Chapter 17

696 37 4
                                    

သတို့သမီး၀တ်စုံအဖြူလေးနှင့်အရမ်းလိုက်ဖတ်နေသည့် ဆု ..
ဒါကိုအဝေးတစ်နေရာကကြည့်နေသည်မှာ ထို အရမ်းလှသောအမျိုးသမီးလေးအားသေမတတ်ချစ်ပေမယ့် မကာကွယ်နိုင်ခဲ့တဲ့ မပိုင်ဆိုင်လိုက်ရတဲ့လင်းခန့်မောင်ဆိုသောလူသား..
လင်းခန့် မျက်ရည်ဝဲကာကြည့်နေလေသည်။
ထိုချိန်နောက်မှ ခင်ဇာခြည်နွယ်‌ေရာက်လာကာ လင်းခန့်လက်ကိုကိုင်လျှက် "မောင် အားကျနေတာလား၊ နောက်၂နှစ်ရက်နေရင် တို့တွေ လက်ထပ်မယ်နော်
မောင့်သဘောအတိုင်း တို့အကျဉ်းချုံးပဲစီစဉ်လိုက်တယ်။ ညနေဖိတ်စာ ‌ရမယ်။"
လင်းခန့် : ခင်ဗျားစောက်ပိုတွေပြောမနေနဲ့ ။ အားကျနေတာမဟုတ်ဘူး။ ခင်‌ဗျားကိုပြောတဲ့အတိုင်း ကျနောက ခင်ဗျားအတွက် အမုန်းတွေ စိတ်ညစ်စရာတွေပဲပေးမယ် ။အရင်ကလက်ကျန်သံယောဇဉ်ထောက်ဦးမလို့ အခုတော့လုံး၀ပဲ။ ဟုပြောကာ ကားနှင့် bar ကိုထွက်သွားလေသည်။
သူအရမ်းချစ်ရသော ကောင်မလေးက အခုချိန်တခြားသူရဲ့ရင်ခွင်မှာ ဆိုသောအတွေးက လင်းခန့်အား ကြီးစိုးထားကာ အရက်ပြင်းတွေ အများကြီးသောက်မိလေကာ barတွင်မှောက်သွားတော့သည်။
တစ်ဖက်တွင် ဇာနည်ထက်က ဆုမြတ် ကျနောတို့ လူကြီးတွေ သဘောတူလို့လက်ထပ်ရပေမယ့် ကျနောဆုမြတ်ကိုတကယ် မေတ္တာရှိပါတယ်။ဆုမြတ်ဆန္ဒမပါပဲ ကျနောအတင်းအကြပ်မယူပါဘူး။လင်းခန့်မောင်ကိုမေ့ဖို့‌ခက်ခဲမယ်ဆိုပေမယ့်လည်း ကျနော့ကိုနေရာ‌ပေးဖို့ စဉ်းစားပေးပါဗျာ။ကျနောဆုမြတ်အဆင်သင့်ဖြစ်တဲ့ထိစောင့်နိုင်ပါတယ်။
ဆု;ကောင်းပါပြီကိုဇာနည်။ကျေးဇူးတင်ပါတယ်။ ကျမကိုအချိန်ပေးပါ။ လင်းခန့်မောင်ကိုမေ့ဖို့ဆိုတာဘယ်လိုမှမလွယ်ကူလိူ့ပါ။
တစ်ဖက်barတွင် လင်းခန့်လူမှန်းသူမှန်းမသိအောင်မူးနေလေသည်။ ထိုအချိန်ခင့်ထံမှဖုန်း၀င်လာသည်။
ဖုန်းတောင်မကိုင်နိုင်ဘဲမှောက်နေသော ကြောင့် waiterမှကိုင်လိုက်ရသည်။
ခင် : မောင် ဘယ်မှာလည်း စိတ်ပူလို့သေတော့မယ်။
Waiter: ဟုတ်ကဲ့ ။ဒီဖုန်းပိုင်ရှင်အကိုက အရမ်းမူးပြီးမှောက်နေလို့ပါ။
ခင်: ဘာ ။ အခုဘယ် bar မှာလဲ
Waiter :အခု zeno barမှာပါ။
ခင်: အခုလာပြီ သူ့ကိုတစ်ချက်ကြည့်ထားပေးပါ။
.......
A few moments later:
ခင် : မောင် ဘာလို့ဒီလောက်ထိသောက်ထားတာလည်းကွာ
လင်းခန့် :ဘယ်သူလည်း။ ဘယ်ကောင်လည်းငါ့လာထိတာ
ခင်: မောင်လေး သူ့ကိုကားထဲကူထည့်ပေးပါလား အမတစ်ယောက်ထည့်မနိုင်လို့

