Chapter 28

808 41 3
                                    

ဆေးရုံကို3ရက်ကြာထပ်တတ်ပြီးသော် ဆရာ၀န်ကိုအတင်းခွင့်တောင်းပြီး ဆေးရုံကဆင်းခဲ့ပြီး လင်းခန့်အိမ်မှာပဲအနားယူနေသည်။ နှစ်ဖက်မိဘ ကလည်း လင်းခန့် ကို အလုပ်မှအနားပေးထားသည်။ ခင့် ကိုယ်၀န်မှာလည်း 7လထဲ၀င်နေပြီဖြစ်သောကြောင့်
သေချာဂရုစိုက်နေရသည်။ လင်းခန့်ကလည်း နေသာမကောင်းသေးတာ ။ခင့်ကိုအလွန်ဂရုစိုက်သည်။ သူသတိမေ့နေတုန်း ချော်လဲသည်ကြားတော့ပိုတောင်အသဲပိုဂရုစိုက်သေးသည်။ ရေချိုးရင်လည်း ရေချိုးခန်းရှေ့ကထိုင်စောင့်နေသည်။
ခုလည်း ငါးကင်စားချင်တယ်ဆိုလို့ ကိုယ်တိုင်အရိုးနွှင်ပေးနေလေသည်။ (ဒီကောင်ကိုငါတော်တော်အမြင်ကပ်လာပြီ🥲)
ခင် :မောင်ကကွာပိုကိုပိုတယ်။  ကိုယ့်ဟာကိုယ်စားပါမယ်ဆို။
ခန့် :မရပါဘူး။ တော်ကြာအရိုးဆူးရင်ဘယ်လို‌လုပ်မလဲ။ စားပြီးရင်ဆေးခန်းသွားရမယ်နော်
ခင် :အင်းပါမောင်ရဲ့။

