Chapter 25

700 42 2
                                    

အချိန်တွေတဖြည်းဖြည်းကျော်လွန်ပြီးနောက် ခင့်ရဲ့ကိုယ်၀န်မှာလည်း 4လကျော်လို့ 5လထဲရောက်နေပြီး စိတ်ချရတဲ့အခြေအနေရောက်နေပြီဖြစ်သော်လည်း လင်းခန့်မှာတော့ သဲသဲကဲကဲဂရုစိုက်နေဆဲပင်။
လင်းခန့် : မ ‌morning .နေလို့ကောင်းရဲ့လား။ ဒီနေ့ ultrasound သွားရိုက်ပြီး သားသားလေးတွေလား။မီးမီးလေးတွေလားသိရတော့မယ်နော်။
ခင် : ဟုတ်တယ်နော်။ ခနနေသိရတော့မှာ ။ တို့တော့ရင်ခုန်နေပြီ
လင်းခန့် :ဒီမှာ မအတွက်နွားနို့ ။ ခနနေဆေးခန်းသွားမယ်နော်
လင်းခန့် ပြောပြီး အထ ခေါင်းကတဆစ်ဆစ်နဲ့ကိုက်လာကာ ယိုင်ကျသွားသည်။
ခင်က "မောင်။ ဘာဖြစ်တာလဲ နေမကောင်းဘူးလား။"လင်းခန့် ချက်ချင်းပင် ပြန်ထိန်းကာ "ရတယ် မ ။ကျနော်နည်းနည်းခေါင်းကိုက်သွားလို့ ။ကျနောကားမောင်းဖို့ ရန်နိုင်ကိုလှမ်းခေါ်လိုက်မယ်။ကျနော်မမောင်းနိုင်လောက်ဘူး"
ခင် :အဲ့ဒါကောင်းတယ်မောင်။ ဆေးသောက်ထားဦး ခေါင်းကိုက်တာဖျားဦးမယ်။
*******
ခဏကြာတော့ လင်းခန့်အတွင်းရေးမှူးရန်နိုင်ရောက်လာကာ ဆေးရုံသို့သွားကြသည်။
ခင့်မှာကိုယ်၀န်ဆောင်ဖြစ်သော်လည်း ပိုပြီးပင်လှလာသော်ကြောင့် ခင့်အားကြည့်နေသူတွေကိုလင်းခန့်မှာ သ၀န်တိုရ ဒေါသထွက်ရသေးသည်။
ဆေးရုံ‌သို့ရောက်သော် Dr က ultrasound ရိုက်ရန်အခန်းထဲသို့ခင့်အားခေါ်သွားကာ လင်းခန့်ကိုလည်းလိုက်စေသည်။ ခင့်၏ ငါးလထဲ၀င်နေပြီဖြစ်သော ဗိုက်ပူပူလေးထက်သို့ Gel တင်လိုက်သော်အခါ ဘေးမှထိုင်နေသောလင်းခန့်ရဲ့လက်ကို အားကိုးတကြီးဆုပ်ကိုင်လိုက်ကာ ရင်ခုန်နေသည်။ လင်းခန့်လည်း ထပ်တူစိတ်လှုပ်ရှားနေမိသည်။
ခနနေတော့ ဆရာ၀န်က " ကလေးလေးတွေက အထဲကောင်း‌ကောင်းကြီးလာကြတာပဲ ဂရုစိုက်ပေးတဲ့လူတွေတော်တာကြောင့်ရောပေါ့၊ အခု ဘာလေးတွေဖြစ်မလဲ သေချာစစ်ကြည့်လိုက်မယ်နော်။ အယ် congratulations မမခင်နဲ့ ခန့် ၂ယောက်လုံး ယောက်ျားလေးတွေပါ" ဟုပြောတော့ လင်းခန့် ပျော်လွန်းလို့ မျက်ရည်များကျလာသည်။ ခင့်မှာတော့မျက်ရည်များဝဲနေသည်။
Dr: မမခင် အခြေအနေက stable ဖြစ်ပြီလို့ပြောလို့ရပေမယ့် ဂရုစိုက်နော်။ နောက် ၃ပတ်နေရင်ပြန်တွေ့ကြတာပေါ့။
ခန့် : မ ပါးပါးတို့ဆီ တစ်ခါထဲ၀င်လိုက်မယ်နော်။ ကျွန်တော်လေ အရမ်းပျော်တာပဲသိလား
ခင် : အင်း။ မောင်ပျော်တယ်ဆိုလို့ တို့လည်းပျော်တယ်။ ချစ်‌တယ်မောင်။ ခေါင်းကိုက်နေသေးလား။
ခန့် : နည်းနည်းပါ။ နောက်မှဆေးသောက်လိုက်မယ်
ဒီလိုနဲ့ ခင့်ပါးပါးအိမ်သို့သွားကြသည်။ ခန့် မိဘတွေကိုတော့ phဆက်ပြီးသာပြောလိုက်တော့ အရမ်းပင်ပျော်နေကြသည်။
*******
ခင့်အဖေအိမ်သို့ရောက်သော် ဇာနည်ထက်အောင်ပါရောက်နေသည်။
ဇာနည်:ဟာ လင်းခန့်တို့လာပြီလား။ထိုင်
