Chapter 19

700 37 3
                                    

မနက်မိုးလင်းသော် ဒေါ်ခင်‌ေနခြည်နွယ်က အစောကြီးနိုးနေကာ လင်းခန့် အတွက်မနက်စာ ကြိုတင်စီစဉ်ထားသည်။
မနက်၇နာရီထိ လင်းခန့်မနိုးသေးသောကြောင့် ‌ခင်လည်း ‌ လင်းခန့်အား "မောင် ၇နာရီထိုးနေပြီ မထသေးဘူးလားဟု "နှဖူးလေးအားနမ်းကာနှိုးလိုက်သည်။ လင်းခန့်လည်း နိုးလာက "ခင်ဗျားကျနော့ကို မနမ်းပါနဲ့ နှိုးချင်လည်းဒီတိုင်းနှိုး ခင်ဗျားမနှိုးလည်းကျနော် နာရီ alarm ပေးထားပြီးသား ခနနေထတော့မှာ" လို့ပြောကာ ရေချိုးခန်းထဲ၀င်ရန် ကုတင်မှထလိုက်သည်။
ခင် လည်း လင်းခန့်ခါးအားနောက်ကအတင်းဖက်လိုက်ကာ "မောင် ၊ မင်းတို့ကိုနည်းနည်းလောက်ပဲဖြစ်ဖြစ်နူးညံ့ပေးလို့မရဘူးလားကွာ "ဟု အားတင်းကာပြောလိုက်သော်လည်း ငိုသံပေါက်နေလေ‌သည်။
လင်းခန့်လည်း ဖတ်ထားသည့်လက်ကိုဖြုတ်ကာ "ခင်ဗျား အဆင်သင့်လုပ်ထား ခနနေ ပါးပါးတို့အိမ်မှာ ခင်ဗျားအဖေနဲ့သွားတွေ့ရမယ်၊ မနေ့က ကျနော့ကို လာခဲ့ဖို့လှမ်းပြောထားတယ်"

ခင်: မနက်စာစားပြီးမှသွားမယ်လေ ၊တို့ပြင်ပေးထားတယ်အောက်မှာ
လင်းခန့်: ခင်ဗျားဘာသာစား ကျနောပါးပါးနဲ့စကားပြောစရာရှိတယ် ။အဲ့မှာပဲစားလိုက်မယ်။ကျနောခနနေဆင်းလာခဲ့မယ်။ ခင်ဗျား အဆင်သင့်လုပ်ထားပါ။ ကျနော်မစောင့်နေချင်ဘူး။

ခဏ‌ကြာသော် လင်းခန့်လည်းဆင်းလာပြီး လင်းခန့်ပါးပါးအိမ်သို့၂ယောက်သားဦးတည်မောင်းလိုက်သည်။
အိမ်ရောက်သော်
ခင် :ပါးပါး ရောက်နေတာကြာပြီလား။
ခင့်ပါးပါး: မကြာသေးပါဘူးသမီးရဲ့။ ဒီမှာကိုနေဘုန်းတို့နဲ့ အလုပ်အသစ်ချဲ့မဲ့အကြောင်းဆွေးနွေးနေတာလာ။
လင်းခန့်ပါးပါး: သားတို့ ဘာလုပ်ဖို့စဉ်းစားထားလည်း။
လင်းခန့် :သားကျောင်းဆက်မတတ်တော့ဘူး။ ပါးပါးရဲ့လုပ်ငန်းမှာပဲ၀င်ကူတော့မယ်။ အပြင်ကနေပဲ စီးပွားရေး diploma ယူလိုက်တော့မယ်။
လင်းခန့်ပါးပါး : ဒါဆို ပါးပါးတို့အခုအသစ်ဖွင့်မယ့် car showroom အသစ်ကိုသားတာ၀န်ယူလိုက်။
လင်းခန့် :ဟုတ်ကဲ့ပါး
ခင့်ပါးပါး :သမီးကရော ဘာလုပ်ချင်လည်း။
ခင်: သမီးလည်းမောင်နဲ့တူတူ လုပ်ငန်းကူချင်တယ်။ ကျောင်းကဒီစာသင်နှစ်ကုန်ရင်ထွက်ဖို့ပြောထားပြီးပြီ။
ပြီးတော့ luxury brands တွေ ရောင်းချင်တယ်။ မောင်က car showroom ဆို သမီးက watch တို့ ဘာတို့ပေါ့။
ခင့်ပါးပါး:ကောင်းသားပဲ ဒါလည်း အဲ့ဒါဆို အဆင်ပြေပြီပေါ့။
လင်းခန့်ပါးပါး :ဒ့ါနဲ့သားခန့် ။ ကြက်တောင်ပြန်ရိုက်ဦးမှာလား။
လင်းခန့် :ကျနောကြက်တောင်တစ်သက်လုံးပြန်မရိုကတော့ဘူး ပါးပါး။ သားဆုံးဖြတ်ပြီးပြီ
‌ခင် :မောင် ။ ဘာဖြစ်လို့လည်း။
လင်းခန့် :ဒီလိုပါပဲ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ badminton racket တို့ဘာတို့တော့ရောင်းဖို့စဉ်းစားထားတယ်။
ခင် :မောင့်သဘောပါ။မနက်စာစားရအောင်လေ အးမောင်လည်းဘာမှမစားရသေးဘူးမလား။
ခန့်မားမား: ကဲလာကြ အလုပ်ကိစ္စတွေနောက်မှပြော မနက်စာလာစားကြတော့

The environment effects Where stories live. Discover now