ဆေးခန်းရက်ချိန်းပြည့်လို့ပြန်ပြတော့ utrasound ထပ်ရိုက်ကြည့်တော့ အခြေအနေတွေအားလုံးကအဆင်ပြေသော်လည်း ဆရာ၀န်က အရင်ကခင့်သားအိမ်အားနည်းထား၍ သေချာဂရုစိုက်စေချင်သည်။
Dr : မမခင် နေသာရဲ့လား။
ခင် : နေသာပါတယ် doctor ။ အကောင်ပေါက်လေးတွေ အဆင်ပြေတယ်မလားဟင် doctor
Dr : ပြေပါတယ်မမရဲ့။ ဘာမှစိတ်မပူနဲ့။ တစ်ချက်တစ်ချက်ကလေးတွေက ကန်တယ်မလား
ခင် : ဟုတ်တယ် drရေ
ခန့် :ဟုတ်လားမ။ မောင်လည်းမသိရပါလား။
ခင် :ဟုတ်တယ် ။မောင်ဆေးရုံတတ်နေတဲ့အချိန်က စကန်တာ။ မောင့်ကိုမပြောဖြစ်သေးတာ။
Dr : ကဲ ခန့်ရေ မမကိုသေချာဂရုစိုက် ။ လမ်းတူတူလျှောက်ပေး။ ကိုယ်၀န်က ၈လထဲ၀င်လာပြီဆိုတော့ တစ်ခါတစ်လေ ရင်သားတွေ တင်းတာတွေဘာညာရှိမယ်။ ရေနွေးအိပ်ကပ်ပေးဖို့တော့အကြံပေးချင်တယ်။
ခန့် :ဟုတ်ကဲ့ပါ။ သေချာဂရုစိုက်ပေးပါ့မယ်ဗျာ။ ကျနောတို့ကို ခွင့်ပြုပါဦး။
လင်းခန့်လည်း ခင့်ကိုသေချာတွဲကာ ကားမောင်းပြီးအိမ်သို့ပြန်လာသည်။
အိမ်ရောက်တော့ လင်းခန့်လည်း နေမကောင်းထဲက ပစ်ထားတဲ့အလုပ်တွေကို laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။ ခင်ကတော့ အိပ်ယာပေါ်မှာ အသာလှဲကာ စာအုပ်ဖတ်နေလေသည်။ စာအုပ်ဖတ်ရင်း 'အာ့' ဟုသောအသံကြောင့်လင်းခန့်မောင် ပြာယာခပ်သွားသည်။
မ ဘာဖြစ်တာလဲ။ ဘယ်နားနေမကောင်းလို့လဲ။
ခင် : ဘာမှမဖြစ်ပါဘူးမောင်ရဲ့။ အထဲက ကလေးတွေက လှုပ်လို့။
ခန့် : ဟုတ်လား။မောင် လာနားထောင်လို့ရမလယး
ခင် :ရတာပေါ့မောင်ရယ်။ မောင့်ကလေးတွေပဲကို လာ။
ခန့်လည်း ခင့်ရဲ့ဗိုက်လေးပေါ်ကို အသာအယာလက်ကလေးတင်ကာ အထဲကကလေးကလှုပ်လာတော့ အလိုလိုပြုံးမိသွားတယ်။ "အထဲကသားသားတို့ရေ ဖြေးဖြေးဆော့နော်။ သားတို့မားမားနေလို့မကောင်းရင်ပါးပါးစိတ်ဆိုးမှာ"
ခင် :မောင်ရယ်။ မောင့်ကိုတော့တကယ်မနိုင်ဘူး။
ခန့် : ခနနေကျနော ရေနွေးအိတ်ကပ်ပေးမယ်နော်မ။ အလုပ်အရင်ဖြတ်လိုက်ဦးမယ်
ခင် :အင်းပါမောင်ရဲ့။
လင်းခန့်လည်း အလုပ်ကိုလက်စသတ်ကာ ခင့်အားရေနွးအိတ်ကပ်ပေးဖို့ပြင်နေတုန်း ဖုန်းလာလေသည်။
ဖုန်းမှာ ကျောင်းနေဘက်သူငယ်ချင်း ၁၀တန်းပြီးထဲက UKသို့ထွက်သွားတော့အတန်းဖော်သူငယ်ချင်းမလေးဖြစ်တော့ ခင်လည်းသ၀န်တိုနေသည်။
ခန့် : မ။ မောင်ရေနွေးအိတ်ကပ်ပေးမယ်နော်။
ခင် : သွား လာမကပ်နဲ့ ။ဖုန်းပဲသွားပြောနေလိုက်။ရှင်ဒီည ဆိုဖာပေါ်မှာအိပ်။ ကုတင်ပေါ်တတ်မလာနဲ့
ခန့် :မောင့်ရဲ့ မမဗိုက်လေးက သ၀န်တိုနေတာပဲ။ ကဲ စိတ်မကောက်ပါနဲ့မမဗိုက်ရယ် မောင့်သူငယ်ချင်းပါ မလည်းသူ့ကိုသိတာပဲ ချမ်းလဲ့မေလေ ။
ခင် : မသိဘူးသွား။ စိတ်ကောက်တယ်
ခန့် :မကလည်းကွာ။ မစိတ်ကောက်‌ရင် ဗိုက်ထဲကဘေဘီလေးတွေလည်းမနဲ့တူရင်ကောက်ကုန်မှာပေါ့ စိတ်မကောက်ပါနဲ့
ထိုညက လင်းခန့်မောင် ခင့်ကိုချော့မရ၍ ဆိုဖာနှင့်သာ ညားသွားလေသည်။
__________________________________________________
After 2months later
ခန့် :  morning မ။ နေလို့ကောင်းရဲ့လား။ ခနနေလမ်းလျှောက်မယ်နော်။
ခင်: အင်း ။
မွေးရက်နီးကပ်လာ၍ လင်းခန့်မှာခင့်ကိုပိုဂရုစိုက်နေရလေသည်။
ခုလည်း မွေးဖို့ရက်သိပ်မလိုတော့တာကို ရခိုင်မုန့်တီစားချင်တယ်ဆိုပြီးဂျီကြနေလို့မနဲချော့ထားရသည်။
ခင် :မောင် ။ ဗိုက်ထဲကနာလာသလိုပဲ။
ခန့် :ဟုတ်လားမ။ မောင်ဆရာ၀န်ဖုန်းဆက်လိုက်မယ်ဆိုကာ ချက်ချင်းဖုန်းဆက်တော့ ဆရာ၀န်ကလည်းချက်ချင်းရောက်လာပေးသည်။
Dr : မွေးရက်နီးလို့ပါ။ကလေးကအထဲမှာလှုပ်တာပါ။ ကလေးတွေကထွားမယ်ပုံပဲ‌။ မွေးရက်ကဘယ်တော့လဲ
ခန် :၂ပတ်လောက်လိုသေးတယ်ဗျ။
Dr :သိပ်မစိုးရိမ်ပါနဲ့။ ပုံမှန်တော့လမ်းလျှောက်ပေး။ ကျနောလည်းပြန်လိုက်ဦးမယ်။
ခန့် :ဟုတ်ကဲ့။
လင်းခန့်မားမား: သမီးခင် ။နေလို့သာရဲ့လား။ နာနေလား
ခင် :နည်းနည်းတော့နာတယ်မားမား။ ကလေးတွေကနေရခက်လို့ထင်ပါတယ် ။
လင်းခန့်မားမား : အင်းပေါ့သမီးရဲ့ လိုအပ်တာရှိရင်မားတို့ကိုပြော အားမနာနဲ့။