ခင့်ပါးပါး: သမီး ။ဒီနေ့ဆေးခန်းသွားတာ ဘာလေးတွေလည်းသိရပြီလား။
ခင် :ဟုတ်ပါး။ နှစ်ယောက်လုံး သားလေးတွေတဲ့။
ခင့်ပါးပါး :ဟေ ဟုတ်လား။ ၀မ်းသာစရာကြီးပေါ့။ကိုနေဘုန်းတို့ရောသိပြီးပြီလား
ခန့် :ဟုတ်ကဲ့။ ကျနောတို့ phဆက်ပြီးပါပြီ။
ခင့်ပါးပါး: သမီးရဲ့အခြေအနေရောဘယ်လိုလဲ။
ခင်: ကောင်းပါတယ်ပါး။ ဘာလို့လဲ
ခင့်ပါးပါး : အဲ့ဒါဆိုရင် ပါးပါးပြောစရာရှိလို့။ တရုတ်က ရုံးခွဲမှာ ပြဿနာနည်းနည်းရှိနေလို့။ သားခန့်နဲ့ဇာနည် သွားမှဖြစ်မယ်။
ခန့် :ဘယ်လောက်လောက်ကြာနိုင်မလဲဗျ။
ဇာနည်:အနည်းဆုံးတစ်ပတ်လောက်တော့ကြာမယ်ထင်တယ်။ အဲ့ရက်တွေ မမခင် ဆီ ဆုလေးနဲ့သမီးလေးဆုဇာနည်အောင် လာနေလိမ့်မယ်။
ခန့် :ဘယ်နေ့သွားရမလဲ။
ဇာနည်: မနက်ဖြန်ပဲခန့်ရေ။ ကိစ္စနည်းနည်းကြီးလို့။
ခင် :အရေးကြီးကိစ္စ‌ဆို သွားရ‌မှာပေါ့မောင်ရဲ့။ တို့ကိုစိတ်ချပါ။
ခန့် :ဟုတ်ကဲ့။ အဲ့ဒါဆိုကျနောတို့ပြန်ဦးမယ်။ ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင်လို့
အိမ်ရှေ့ရောက်တော့ ခန့်က ခင်၏shoeဖိနပ်ကြိုးအား သေချာပင်ချည်ပေးနေတာကို ဇာနည်တစ်ယောက် ကြည့်ကာ အကြောင်းအရာ တစ်ခုကိုပြန်တွေးမိသွားလေသည်။
Flashback for Zar Ni and Hsu
Canadaမှာ ဆေးကုပြီး ညတစ်‌ညတွင် ဇာနည်တစ်ယောက် သူ့အလုပ်ရုံးခန်းထဲတွင် အရက်သောက်နေလေသည်။ အကြောင်းအရင်းမှာတော့ ဆုက သူ့ကိုတကယ်မချစ်ဘဲ အားနာလို့သာသူ့နားရှိနေမှန်း၊ သူ့နားရှ်ိနေပေမယ့် လင်းခန့်ကိုသာစိတ်ထဲရှိနေမှန်းသူသိသည်။ မဖြစ်နိုင်တော့လို့သာ လင်းခန့်ကိုလက်လွှတ်ခဲ့ခြင်း...
တစ်ဖြည်းဖြည်းနဲ့သောက်ရင်း limited ကျော်ကာ အစီရင်ခံစာ တင်ရန်၀င်လာသော အတွင်းရေးမှူး‌မလေးအား ဆု အထင်နှင့်မှားမိသွား‌သည်။
နောက်၁လခန့်ကြာတော့ ထိုအတွင်းရေးမှူးမလေးမှာ ဇာနည်နဲ့ရသောကိုယ်၀န်ရှိနေသည်။ ထိုအကြောင်းကို ဇာနည်လည်းခြောက်ခြားစွာနဲ့ မိသားစုအားပွင့်လင်းစွာအသိပေးခဲ့သည်။ ထိုအတွင်းရေးမှူးမလေးမှာ ဖျက်ချမည်ဟု ပြောသော်လည်း ဆုမှာ လက်မခံခဲ့ပေ။ အကြောင်းမှာ သူဇာနည်အပေါ် ဇနီးကောင်းမပီသနိုင်ခြင်းကြောင့်ဖြစ်သည်ဟုခံယူလျက် အဆိုးဆုံးမှာ သူ့မှာကိုယ်၀န်မရ‌နိုင်သောကြောင့် သူတို့မျိုးဆက်အတွက် ဒီကလေးကို မွေးစားပြီး သူကတော့ကိုယ်၀န်ရှ်ိဟန်ဆောင်ကာနေမည်ဟု ပြောတော့ ဇာနည့်မိဘတွေမှာ ဆုကြောင့်သာ မဟုတ်ရင် ဇာနည်ကို တစ်ခုခုလုပ်မိမှာအမှန်ပင်။  အဆိုးထဲကအကောင်းဟုပင်ပြောရမလား ဘယ်လိုပင် ခေါင်းစဉ်တပ်ပေးရမည်ဟုပင် မသိတော့ အတွင်းရေးမှူးမလေးမှာ မီးဖွားရင်းနှင့်ပင်ဆုံးသွားကာ ကလေးပင်အသက်ရှင်ခဲ့သည်။ ဆုတို့ဘ၀ကိုသမီးလေးရောက်လာပြီးမှပင် သူတို့ဆက်ဆံရေးမှာ အနည်းငယ်ပြန်အဆင်ပြေလာသည်ပဲပြောရမည်ဖြစ်သည်။

The environment effects Where stories live. Discover now