Chapter 15

693 35 0
                                    

လင်းခန့်မောင်တို့မိသားစုရဲ့ company ဖြစ်တဲ့ The space company ရဲ့ 15th anniversary dinner party ကို Hotelတစ်ခုမှာကျင်းပတယ်။
အဲ့ ပွဲမှာ ဦးနေဘုန်းခန့်မောင်က လင်းခန့်အားပွဲထုတ်လေသည်။စီးပွားရေးလုပ်ငန်းရှင်တော်တော်များများနှင့်မိတ်ဆက်ပေးပြီး လုပ်ငန်းတချို့ကိုပါ လွှဲပြောင်းပေးမည်ဆိုသည့်အကြောင်းပါကြေငြာလေသည်။ လင်းခန့်မောင်မှာ မကြာသေးခင်ကပဲ ကြက်တောင်နှင့်ပတ်သက်တဲ့ဆုတွေပါရထားတဲ့ Tomboy လေးဆိုတော့ တချို့သမီးရှင်တွေက လုပ်ငန်းသဘောအရလောဘတတ်ပြီး လင်းခန့်အား၀င်လုံးခိုင်းသည်။ လင်းခန့်မောင်မှာတော့ သူ့၏ချစ်သူ ဆုမြတ်သွယ်၏လက်ကိုပင်မလွှတ် အားလုံးရှေ့တွင်သူ၏ချစ်သူဖြစ်ကြောင်းပြောပြသည်။ ထိုညပွဲတွင် ဒေါ်ခင်‌ေနခြည်နွယ်နှင့် သူမ၏ဖခင်ဦးဉာဏ်မြင့်အောင်လည်းတတ်ရောက်ခဲ့သည်။ ထိုညမတိုင်ခင် ဒေါ်ခင်‌ေနခြည်နွယ်မှာ ဆုံးဖြတ်တချို့ချပြီးပြင်ဆင်စရာရှိတာအားလုံးပြင်ဆင်ခဲ့သည်။ လင်းခန့်မောင်အားသူ့အပိုင်ဖြစ်လာရန် စီစဉ်စရာရှ်ိတာအားလုံးစီစဉ်ခဲ့သည်။

Party ပြီးခါနီးတွင် hotel တစ်ခုလုံး system brake down ဖြစ်တာ မီးပျက်သွားသည်။ ထိုအချိန်တွင် ဒေါ်ခင်‌ေနခြည်နွယ်ရဲ့ လူတစ်ချို့က လင်းခန့်မောင်မေ့ဆေးအုပ်ကာဖမ်းခေါ်သွားသည်။ ဒေါ်ခင်‌ေနခြည်နွယ်ကလည်းသူ့အားဖမ်းခေါ်သွားသလိူဖြစ်အောင် သူ့လူတစ်ချို့နှင့်ထောင်ခြောက်ဆင်ကာ မြို့ပြင်က အပန်းဖြေအိမ်အားခေါ်သွားခဲသည်။

