Chapter 27

794 38 0
                                    

ဆရာ၀န်ရဲ့စကားကြောင့် ခင့်နဲ့ ခန့်မားမားမှာ shockရပြီးမေ့လဲသွားလေသည်။ ခင့်မှာတော့ ဆေးပင်ချိတ်ရတဲ့အထိဖြစ်သွားသည်။
*******
ICU ထဲတွင် oxygen ပိုက် နှင့် လက်မှာလည်းဆေးသွင်းထားရတာအပြည့် နှလုံးခုန်ရပ်မသွားရန် စက်များကလည်းအများအပြားနှင့် ‌မေ့မြောနေသောလင်းခန့်မောင် ။
ခင့်မှာ သတိရလာတော့ လင်းခန့် လက်ကလေးအားကိုင်ကာငိုနေရှာသည်။ကြာရင် ဗိုက်ထဲကကလေးပါထိခိုက်မည်ဆိုးသောကြောင့်အတင်း‌ချော့ကာ အိမ်ပြန်ပို့လိုက်ရသည်။
အိမ်ရောက်သော် ခင် က ခန့်အလုပ်လုပ်နေကြစားပွဲသို့သွားနေလိုက်တော့ ဒိုင်ယာရီ စာအုပ်လေးတစ်အုပ်တွေ့သည်။ ခင်လည်းစပ်စုချင်စိတ်နဲ့ ဖတ်ကြည့်မိလိုက်သည်။  ရေးထားတာက ခင်တို့လက်ထပ်ပြီးမှရေးထားသောရက်စွဲနဲ့
"အဲ့နေ့ကသာ ခင်ဗျားကျနော့အပေါ် မတရားအနိုင်မကျင့်ခဲ့ရင် အခြေအနေတွေက ပြောင်းပြန် ဖြစ်နေမှာ။
ခင်ဗျားကိုအစကတော့အမတစ်ယောက်လိုသံယောဇဉ်ရှိခဲ့တာ ။ခင်ဗျားကျနော့အပေါ်လုပ်ခဲ့တာတွေကိုကျနော နာကျဉ်းရမှာမဟုတ်ဘူးလား။ဒါမှမဟုတ် ၃နှစ်ကျော်ဆိုတဲ့အချိန်ကာလ ပြီးတဲ့နောက်မှာ ခင်ဗျားကိုကျနောခွင့်လွှတ်သွားနိုင်တာလား။ မဟုတ်ဘူး ခွင့်လွှတ်တယ်ဆိုတာထက် အရမ်းချစ်မိသွားတာလား။ စဉ်းစားမရတော့ဘူး"
ခင်ဖတ်ရင်းဖတ်ရင်းနဲ့ လင်းခန့်မောင်နဲ့အဆင်ပြေတဲ့နေ့မတိုင်ခင် ၂ရက်အလိုကရေးထားတဲ့ ရက်စွဲကိုရောက်လာသည်။
"ဟုတ်တယ်။ ကျွန်တော်လေခင်ဗျားကိုချစ်နေမိတာ။ ဘယ်သူနဲ့မှမတူတဲ့အချစ်မျိုးနဲ့ပေါ့။ ဆုကိုတောင်မချစ်ဘူးတဲ့အချစ်မျိုး‌နဲ့ပေါ့။ ကျနော့ဦးနှောက်နဲ့ပါးစပ်က ခင်ဗျားကို မုန်းပါတယ်လို့ ဘယ်လောက်ပြောပြော နှလုံးသားကညာမရဘူး။ ဒီဘ၀မှာ ကျွန်တော့်အပေါ် နာကျဉ်းစရာလုပ်ရပ်ကို လုပ်ခဲ့တဲ့ခင်ဗျားကို ချစ်ရတာ ၀ဋ်ကြွေးလို့ ခေါ်ရင်လည်း နောက်ဘ၀ထိ ဆက်ချစ်နေဦးမှာ။ ကျွန်‌ေတာ့မာနကတင်းခံနေ‌တာကိုလျှော့ပြီး ကျွန်တော်ခင်ဗျားကိုချစ်တာ မကြာခင်၀န်ခံတော့မှာပါ"
ခင်လည်း ဖတ်ရင်းဖတ်ရင်းနဲ့ နောက်ဆုံးရေးထားတဲ့‌စာရွက်ကိုရောက်လာလေသည်။
" Brain Tumor အဆင့်၁တဲ့ ။ ကံကြမ္မာကရက်စက်လိုက်တာ ။ကျွန်တော် နဲ့သူနဲ့ပျော်ရွှင်ရတဲ့ချိန် ၁နှစ်တောင်မပြည့်သေးဘူးလေ။ ကျွန်တော် မသေချင်သေးဘူး။ အကယ်၍သာ အရင်ထဲက ပတ်၀န်းကျင်ရဲ့သွေးထိုးစကားတွေက သူမယုံခဲ့ပဲ ကျွန်တော့်အပေါ် အမှားမလုပ်ခဲ့ရင် ကျွန်တော်လည်း ပတ်၀န်းကျင်ရဲ့ပြောတဲ့စကားတွေကိုဂရုမစိုက်ဘဲ ဝေဖန်သံတွေ ကဲ့ရဲ့သံတွေကို  ဂရုမစိုက်ခဲ့ရင် သူနဲ့ကျွန်တော်ရဲ့တွေ့ဆုံမှုမှာ ဒီလိုနာကျင်စရာတွေရှိလာခဲ့မှာမဟုတ်ဘူး။ ဒီ‌ဒိုင်ယာရီကနောက်ဆုံးလည်းဖြစ်သွားနိုင်တယ်။နောက်ဆုံးအနေနဲ့ပြောရရင် အရမ်းချစ်တယ် ဒေါ်ခင်နေခြည်နွယ် ။
