????1????

12K 372 5
                                    

မြွေဖြူအရှင် ( bl fiction)
အပိုင်း၁

"အား!!!"

"ကယ်ကြပါဦး "

"ပြေးကြဟေ့ !! ပြေးကြ မြွေဖြူအရှင်ဒေါသထွက်နေပြီ!"

လူပေါင်းများစွာဟာရုန်းရင်းဆန်ခက်ပြေးလွှားနေကြသည်
အကြောင်းမှာ ဧရာမအဖြူရောင်မြွေကြီးတစ်ကောင်ဟာ
လူတွေနောက်အပြေးလိုက်ပြီး
တစ်ယောက်မကျန်ကိုက်သတ်နေခြင်းကြောင့်ဖြစ်သည်
လက်ရှိမြင်ကွင်းအားစကားလုံးများနှင့်ဖော်ပြရမည်ဆိုရင်
သွေးသံသရဲရဲနှင့်ကြောက်ရွံ့တုန်လှုပ်ဖွယ်အတိ....ဟူ၍ပင်

"မလုပ်နဲ့!! မလုပ်နဲ့!! လူတွေကိုမသတ်ပါနဲ့!!!"

ဝဏ္ဏအိပ်မက်ဆိုးကြောင့်အလန့်တကြားနိုးထလာသည်
သူအနည်းငယ်တုန်ယင်နေတဲ့လက်ကိုထိန်းကာ
ရေတစ်ခွက်ယူသောက်လိုက်သည်

ဒီအိပ်မက်ထပ်မက်ပြန်ပြီ
သူလူမှန်းသိတတ်စအရွယ်ကတည်းက
ဒီအိပ်မက်ကိုမက်လာသည်မှာအခေါက်ပေါင်းမရေမတွက်နိုင်တော့ဘူး

"ဒေါက်!! ဒေါက်!!"

"ဘယ်သူလဲ"

"အမေပါ"

"ဝင်ခဲ့လေအမေ"
သူ့ခွင့်ပြုချက်ရတော့အမေကတံခါးကိုဖြေးဖြေးလေးဖွင့်ပြီးဝင်လာတယ်

"သားအဆင်ပြေရဲ့လား ကယောင်ကတမ်းတွေအော်နေတာအမေကြားလို့လာကြည့်တာ"

"သားအဆင်ပြေပါတယ်အိပ်မက်ဆိုးမက်ရုံပါ"

သူ့အမေကသက်ပြင်းခပ်ဖွဖွချပြီး
"ဟိုမြွေဖြူကြီးကိုဘဲမက်ပြန်တာလားသား"

" ဟုတ်တယ်အမေ"

သူ့မိခင်ကသက်ပြင်းခပ်ဖွဖွချလိုက်ပြီး
"သူကသားရဲ့အတိတ်ကံကြွေးရှင်ထင်ပါတယ် ကဲဘုရားကန်တော့ပြီးပြန်အိပ်တော့သား
အိပ်မက်ထဲကမြွေဖြူကြီးကိုလည်းအမျှဝေလိုက်ပါ"

သူ့အမေပြန်ထွက်သွားပြီးတော့
ဝဏ္ဏဘုရားကန်တော့ပြီးပြန်အိပ်လိုက်တော့သည်
မနက်ဖြန်သူနယ်ဘက်သွားပြီးကျန်းမာရေးစစ်ဆေးပေးရမှာရှိသေးတယ်လေ

________________

မနက်ရောက်သည့်အခါ
"ဗညားနဲ့သူရိယ မင်းတို့ဆေးပစ္စည်းစုံရဲ့လား ငါတို့အခုသွားရမဲ့ရွာကလေးကအတော်ခေါင်ပြီးလူအရောက်အပေါက်နည်းတာနော် တစ်ခုခုကျန်ရင်ဝယ်ဖို့ဆိုတာမလွယ်လောက်ဘူး"

မြွေဖြူအရှင်《Complete 》Where stories live. Discover now