Chapter 22

993 37 6
                                    

အိပ်နေရာမှ အရင်နိုးလာသူမှာ လင်းခန့်မောင်
ဘေးကိုကြည့်လိုက်တော့သူရဲ့‌ေဘးထဲမှာ အိပ်ပျော်နေသော ခင် ။
လင်းခန့် ကျနေသည့်ခင့်ဆံပင်လေးကိုအသာအယာ သပ်ပေးပြီး နှဖူးလေး ကိုတစ်ချက်နမ်းလိုက်ကာ
ရေချိုးရန် ရေချိုးခန်းထဲသို့သွားလိုက်သည်။
ရေချိုးရင်း ၀င်လာသည့်အတွေးများက " ငါသူ့ကိုဘယ်တုန်းကစချစ်မိသွားမှန်းမသိဘူး၊အမှန်ဆို ငါ့ဘ၀ကို ဖျတ်ဆီးခဲ့တဲ့လူ ။‌ငါ့ အချစ်ဦးနဲ့ဝေးအောင် လုပ်ခဲ့သူလေ ၊ ငါမုန်းရမှာမဟုတ်လား၊ ဒါပေမယ် ခင်ဗျားကို ကျနောအရမ်းချစ်မိသွားလို့ ဘာပဲကြုံလာကြုံလာ ရင်ဆိုင်တော့မယ်"
အတွေးများစွာနဲ့ ရေချိုးပြီးတော့ အ၀တ်အစားလဲလိုက်သည်။နောက်ကျောကအချစ်ပေးတဲ့ကုပ်ရာတွေကတော့အများကြီးပင်။ ထနာရီကိုကြည့်လိုက်တော့ ညနေ၅နာရီပင်ထိုးတော့မည်။ သူတို့အတော်ပင်အိပ်ပျော်သွားကြသည်မဟုတ်လား 🌚။ထို့နောက် ခင်နိုးလာရင် ရေချိုးဖို့အတွက် ရေနွေးပါ ရေချိုးကန်ထဲစပ်ပေးထားလိုက်သေးသည်။
ခင်ကတော့ပင်ပန်းလို့ထင်တယ် အိပ်‌ယာကမထသေးသော်လည်း ညနေစောင်းထိအိပ်ရင်ဖျားမှာစိုးသော်ကြောင့် လင်းခန့် နှိုးလိုက်ရသည်။
ခင့်နှဖူးလေးနှင့်ပါးလေးကို အသာနမ်းကာ " မ ထတော့လေ ။ ခေါင်းကိုက်နေမယ်"
ခင်လည်း "အိပ်ချင်နေသေးသည့်အသံနှင့် အင်း ဟုပြောကာ အကြောဆန့်မည်အလုပ် ကိုယ်ခန္ဓာပေါ်တွင် ဘာမှမပါတာကိုသတိရသွားကာ အမြန် စောင်ကို အပေါ်ထိဆွဲထင်လိုက်သည်။

ခင် : ဟာ မောင်နိုးတာကြာပြီလား။
‌မောင် : အင်းကြာပြီ။ ထတော့လေ ။ ၅နာရီထိုးတော့မယ် ။ ရေချိုးလိုက် အပြင်သွားမယ်။
ခင် :ဒါနဲ့ဘယ်ကိုသွားမှာလဲ။
မောင် :secret သိရမှာပေါ့။မလောပါနဲ့။
ခင် : မောင်ကရော ရေမချိုးဘူးလား
မောင် : ကျွန်တော်ကချိုးပြီးပြီလေ။ မ သာအိပ်နေတာ ‌ကွေးလို့ ပုစွန်ထုပ်လေးတိုင်းပဲ။ အိပ်ရေးပျက်မှာစိုးလို့မနှိုးတာ ထတော့။
ခင် :အင်း။ သွားအခန်းပြင်ထွက်
မောင် :ဘာလို့လဲမကလည်း။
ခင် :အာ ထွက်ကွာ ။ လို့ပြောရင်းခန့်အား ရုတ်တရက်ရိုက်ရန်ထ ထိုင်လိုက်တော့ ခန္ဓာကိုယ်အောက်ပိုင်းက စူးကနဲ ဖြစ်ကာ ခင့် မှာ "အာ့"ဟု တောင် အသံထွက်မိသည်။
လင်းခန့်လည်း "မကလည်း ဗျာ ကျနော့နှင်လွှတ်နေတော့တာပဲ ။ လာ မကို ကျနောချီမယ်ဟု ‌ဆိုကာ ခင့်အားပွေ့ချီလိုက်သည်။ ထို့နောက်ရေချိုးခန့်သို့ ၀င်ကာ "ဒီမှာမောင် ရေနွေးဆပ်ထားပေး‌တယ် ။ချိုးလိုက်နော် ။ မောင်အပြင်ကစောင့်နေမယ်။"
ခင်ရေချိုးနေစဉ် လင်းခန့်က သူ့အတွင်းရေးမှူးအား ဖုန်းဆက်ကာ စားသောက်ဆိုင်တစ်ခုတွင် ခင့်အား suprise လုပ်ရန်စီစဉ်ထားလေသည်။

The environment effects Where stories live. Discover now