Ch 5

764 51 0
                                    

Drawing ခန်းထဲတွင် လင်းခန့် drawing paper အား T နှင့်ညှိကာ စာရွကိကပ်နေသည်မှာ အလွန်ပင် ကြည့်လို့ကောင်းကာ ခန့်ညားလွန်းနေသည်။ ဆု သည် ခန့်ကို ငေးကြည့်နေမိသည်။

ခန့် : ဆု drawing paperကပ်လေ ကျနောကပ်ပေးရမလား။

ဆု: ဆုလည်း ခိုးကြည့်နေတာမိသွားတော့ "ဟုတ်
ခန့် ကူညီပါဦး " ဟုသာပြောလိုက်ရသည်။

ထိုစဉ် အခန်းထဲမှ ကောင်မလေး တချို့ တီးတိုးပြောနေကြသည်
''ဟဲ့ လင်းခန့် ရဲ့ဘေးခုံက ဘယ်သူတုန်း၊ တစ်ခါမှ‌လည်းမတွေ့ဘူးဘူး။ခုမှကျောငိးပြောင်းလာတာမလားမသိဘူး။ ငါ့ရဲ့ လင်းခန့်လေးနဲ့ရော ဘာတွေလည်းမသိဘူး" ဟု ပြောနေကြတယ်

"ဟယ် လမင်း ငါ့ရဲ့ လင်းခန့် လေး ဆိုပဲ ပိုင်စိုးပိုင်နက်နဲ့ ၊ ငါရဲ့ ကိုကို လင်း ပါနော် လမင်းထက်သာရဲ့ " ဟု သက်ထားရွှေရည်က ပြောလိုက်သည်။ သက်ထားဆိုသည်မှာ တခြားလူ မဟုတ် ကျောင်း၏ လက်ရှိ the whole queen ပင်

လင်းခန့် ဆိုသည်မှာ အဲ့လိုမျိုး ကောင်မလေးတွေကြားနမည်ကြီးသူ။

ထိုအသံတွေကို လင်းခန့်ကတော့ မကြားချင်ယောင် ဆောင်ထားပေမယ့် ခိုးချစ်နေရသည့် ဆုမြတ်သွယ် လည်း ခန့်အား မထိတထိစလိုက်လေသည်။
ဆု: ခန့် ရှင် ကျမကိုကူညီလို့ရောဖြစ်ရဲ့လား။ ရှင့်ဟာမ လေးတွေက မပြောချင်ဘူး

ခန့် အနည်းငယ်တော့စိတ်တိုသလိုဖြစိသွားသည်။ ထိုသို့ ပြောဆိုခံခဲ့ရတာတွေက ခန့်အတွက် ရိုးနေပေမယ့် အတိတ်ကတချို့အရာတွေကြောင့်နာကျင်စေသည်။

ခန့် : ဆု ။သူတို့နဲ့ကျနောနဲ့က ဘာမှလည်းမဟုတ်ဘူး။ ပြီးတော့ ကျွန်တော့် ဟာမ လေးတွေလည်းမဟုတ်ဘူး။ ပတ်လည်းမပတ်သတ်ဘူး။ ကျနော့ အမှန်တိုင်းပြောရရင် နည်းနည်းတော့စိတ်ဆိူးမိတယ် ဟုပြောကာနေရာသို့ပြန်သွားလေသည်။

ဆုလည်းမှားသွားသည်ကိုသိပြီး

ဆု: ခန့်ရယ် ဆုက စလိုက်တာပါ။ စိတ်မဆိုးပါနဲ့နော်။ ဆုကို ဒီပုံလေး ဘယ်ကစဆွဲကမလည်းပြောပြပါဦး။

ခန့် : ရပါတယ်။ ကျနောလည်းနည်းနည်းလွန်သွားတယ်။ ဒီရက်ပိုင်း အိပ်မပျော်ပဲ စိတ်အခြေအနေအဆင်မပြေနေလို့ပါ။

The environment effects Where stories live. Discover now