Chapter 12

759 43 2
                                    

1ရက်ကြာသည်ထိလင်းခန့်မောင်ပြန်၍သတိမရသေး
လင်းခန့်၏အမ၀မ်းကွဲ အင်းကြင်းခန့်လည်းရောက်လာလေသည်။
ဒေါ်ခင်ဇာ‌ေနခြည်နွယ်မှာတော့ လင်းခန့်ပြန်သတိရရန်သာဆုတောင်းနေတော့သည်။သူ့၏လုပ်ရပ်အတွက်လည်း နောင်တရပေမယ့် လင်းခန့်သတိရလာရင် လင်းခန့်အနားဆက်လက်နေနိုင်ရန် လင်းခန့်မိဘများအား
ခင့်ပါးပါး :ဒီမှာ ကို‌ေနဘုန်း ကျနော့သမီးအတွက်ခင်ဗျားတို့ ဘယ်လိုတာ၀န်ယူမှာလည်း။ ကျနောကတော့တာ၀န်ယူမှကျေနပ်မယ် မဟုတ်ရင် အခု‌ထွက်နေတဲ့ သတင်းတွေက အမှန်ပါလို့ ကျနောcomfine ခိုင်းလိုက်မယ်။
လင်းခန့်ပါးပါး: ကျနောတို့ ဘာလုပ်ပေးရမလဲသာပြော။
ခင့်ပါးပါး: ကျနော့သမီးတောင်းဆိုတာသာလိုက်လျောပေး
လင်းခန့်ပါးပါး: သမီးခင် ဘာလိုချင်တာလဲ။အားမနာနဲ့ပြောပါ
ခင်: လင်းခန့်အနားမှာအရင်လိုရှိနေခွင့်လေးပဲလိုချင်တယ်။ပြီးတော့ဂရုစိုက်ပေးချင်တယ် ။သူ့ချစ်သူတသ်ယောက်လိုပေါ့
လင်းခန့်မားမား :ဘာ ။ နင် ကငါ့သမီးနားမှာနေချင်လို့ဟုတ်လား။ ငါသဘောမတူဘူး ။ငါ့သမီးခုလိုဖြစ်ရတာနင့်ကြောင့်။
လင်းခန့်ပါးပါး: မင်းအသာနေစမ်း။ သမီးခင် uncle သဘောတူတယ်။
လင်းခန့်မားမား :ကိုနေဘုန်း!!!
လင်းခန့်ပါးပါး : ဘာလဲ ။ဒီကောင်ကိုငဲ့ဖို့ပြောဦးမလို့လား။ဒီကောင်ကိုငါငယ်ငယ်ထဲက ဒီကောင်နေခဏခဏမကောင်းထဲက ငါဂရုစိုက်ပေးတယ်လေ။ ငါဆေးခန်းပြပေးတယ်လေ။ ဒါဒီကောင့်ကိုငဲ့တာလေ ။ငါ့သူငယ်ချင်းသားသမီးတွေ သူ့သားသမီးတွေကိုပွဲထုတ်ခဲ့တဲ့ချိန် ဒီကောင်နေမကောင်းတာကြောင့်ငါအမြဲမျက်နှာငယ်ခဲ့ရတယ်လေ။ အဲ့ဒါမင်းသိလား
လင်းခန့်မားမား: ရှင်တော်တော်အတ္တကြီးတာပဲကိုနေဘုန်း။
ထိုစဉ် လင်းခန့်သတိရလာလေသည်။ သတိရလာတော့ ခင်က အရင်ဆုံး တွေ့ကာ မောင် သတိရပြီလားဟု အတင်းလက်ဆွဲကာမေးလိုက်တော့ လင်းခန့် ကြောက်စိတ်တွေပြန်၀င်လာပြီး ထိုညက အကြောင်းတွေ ခေါင်းထဲ၀င်လာကာ လက်က ဆေးပိုက်များကို ဆွဲဖြုတ်လျက် "ခင်ဗျား ထွက်သွား ...........ထွက်သွား။ "ဟုအော်ကာ ဘေးမှပစ္စည်များအားလွှင့်ပစ်လျက် ရုန်းတာကြောင့် ဗိုက်မှာဒဏ်ရာမှာ သွေးပြန်ထွက်လာသည်။ လင်းခန့်အမေမှဆရာ၀န်ချက်ချင်းခေါ်ကာ ဆရာ၀န်ရောက်လာတော့ လင်းခန့်အားစိတ်ငြိမ်ဆေးထိုး၍ စိတ်ငြိမ်ငြိမ်ထားရန်အရင်သတိပေးပြီး ဒေါ်ခင်‌ေနခြည်နွယ်အားထွက်သွားစေသည်။
လင်းခန့် ဆေးထိုးထားတဲ့အရှိန်ကြောင့် ခဏနေတော့အိပ်ပျော်သွားသည်။
ထိုအချိန်မှာ doctor က လင်းခန့် ပါးပါးနဲ့မားမားအား
ကလေးက စိတ်ပိုင်းဆိုင်ရာဆိုးဆိုးဝါးဝါးထိခိုက်ထားတယ်
ကလေးကပြီးတော့ rape ခံထားရတယ်။ အဲ့ဒါကြောင့်ထင်တယ်။စိတ်ဒဏ်ရာကို psychologist နဲ့သေချာပြပြီးကုသင့်တယ်လို့အကြံပေးပရစေ။ ကျနော့ကိုခွင့်ပြုပါဦး။
