☆7☆

3.7K 208 7
                                    

ဒီညကဘုရားဂူရွာရဲ့အကြီးကျယ်ဆုံး ဗုဒ္ဓပူဇော်ပွဲနေ့ဖြစ်သည့်အတွက်
အရင်နေ့များကထက်စည်ကားသိုက်မြိုင်နေသည်
အားလုံးဟာပွဲတော်ထဲအတူဆင်နွှဲပျော်ရွှင်နေသော်လည်းမပျော်နိုင်တာကဝဏ္ဏ

သူ့စိတ်အလုံးစုံကအသင်္ခရာဆိုတဲ့လူပေါ်မှာကျရောက်နေပြီး
ထိုသူကိုမျက်စိဒေါက်ထောက် ကြည့်နေမိတယ်

သူမျက်စိအောက်မှာတင်ဘဲ အဲ့ဒီလူဟာပွဲရဲ့ဆန့်ကျင်ဘက်ကို
ထွက်သွားတာမို့ အနောက်ကနေလိုက်မိပြန်တယ်

ကြီးမားတဲ့ခရေပင်ကြီးအောက်အရောက်မှာတော့ရပ်သွားပြီး
လမင်းကြီးကို မျှော်ငေးနေလေရဲ့....

ထိုပုံရိပ်လေးကိုမြင်နေရတဲ့ဝဏ္ဏစိတ်ထဲ
ပြေးပြီးထွေးပွေ့ချင်တဲ့စိတ်တွေမှာအစိုးမရ....

"ဟိတ်ကောင် ဝဏ္ဏ"

မိမိပုခုံးအားလာဖက်တဲ့သူငယ်ချင်းနှစ်ယောက်ကြောင့်
"မင်းတို့နှစ်ယောက်ပွဲထဲမှာရှိနေတာမဟုတ်ဘူးလား"

"ဟုတ်တော့ဟုတ်တယ် မင်းဒီဖက်ထွက်လာတာတွေ့လို့လိုက်လာတာ
မင်းဒီကိုဘာလာလုပ်တာလဲ"

သူ့နောက်လိုက်လာဟူသော သဘောဖြင့်
အသင်္ခရာရှိရာဘက်သို့မေးငေါ့ပြလိုက်သည်

"မင်းသူအပေါ်ရိုးရောရိုးရဲ့လားဝဏ္ဏ"

"ဟုတ်တယ် ငါလည်းမင်းကိုဒီမေးခွန်းမေးချင်နေတာ"

သူငယ်ချင်းနှစ်ယောက်ရဲ့စကား ဝဏ္ဏချက်ချင်းသဘောမပေါက်ဘူး
"ဘာပြောတာလဲ"

"မင်းကြည့်ရတာသူကိုကွာသဘောကျနေသလိုဘဲ"

ဝဏ္ဏကြောင်တောင်တောင်မျက်နှာဘေးနဲ့
"ဟုတ်လို့လား "လို့ပြန်မေးလိုက်တော့ သကောင့်သားနှစ်ကောင်ကပြိုင်တူခေါင်းငြိမ့်တယ်

"ငါတို့မင်းကိုသတိထားမိတယ် သူကိုကြည့်တဲ့အကြည့်တွေကနှစ်ပေါင်းများစွာလွမ်းဆွတ်နေရသူကိုကြည့်တဲ့အကြည့်မျိုး ချစ်ရည်ရွှမ်းနေတာ...."

"ငါ!....ငါ့ကိုယ်ငါလည်းမသိတော့ဘူး
သူ့ကိုတွေ့ချင်တယ် သူ့အနားနေပြီးစကားတွေအများကြီးပြောချင်နေပေမဲ့ ဘာပြောသင့်မှန်းလဲမသိပြန်ဘူး"

မြွေဖြူအရှင်《Complete 》Where stories live. Discover now