ခင်ဗျားက နမည်နဲ့လိုက်အောင် ခင်မင်စရာမက်မောစရာကောင်းပြီး နေခြည်တွေလို အလင်းရောင်ပေးနိုင်ပြီး နွယ်တွေလို့ ကျွန်တော့်နှလုံးသားကိုရစ်နွယ်စေတယ်''
ခင်လည်း ဖတ်ပြီးတော့ တစ်ရေးအိပ်တာ အနားယူလိုက်သည်။
After 1 week later
လင်းခန့် coma၀င်ကာ သတိမေ့နေသည်မှာ ဒီနေ့ဆိုတစ်ပတ်ပြည့်ပြီလေ။ကြားထဲ ခင်ကဆေးရုံလာရင်း သွေးဆင်းလို့ ဆေးရုံတစ်ရက်လောက်တတ်ရသေးသည်။ ကိုယ်၀န်ဆောငိချိန်မှာ stressတွေတအားပိတာကြောင်းတဲ့။ ခင့်ကိုယ်၀န်မှာလည်း၆လ ရှိနေပြီလေ
ဆေးရုံမှာ ခင်က ‌ခန့်လက်လေးကိုကိုင်ကာနမ်းရင်း "မောင် အိပ်နေတာ မ၀သေးဘူးလား။ထပါတော့ကွာ။ ချစ်တယ်မောင်။ အရမ်းလည်းလွမ်းတယ်။ မောင်သိလား မောင့်သားသားလေးတွေက အထဲကနေလှုပ်ပြီးကန်နေပြီမောင်ရဲ့ ၊မောင်သတိအမြန်ပြန်ရပါတော့"
ထိုစဉ် လင်းခန့်၏လက်ချောင်းကလေးများလှုပ်လာသည်ကိုခင်တွေ့လိုက်၍ အမြန်ပင် ဆရာ၀န်ခေါ်လိုက်သည်။ ဆရာ၀န်ရောက်တော့ heart monitor မှာ "တီ တီ တီ" ဆိုသော အသံနှင့်နှလုံးခုန်နှုန်းကျလာသည်။
ဆရာ၀န် က လူနာရှင်တွေအပြင်ထွက်ပေးပါ လို့ပြောတော့ အားလုံးအပြင်မှာ ရင်တမမနဲ့ စောင့်ရင် ရသမျှဘုရားစာတွေသာရွတ်နေကြတော့သည်။ လင်းခန့် နှလုံးခုန်ရပ်သွား၍ CPR ပေးရတော့သည်။CPRပေးနေချန် Defibrillators ကိုအသင့်ပြင် ခိုင်းထားရတော့သည်။ CPRလုပ်၍မရတော့ Defibrillators
အကူအညီယူရတော့သည်။
Doctor: "200Jတင်"
Assistant: Ready
Doctor : 1 2 3 shock clear
နောက်တစ်ခေါက် ထပ်လုပ်သော်လည်းနှလုံးကပြန်ခုန်မလာ
နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ 300Jထိတင်ကာ
1 2 3 shock clear ဆိုတော့ နှလုံးပြန်ခုန်လာကာ အခြေအနေပြန်ကောင်းလာပြီး သတိပါပြန်၀င်လာသည်။
ဆရာ၀န်က " လူနာ ကျနော့ကိုကြည့်ပါ"
လင်းခန့် လည်းကြည့်လိုက်သည်။
Dr :လူနာ အကုန် လုံးကိုမှတ်မိပါသလား။
လင်းခန့် အားယူကာ မှတ်မိပါတယ် doctor.ကျနော့ခွဲစိတ်မှုအောင်မြင်တယ်မလားဟင်။ ကျနောမိသား‌စုရောဟင်။
Dr: ခွဲစိတ်မှုကအောင်မြင်ပါတယ်။ ခင်ဗျား ကိုမာ ၀င်သွားတာ1ပတ်ရှိပါပြီ။ ခနနေ VIPခန်းရွေ့ပြီးရင် မိသားစုနဲ့တွေ့လို့ရပါပြီ။