လင်းခန့်မားမားမှာတော့ သူ့သမီးလက်ကလေးကိုကိုင်ကာငိုကြွေးလျက်
လင်းခန့်ပါးပါးကတော့ သူ့တူမဖြစ်သူ အင်းကြင်းခန့်အားphဆက်ကာ လင်းခန့်အတွက်တိုင်ပင်တော့သည်။
အင်ကြင်းခန့်မှာလည်း ချက်ချင်းရောက်ချလာကာ သူ၏ မောင်လေးအတွက် အကောင်းဆုံးဖြစ်မည့်ကိစ္စကိုဆုံးဖြတ်တော့သည်။ အင်ကြင်းခန့်က ဆေးရုံတတ်ကုသရန် အကြံပေးသည်။ သို့သော် လင်းခန့်ပါးပါးကတော့ စိတ်ကျန်းမာရေးဆေးရုံတတ်ရန် လက်မခံ။သူ့သိက္ခာကျမည်ကိုသာ စိုးရိမ်၍ နယ်၌ဆေးကုရန်သာ လက်ခံခဲ့သည်။
လင်းခန့် နယ်မြို့လေးတစ်မြို့၌ 1နှစ်ကျော်နီးပါး ဆေးကုသမှုခံယူခဲ့ရသည်။ 1နှစ်ပြည့်ခါနီး၌ အခြေအနေတည်ငြိမ်လာသော်လည်း လင်းခန့်အဖေ၏ အတ္တကြီးမှုကြောင့် စီးပွားရေးပါတနာဟူသော အကြောင်းပြချက်နဲ့ လင်းခန့်မောင်အား10တန်ပြန်ဖြေစေရန် ဒေါ်ခင်နေခြည်နွယ် အားစာပြန်သင်ခိုင်းသည်။ ဒေါ်ခင်နေခြည်နွယ် အစိုးရ၀န်ထမ်းအလုပ်မှထွက်ကာ ကိုယ်ပိုင်ကျောင်းတွင် ဒုကျောင်းအုပ်ဖြစ်နေလေသည်။ လင်းခန့်မောင် မှာတော့ သူ့ရွယ်တူသူငယ်ချင်းများ တချို့သောဆရာမများ၏ ပြောဆိုမှုဒဏ်များကို အလူးအလဲခံခဲ့ရသည်။ ဆေးကုသမှုခံယူစဉ် sucide လုပ်ရန်ကြိုးစားခဲ့သည်မှာ အကြိမ်မနည်းပင်။ ပတ်၀န်းကျင်က အဖြစ်မှန်ကိုမသိ။ လင်းခန့်မောင်က ဒေါ်ခင်ခြည်အောင်ကို မတရားအနိုင်ယူခဲ့သည်ဟုသာသိခဲ့သည်။ လင်းခန့်မောင်အဖေကို ဒေါ်ခင်‌ေနခြည်နွယ်စီးပွားရေးအရခြိမ်းခြောက်ခြင်းကြောင့် ပင်ဖြစ်သည်။ လင်းခန်မောင်အဖေကလည်း အတ္တကြီးစွာလက်ခံခဲ့သည်။ ထိုကိစ္စကြောင့် လင်းခန့်မောင် အဖေနဲ့အမေမှာ မကွာရှင်းရုံတမယ် ဆက်ဆံရေးဖြစ်ခဲ့သည်။
လင်းခန့်မောင်ကို လက်ရွေးစင်ကြက်တောင်အသင်းမှလည်းထုတ်ပယ်ခဲ့သည်။ ထိုသို့ထုတ်ပယ်ခံခဲ့ရခြင်းသည် လင်းခန့်မောင်၏ စိတ်အခြေအနေပိုဆိုးစေသည်။
တစ်နေ့ လင်းခန့်မောင် သူ့စိတ်သူပြန်လည်ပြင်ဆင်ကာ 10တန်းပြန်ဖြေရန် ဆုံးဖြတ်ခဲ့ပြီး အဖြစ်မှန် အားလုံးအား မကြောက်မရွံ‌ရှင်းနိုင်ခဲ့သည်။
ထိုသို့ပြောခြင်းကြောင့် ပတ်၀န်းကျင်မှာ အမြင်ကြည်သွားသော်လည်း လင်းခန့်မောင်အဖေကတော့ စီးပွားရေးဆုံးရှုံးမှုရှိလာ၍ လင်းခန့်မောင် အားထိုးကြိတ်ခဲ့သေးသည်။
****-******
အဖြစ်အပျက်ကတော့ အဲ့လိုပဲ ဆု ရေ ။ လင်းခန့်က အရမ်းသနားဖို့ကောင်းတာ။ ခုတော့သူ့ပါးပါးနဲ့သူပြန်အဆင်ပြေသွားပြီတော့ကြားတယ်။ သူ့အဖေက သူ့ကိုပြန်တောင်းပန်ခဲ့တယ်လေ။
ဆု နားထောင်ရင်း မျက်ရည်များပင်ကျမိသည်။
ရတု က ဆု ဘာဖြစ်လို့ငိုနေတာလည်းဟင်။
ဆု : မောင့်ကိုသနားလို့ပါ။မောင်အရမ်းခံစားခဲ့ရမှာပဲနော်။

