားတာမောနေပုံပေါ်သည်။

ခန့်က ငြင်းတော့ သူ့မှာနောက်တစ်ဗူးပါသေးတယ် တစ်ယောက်တစ်ဗူး ဟုဆိုသောကြောင့်သာ
လက်ခံလိုက်လေသည်။


ကျနောက ခုမှရေးတာပါဝါသနာရှင်လို့တောင်ပြောလို့မရပါဘူးဒီထဲမှာ ကျနော တကယ်ကြုံတွေ့ခဲ့တာတွေပါထည့်ရေးသွားမှာပါ
Short story လေးပဲဖြစ်မယ်ထင်ပါတယ်
အမှားပါရင်ခွင့်လွှတ်ပါ

The environment effects Where stories live. Discover now