ကားထဲရောက်သော်
ခင်မှာ လင်းခန့်ကို ခါးပတ်ပတ်ပေးတော့
လင်းခန့်က : ဆု ၊ ဆုလား။ ဆု အရမ်းရက်စက်တယ်ကွာ။မောင်လေ ဆုကို အရမ်းချစ်တာ။ မောင်အဲ့မိန်းမနဲ့လက်မထပ်ချင်ဘူးကွာ ။ ဆု ဆိုပြီး ခင့်နှုတ်ခမ်းအားနမ်းရန် အနည်းငယ်အလို

ခင့်မှာ ၀မ်းနည်းသွားသည် သူအရမ်းချစ်တဲ့လူက သူ့အားတခြားလူနှင့်မှားကာနမ်းမည်ကိုမလိုလား။လင်းခန့်ဆီက တကယ့်အချစ်ကိုသာလိူချင်သူဖြစ်လေသည်။ ခင်ရုန်းလိုက်ပြီး ကားကို လင်းခန့်အိမ် သို့သာဦးတည်မောင်းလိူက်သည်။
အိမ်သို့ရောက်သော်
ခင် က မားမားရေ ဒီမှာလင်းခန့် မူးလာလို့ သမီးလာပို့တာ ဆိုပြီးအခန်းထဲပို့ပေးခဲ့သည်။
ခန့် မားမားက ခင့်အားဘာထပ်လုပ်လိုက်တာလည်းဆိုတဲ့ အကြည့်နဲ့
ခင်က သမီးဘာမှမလုပ်ပါဘူး ဒီတိုင်းသူမူးနေလို့ barကသွားခေါ်လာရုံပါ။ သမီးကိုခွင့်ပြုပါဦး။မနက်ဖြန် မင်္ဂလာဆောင်မှာ၀တ်ဖို့အင်္ကျီတွေ သွားရွေးဖို့ ပါးပါးနဲ့မားမားအတွက် ခင့်ပါးပါးကလူလွှတ်ပေးမယ်ပြောပါတယ်။ မောင်နဲ့သမီး ကတော့ မနက်ဖြန် ညနေမှသွားရွေးလိုက်ပါ့မယ်။ သမီးကိုခွင့်ပြုပါဦး။ ဟုဆိုကာ အိမ်ပြန်ရန်ကားပေါ်သို့တတ်လေသည်။

ခင်မှာ အိမ်ပြန်ကားမောင်းရင်း အတွေးများစွာနှင့် လင်းခန့်မောင်ကို သူလက်ထပ်ပြီးရင်တော့ အတင်းအကြပ်မလုပ်ဖို့ဆုံးဖြတ်လိုက်သည်။ သူဆက်လုပ်ချင်တဲ့အရာတွေကိုဘေးကဖြည့်ဆည်းပေးဖို့ရယ် လင်းခန့်သူ့အပေါ် ပြန်အမြင်ကြည်လာဖို့ကြိုးစားရန် အတွေးများစွာဖြစ်သာ ကားမောင်းကာအိမ်ပြန်လာသည်။
___________________________________________

SEလိုက်ရမလား
#Wan511

#ကျနောနေမကောင်းလို့တိုသွားပါတယ်။ ခဏလောက်ပျောက်ပါဦးမယ်။နေတော်တော်မကောင်းလို့ပါ

The environment effects Where stories live. Discover now