Hotel မှာမီးပြန်ရတော့ လင်းခန့်ပျောက်သွား၍ အားလုံးခေါင်းမီးတောက်နေသည်။ ထိုချိန် ဦးဉာဏ်မြင့်အောင်က သူ့သမီးလည်းပျောက်သွားကြောင်း‌ပြော၍ ပိုပွဲဆူသွားသည်။
ခဏ‌ကြာတော့ ဒေါ်ခင်‌ေနခြည်နွယ်ကသူ့ဖခင်အား message ပို့လာသည်။ လင်းခန့်က သူ့အားခိုးပြေးသွားကြောင်း သူဖြောင်းဖြသော်လည်းမရလို့လိုက်သွားရကြောင်း message ပို့သည်။ ထို message ကိုဦးနေဘုန်းခန့်မောင်အား ပြကာ ပြဿနာရှာတော့သည်။
ဦးနေဘုန်းခန့်မောင်လည်း လုပ်ငန်းရှင်များအားလုံးရှိနေသောကြောင့် ဘယ်လိုမှဖြေရှင်းမရတော့ပေ။ မကြာမီ မင်္ဂလာပွဲစီစဉ်ပေးမည့်အကြောင်း အားလုံးရှေ့ဂတိပေးခဲ့ရသည်။
တစ်ဖက်ကဆုမြတ်သွယ်၏မိဘများကမကျေနပ်ကြပေ။ ဆုမြတ်သွယ်မှာ အကြောင်းအရင်းအားလူံးသိသော်လည်း သူ့မိဘများမှာမသိသေးပေ။ ထို့ကြောင့် ဦးနေဘုန်းမှာ အကြောင်းစုံကိုရှငိးပြကာ ဒီတစ်ခါလည်းလုပ်ကြံတာဖြစ်ကြောင်း ပြောလိုက်သည်။ ဆုမြတ်သွယ်၏မိဘများမှာလည်း သူ့သမီးအသဲကွဲခံစားရမှာကို ရင်နာနာနှင့်သာကြည့်နေရသည်။
ထိုအချိန်အခွင့်ကောင်းယူသည်မှာတော့ ဒေါ်ခင်ဇာ‌ေနခြည်နွယ်၏တူဖြစ်သူ ဇာနည်ထက်အောင်။ သူ့ဦးလေးဖြစ်သူအား ဆုမြတ်သွယ်အား ရအောင်လိုက်တောင်းခိုင်းလေသည်။ ဇာနည်ထက်‌ေအာင်၏ဖခင်မှာရာထူးကြီးပိုင်းကလူဖြစ်သည်။ ဆုမြတ်သွယ်အား သူ့သားနဲ့ သဘောတူလျှင် ဆောက်လုပ်ရေးပိုင်းဆိုင်ရာလုပ်ပိုင်ခွင့်တွေနဲ့ ကမ်းလှမ်းသည်။ ငြင်းလျှင်တော့ ဒုက္ခရောက်အောင်လုပ်ပစ်မည်ဟုခြိမ်းခြောက်သည်။

----
တစ်ဖက်တွင် အပန်းဖြေစံအိမ်၌
လင်းခန့်မောင်၏ အ၀တ်များကိုချွတ်ကာ ရေဘက်တိုက်ပေးပြီး bathrobe ကို၀တ်ပေးထားလိုက်သည်။
ရေပတ်တိုက်နေစဉ် ဒေါ်ခင်နေခြည်နွယ် သူ့စိတ်အားအတော်ပင်ထိန်းချုပ်ထားရသည် gymဆော့ထားသောကြောင့် six pack နှင့်တောင့်တင်းသော ကိုယ်ခန္ဓာအား ပိုင်ဆိုင်ထားသော လင်းခန့်ကြောင့် အသဲတွေယားလာကာ လည်ပင်းကို marking တစ်ချက်ပေးမိသည်။ ထို့နောက် သူကိုယ်တိုင်လည်းရေချိုးကာ ညအိတ်၀တ်စုံ၀တ်ပြီး လင်းခန့်၏နှဖူးလေးအားအနမ်းပေးကာ လင်းခန့်ဘေး၌ လင်းခန့်အားဖတ်အိပ်လိုက်သည်။ မအိပ်ခင် သက်သေပြရန်ဓာတ်ပုံတစ်ချို့တော့ဖန်တီးယူထားလိုက်သည်။ သူသိပ်ချစ်လွန်းသော လူ၏ ကိုယ်ခန္ဓာအား နောက်တစ်ကြိမ် သူ့ဆန္ဒမပါဘဲ မရယူချင်တော့။ အမြဲသူ့အနားမှာထားကာ တစ်သက်လူံးသူနှင့်အတူနေမည်ဆိုသောတစ်ဖက်သက်အတွေးနှင့်ပင်...............
    

___________________________________________
Wan511
13.4.2023

The environment effects Where stories live. Discover now