Chapter 7

711 48 0
                                    

လင်းခန့်မောင်နှင့် ဆုမြတ်သွယ် ချစ်သူဖြစ်ပြီး ၁ပတ်မှာပဲ လင်းခန့်ရဲ့ အကဲပိုမှုတွေကြောင့် ဆုမြတ်သွယ် ၏ မိဘများသိသွားခဲ့သည်။
ဆုမြတ်သွယ်၏မိဘများမှာလည်း လက်ခံပေးခဲ့သည်။
ဆုမြတ်သွယ်၏ဖခင်မှာတော့ training လုပ်ဖို့အတွက်ကို တစ်ပတ်အတွင်းစစီစဉ်တော့သည်။
နောက်လ‌၁၀ရက်နေ့ပြိုင်ပွဲရှိသည်ဟု အဖွဲ့ချုပ်ကတရား၀င်ကြေငြာလိုက်သောကြောင့် ပြာယာခတ်နေသည်။
အရင်ကတော့ လက်ရွေးစင်ဟောင်း၏ သမီးဖြစ်သူတစ်ယောက်ထဲကိုပွဲထုတ်ရပေမယ့် အခုတော့ သမီးဖြစ်သူ၏ လက်တွဲဖော်ဖြစ်လာမည့်လူကိုပါပွဲထုတ်ရမည်။ ပွဲထုတ်ရမည်ဆိုတာထက် တစ်ချိန်က လူငယ်လက်ရွေးစင်အသင်း၏ အတော်ဆုံးကစားသမားက သူ့သမီးရဲ့လက်တွဲဖော် ဆိုတော့ အားကစားအသိုင်းအဝိုင်းမှာ ပို၍မျက်နှာပွင့်လေသည်။

"The Glory Badminton and sports arena "
ဆိုတဲ့ ကိုယ်ပိုင် clubကို ဦးအောင်ဇော်မြတ်ထွန်း ဦးဆောင်ပြီးဖွင့်လှစ်ခဲ့တယ်။
လက်ရွေးစင်ကစားသမားဟောင်းဖြစ်တာကြောင့် ဖွင့်ဖွင့်ချင်းလမှာတင် သင်တန်းသားအတော်ပင်များခဲ့တယ်။ သင်တန်းချိန် မနက် ည နှစ်ချိန် တစ်ပတ်၃ ရက် အတန်းများ ခဏလေးအတွင်းပြည့်သွားခဲ့သည်။
ဆုနဲ့လင်းခန့်ကိုတော့ ညနေ ကျောင်းဆင်း 4 to 8pm ထိ training နေ့တိုင်းလုပ်ပေးခဲ့သည်။
လင်းခန့်တို့နှင့်တူတူ တချို့သူငယ်ချင်းများပါသေးသည်။men double အတွက် အောင်ခန့် နှင့် ဉာဏ်ထက်ကျော် ဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ကပါ နည်းပြ ဟိန်းနိုင်ဦး နှင့် training လာလုပ်သည်။
နည်းပြရဲ့ တိုက်တွန်းမှုကြောင့် mixed double နှစ်တွဲပါ ထပ်ပြိုင်ဖို့ဆုံးဖြတ်လိုက်ကြသည်။

လင်းခန့် နှင့် ဆု မှာ training ချိန်မှာ လည်းသဲသဲကဲကဲ ပေ။ နည်းပြတောင် ပြန်အားကျပြီး သူတိူ့နှစ်ယောက်ကြည့်ပြီး ရည်းစားရှာနေပြီ🤣

တစ်နေ့....
ဆုနှင့်ခန့် လေ့ကျင့်နေရင်း ဆု ခြေထောက်ခေါက်သွားသည်။

ခန့်လည်း ချက်ချင်းပင် ပြာယာခက်ကာ လက်ထဲက racket အား ပစ်ချပြီး ဆု ဆီသို့သွားလေသည်။

KHANT: ဆု အဆင်ပြေရဲ့လား။ ဘယ်လိုဖြစ်သွားလား မောင့် ကိုပြ ဟုဆိုကာ ဆု၏ ခြေထောက်ကို ညင်သာစွာကိုင်ကာ ဖိနပ်ကိုကိုယ်တိုင် ချွတ်ပေးလေသည်။

The environment effects Where stories live. Discover now