Chapter 18

699 36 1
                                    

သတို့သမီး၀တ်စုံအနီလေးနှင့် ကျက်သရေရှိတဲ့အလှနဲ့ ဒေါ်ခင်နေခြည်နွယ် လင်းခန့်ကတော့ coat အဖြူလေးနဲ့ ဘောင်းဘီအဖြူ necktie အနီလေးကိုစည်းထားထားသည်ာ
တခြားသူတွေအမြင်ကတော့ အရမ်းလိုက်ဖတ်ပြီး သိပ်ချစ်ကြတဲ့စုံတွဲပေါ့
လင်းခန်တို့မင်္ဂလာပွဲကို ဘုံကျောင်း၌သာအကျဉ်းချုပ်ကျင်းပခဲ့သည်။
ရင်းနီသောမိတ်ဆွေတချို့သာဖိတ်ခဲ့သည်။
ပွဲပြီး အိမ်သို့ပြန်ကာ နှစ်ဖက်မိဘကိုကန်တော့ကြသည်။
ထို့နောက် လင်းခန့်ပါးပါးလက်ဖွဲ့ထားတဲ့ အိမ်ကိုပြန်ကြသည်။ ပွဲတစ်လျှောက်လုံးလင်းခန့်မျက်နှာမှာလုံး၀အရယ်အပြုံးမရှိပေ။
အိမ်ကိုရောက်သော်
လင်းခန့်ကဧည့်ခန်းထဲက ဆိုဖာပေါ်ထိုင်ကာ မှိန်းနေသည်။
ခင်: မောင် အိပ်ချင်ရင်အခန်းထဲသွားအိပ်လေ ။ညနေ dinner,ပွဲလည်းတတိရမှာ ပင်ပန်းနေမှာပေါ့ အိပ်ချင်အိပ်နော်။

လင်းခန့် ; ကျနော့ဘာသာ ဘယ်မှာအိပ်အိပ်ခင်ဗျားစောက်ပူပါလို့လား။ ညနေ dinner မှီရင်ရပြီမလား ။
ခင်ဗျာစလုပ်စရာရှိတာသာသွားလုပ်
ခင်လည်းစိတ်မကောင်းဖြစ်သွားကာ လုပ်စရာရှိတာသာဆက်လုပ်လေသည်

ညနေ၄နာရီလောက်မှာလင်းခန့်နိုးလာကာ ရေချိုး ပြီး dinner အတွက် အ၀တ်အစားလဲလိုက်သည်။
Dinner မှာတော့ သူ့သူငယ်ချင်းတွေကိုဖိတ်ထားသည်။သူအရမ်းချစ်ခဲ့ရ‌တဲ့ဆုအပါအ၀င်ပေါ့

Dinner မှာ လင်းခန့်က နက်ပြာ ၀မ်းဆက်လေးနဲ့ ခင် ကတော့အဖြူရောင်ဂါ၀န်လေးနဲ့ပေါ့
Dinner မှာတော့ နှစ်ဖက်မိဘရဲ့ဧည့်သည်က ပိုများသည် ။ လင်းခန့် ရဲ့ကြက်တောင်လောက ကသူငယ်ချင်းတချို့လည်းလာကြသည်။ ဒေါ်ခင်ဇာခြည်အောင်၏သူငယ်ချင်းများလည်းလာတော့ လင်းခန့်က အလိုက်သင့် နှုတ်ဆက်ပေးသည်။
ဇာနည်ထက်အောင်နှင့် ဆုမြတ်သွယ်တို့လည်းတတ်ရောက်ခဲ့သည်။

ဆုကိုတွေ့တော့ လင်းခန့်က" ဆု အစစအရာရာအဆင်ပြေတယ်မလား "ဟု မေးတော့
ဆုက "ပြေတာပေါ့ ကိုဇာနည်က ဆုကိုအရမ်းချစ်တာလေ ဟု ဇာနည့် လက်မောင်းလေးကိုတွဲကာဖြေလိူက်သည်။ လင်းခန့်ရင်ထဲတော့ ရင်ကိုအစိမ်းလိုက်ခွဲလိုက်တဲ့ခံစားချက်မျိုးပေါ့။

The environment effects Where stories live. Discover now