Chapter 29 The End

1.7K 50 4
                                    

၁နာရီကျော်ခန့်ကြာသော်
ခွဲခန်းထဲမှ ဆရာ၀န်ထွက်လာသည်။
လင်းခန့် : ဆရာ အခြေအနေဘယ်လိုလဲဟင်။
Doctor: ဟုတ်ကဲ့ ။ယောက်ျားလေးအမြွှာလေးတွေပါ။ မိခင်ရော ကလေးတွေရော ကျန်းမာပါတယ်။ ခဏနေ အခန်းထဲရွှေ့ပေးပါ့မယ်။
**************
ဆေးရုံအခန်းထဲတွင် လင်းခန့်တစ်ယောက် ကလေးတွေဆီတောင်အရင်မသွားဘဲ ခင့်ဆီသာ အပြေးအရင်သွားသည်။
လင်းခန့် : မ အဆင်ပြေရဲ့လား။
ခင် : အင်း။
လင်းခန့် :ကျေးဇူးပါနော်။ ကျန်းကျန်းမာမာနဲ့မွေးလာပေးလို့ ။ အရမ်းချစ်တယ်ဟုဆိုက နှဖူးလေးအားနမ်းမည်အလုပ် လင်းခန့်မားမားနဲ့သူနာပြုလေးက ကလေးနှစ်ယောက်အားချီလာကာ တစ်ယောက်အား လင်းခန့်၊
တစ်ယောက်အား ခင့်ဆီ ပေးလိုက်သည်။ လင်းခန့်မားမားကတော့ ကလေးတွေက ငခန့် ငယ်ငယ်ကရုပ်တိုင်းပဲဟေ့။
ခင် :ဟုတ်လား မား။
ခန့်မားမား:ဟုတ်ပသမီးရေ။ ဪဒါနဲ့ ငခန့် သမီးကိုသေချာဂရုစိုက်ရမယ်နော်။ ခွဲမွေးရတာမလို့အလေးအပင်တွေမမရဘူး။ညှော်တွေရှောင်ရမယ်တဲ့။
ခန့် :ဟုတ်ကဲ့ပါမားမားရာ
လင်းခန့် ‌တစ်ယောက် သူ့သား နှစ်ယောက်အား တစ်ဖက်စီ ချီကာလက်ကမချ ပဲ စကားတပြောပြောနှင့် သူ့သားနှစ်ယောက်အား အသဲယားနေတော့သည်။
ခင်ကလည်း ကြည်နူးကာထိုင်ကြည့်နေသည်။
***
၄ရက်လောက်နေတော့ ဆေးရုံဆင်းကာ အိမ်သို့ပြန်ခဲ့သည်။ အခုဆို အိမ်ရဲ့ဆည်းလည်းလေး ၂ယောက်လည်း အပါအ၀င်ပေါ့။
"အူဝဲ အူဝဲ...."
ခန့် :အင်းပါ။ပါးပါးသားလေးရယ် ။ ညီလေးချိုချိုစို့ပြီးသွားရင် သားအလှည့်ပေါ့ ခနစောင့်လိုက်ဦး။
‌ခင် : မောင် ။သားကြီးကိုပေး ။ဒီမှာအငယ်လေးကိုအိပ်ယာထဲပို့လိုက်တော့ ။အိပ်သွားပြီ
ခန့် :ဟုတ် ။လာ ပါးရဲ့သားငယ်လေး။
ခန့်လည်း အငယ်လေးကိုအိပ်ယာပို့ပြီးနောက် ခင့်ဆီသို့‌ပြန်ရောက်တော့ ခင်က အကြီးကောင်ကို နို့တိုက်နေလေသည်။ ခန့်လည်း ခင့်ဘေး၌ ၀င်ထိုင်လိုက်ကာ " မ ၊ မောင့်အလှည့်ကရော ဘယ်တော့လဲ"
ခင်လည်းခန့်နားရွက်ကိုဆွဲကာ ကျောကိုဘုန်းကနဲဆိုကာတစ်ချက်ရိုက်လိုက်ကာ " ကဲ ဟယ် အဲ့မှာ နှာဘူး ‌အတွေးပဲ၀င်နေလိုက်၊ ရော့ သားကြီးကိုအခန်းထားသွားပို့ "
ခန့်လည်း ကလေး၂ယောက်ကို သိပ်ပြီးနောက် အခန်းထဲ၀င်လာသည်။
ခန့် :မ သားလေးတွေကိုဘယ်လိုနမည်ပေးမလဲ။
ခင် : ခန့်လင်းထက်နဲ့ ခန့်လင်းမြတ် ဆိုရင်ရော။
ခန့် : မသဘော။ ပါးပါးကတော့ သူ့မြေးနှစ်ယောက်ကို တရုတ်နမည်တောင်ပေးပြီးပြီး။ ရှောင်လုံနဲ့ ရှောင်ချန်းတဲ့။
ခင် :ဟုတ်သားနော်။ မတို့မေ့နေတာ ‌။
ခန့် : လာ မ အိပ်ရအောင် နောက်ကျနေပြီ။
***********
After 9 years later

ကြက်တောင်ကွင်းကိုပတ်ပြေးနေရ သည့် ခန့်လင်းထက်နှင့် ခန့်လင်းမြတ်
ငယ်ငယ်ထဲက အဖေနှင့်တူကာ ကြက်တောင်ကိုစိတ်၀င်တစားရှိသောကြောငါ့ လင်းခန့်မောင်က သားနှစ်‌ေယာက်ငယ်စဉ်ထဲက ကိုယ်ပိုင် club ထောင်ကာနည်းပြလုပ်ကာ ဦးစီးခဲ့သည် ။ သားနှစ်ယောက်အရွယ်ရောက်လာတော့ကိုယ်တိုင်နည်းပြလုပ်ကာ training ပေးသည်။ အခုလည်း အိပ်ယာထနောက်ကျသောကြောင့်ဒဏ်ပေးကာ‌ကွင်း5ပတ်ပတ်‌ပြေးခိုင်းခြင်းပင် ။
နောက်မကြာခင်မှာ လင်းခန့်မောင်က သူ့သားနှစ်ယောက်ကို ပြိုင်ပွဲတစ်ခုမှာ ပွဲထုတ်တော့မှာဖြစ်သည်။
ခင်က အလုပ်ကအပြန် သားနှစ်ယောက်နှင့်ခန့်ဆီ လာတော့  သားနှစ်ယောက်နဲ့ ခန့် လေ့ကျင့်နေတာကို ပိတိပြုံးနှင့်ကြည့်နေလေလျက်။    ။
__________________________________________

ဇာတ်သိမ်းပေါ့သွားတာတောင်းပန်ပါတယ်။ ကျနောအချိန်လည်းမရတော့တာကြောင့်ရယ် ကျန်းမာရေးအခြေအနေရယ်ကြောင့်ပါ။

နောက်ficတွေထပ်မရေးဖြစ်လောက်တော့ပါဘူး
#Wan 511
12.7.2023

The environment effects Tahanan ng mga kuwento. Tumuklas ngayon