ညတစ်ညအိပ်လို့ကောင်းနေတဲ့အချိန် ၁၂နာရီကျော်လောက်မှာ 'အားး ကျွတ် ကျွတ်"ခင် ဗိုက်နာလာလေတော့ လင်းခန့်အား " မောင် ။ ‌မောင်"
ခန့် : အင်းးး။ အိပ်ချင်မူးတူးသံနဲ့
ခင် :မောင်။ တို့ဗိုက်နာလို့ ။
ခန့် : အင်းးး😴😴
ခင် :ကိုလင်းခန့်မောင် ဟိုဆိုကာ ရင်ဘက်အားအားရှိသလောက်နဲ့ရိုက်ချ၍အော်နှိုးလိုက်မှ လင်းခန့်လည်းနိုးလာလေသည်။
ခန့် :မ ဘာဖြစ်လို့လည်း။
ခင် :တို့ ဗိုက်တအားနာနေပြီ။ မွေးချင်နေပြီ
ခန့် :ဟုတ်လား။ ဆေးရုံသွားရအောင်။ မားမားရေ
လင်းခန့်သံကြောင့်တစ်အိမ်လုံးဆူညံသွားတာ အကုန်နိုးလာပြီး ဆေးရုံသွားပြီပြင်ဆင်နေသည်။
လင်းခန့်စိတ်လှုပ်ရှားပြီးကားမမောင်းနိုင်တော့ ခန့်ပါးပါးကမောင်းပေးလေသည်။ ခန့်က ခင့်လက်‌ကလေးအားအသာကိုင်ထားတော့ ခင်ကအားကိုးတကြီးနဲ့ ပြန်ဆုပ်ကိုင်ထားသည်။
ခန့် :ပါး မရောက်သေးဘူးလား။ကျနောတော်တော်နာမနပြီ။
ခန့်ပါးပါး : မင်းကဘာကိုနာတာတုန်း။သမီးကနာရမှာမဟုတ်ဘူးလား
ခန့် :ပါးပါးရယ် အနောက်ကိုတစ်ချက်ကြည်ြပါဦး အဖေ့ချွေးမက သားရဲ့ဆံပင်ဆွဲတာ ဆံပင်တွေတောင်ကျွတ်ကုန်ပြီ🥲
ခန့်ပါးပါး ;ဪအေးအေး ရောက်ပြီဟေ့။ခနလေး
ဆေးရုံရောက်တော့ခင့်ကို တစ်ခါထဲမွေးခန်းထဲသို့ခေါ်သွားလေသည်။
လင်းခန့်မောင် operation Theatre ရှေ့တွင်ရှေ့လျှောက်လိုက်နောက်လျှောက်လိုက် ထိုင်မရထမရဖြစ်နေသည်။
ခန့်မားမား: ငခန့် ‌နင်ထိုင်ရင်လည်းထိုင် ထရင်လည်းထ။‌မျက်စိနောက်လာပြီ။
1နာရီလောက်ကြာတော့ အခန်းထဲမှ ဆရာ၀န်ကထွက်လာကာ ခင်နေခြည်နွယ် ရဲ့သက်ဆိုင်သူ ရှိလား
ခန့် :ကျနောပါ။
Dr: ဒီမှာလက်မှတ်ထိုးပေးပါ။ လူနာက တအားအားနည်းပြီးမညှစ်နိုင်တော့ဘူး ခွဲမွေးမှရတော့မယ်။
ခန့် :ဟုတ်ကဲ့။ အားကိုးပါတယ်နော် ဆရာ။
__________________&&&&__________________________

#Wan511
8.7.23

The environment effects Where stories live. Discover now