ထိုစဉ် လင်းခန့်မောင်အိပ်နေသောအခန်းထဲတွင် လင်းခန့်အိမ်မက်ဆိုးများမက်၍ အသံကတော့ "ထွက်သွား ကျနော့ကိုမထိနဲ့ တောင်းပန်ပါတယ် မထိနဲ့။ ခင်ဗျားကိုမုန်းတယ်" ဟု ချွေးများရွှဲနစ်ကာ ငို၍နိုးလာသည်။

ဆုမြတ်သွယ်ကလည်း လင်းခန့်မောင် အား "မောင် ဘာမှမဖြစ်ဘူးနော် ။ ဘယ်သူမှမရှိဘူး ။ဆုတို့ပဲရှိတာနော်။စိတ်ကိုလျှော့ထားနော် မောင် ":ဟု ပြောကာ ဖတ်ထားလေသည်။
‌လင်းခန့်မောင်ကလည်း "ဆု မောင်လေ ၊ဆုကို ပိုင်ဆိုင်ရတာ လိပ်ပြာမလုံဘူး မောင်က မောင်က"ဟုဆိုကာငိုနေသည်။
ဆု: မောင် ..,မောင် ဆုကိုကြည့် ။ ဆု ကိုဘုန်းတို့ပြောလို့အားလုံးသိပြီးပြီ။မောင်ပြောရမှာခက်ခဲနေမှန်းသိလို့ ဆုမေးလိုက်တာ။ မောင် ဘာမှမဖြစ်ဘူး။ ဆုကမောင်ဘာဖြစ်ဖြစ်‌ချစ်နေမှာ ။ အခူထတော့နော် ရေချိုးလိုက် အပြင်မှာ ဆု မောင့်အတွက်မုန့်၀ယ်ထားတယ်။ ပြီးတော့မနက်ဖြန် ‌ပြိုင်ပွဲမှာမောင် ဆုအတွက်လက်စားချေပေးမယ်ဆို။ ဆုမောင့်ကိုယုံတယ် နော် ဟုဆိုကာ နှုတ်ခမ်းပါးကိုနမ်းရှိုက်လိုက်သည်။

__________________________________________________

ဒီအပိုင်းရေးရတာ ကျနော့အတွက်အရမ်းပင်းပန်တာပဲဗျာ။ အတိတ်ကိုပြန်ရောက်သွားသလိုတောင်ခံစားရတယ်။ဒါပေမယ့် ကျနော့မွန်းကြပ်မှုတော့ ခဏ‌တာပျောက်သွားတယ်။

The environment effects Where stories live. Discover now