VIP ခန်းထဲရွှေ့‌ပြီးသော‌အခါ လင်းခန့် ကုတင်ပေါ်ထိတတ်ချွံနေသည်မှာခင် ။ရင်ခွင်ထဲအသာ၀င်ကာလင်းခန့်ကို လူဆိုးကြီး ထားသွားပြီထင်တာလို့ပြော ကာငိုနေတဲ့ ဒီအမျိုးသမီးအသဲယားလာသော့ကြောင့် ‌ပါးလေးအသာကိုက်ဆွဲလိုက်သည်။
လင်းခန့် မားမားတို့က ငါတို့ရှိတာလည်းသတိထားကြပါဦး။
ခန့် :ဟီး မားကလည်း
ခန့်‌အမေလည်းမနိုင်ဘူးဟုဆိုကာ အပြင်သာထွက်နေလိုက်သည်။
‌ခင် :မောင်။ တို့လေ မင်းဒိုင်ယာရီဖတ်ပြီးပြီ။ အရင်ကကိစ္စတွေအတွကိ တကယ်တောင်းပန်ပါတယ်နော်
ခန့် :ပြီးခဲ့တာတွေမေ့ထား‌ပါ။ အရမ်းချစ်တာကိုယုံ။
ခင် :မောင် သိလား။ ‌မနေ့ကစပြီး မ ဗိုက်ထဲက သားသားလေးတွေက လှုပ်လာတယ်။ ခုတော့ထပ်မလှုပ်သေးဘူး
ခန့်:ဟုတ်လား။ ဒီတစ်ခါ‌ဆိုမောင့်ကိုပြောနော်ဟုဆိုကာ ခင့်ကိုလည်းနမ်းရင်း ခင့်ဗိုက်လေးကိုလည်းနမ်းရင်း
ဒီလို‌နဲ့ ဆေးရုံမှာ အချစ်ငှက်လေး၂ကောင် ချစ်ကြည်နူး တစ်တီတူးနေကြလေရဲ့

___________________________________________

"အကယ်၍သာ အရင်ထဲက ပတ်၀န်းကျင်ရဲ့သွေးထိုးစကားတွေက သူမယုံခဲ့ပဲ ကျွန်တော့်အပေါ် အမှားမလုပ်ခဲ့ရင် ကျွန်တော်လည်း ပတ်၀န်းကျင်ရဲ့ပြောတဲ့စကားတွေကိုဂရုမစိုက်ဘဲ ဝေဖန်သံတွေ ကဲ့ရဲ့သံတွေကို  ဂရုမစိုက်ခဲ့ရင် သူနဲ့ကျွန်တော်ရဲ့တွေ့ဆုံမှုမှာ ဒီလိုနာကျင်စရာတွေရှိလာခဲ့မှာမဟုတ်ဘူး။ "

Wan511
27.6.23
1:09AM

The environment effects Where stories live. Discover now