☆18☆

2.8K 156 0
                                    

မြွေဖြူအရှင်
အပိုင်း၁၈

သိင်္ခ၏အရှင်ကဂူထဲမှာရှိသည်ဟူသောစကားကြောင့်
ဝဏ္ဏဂူထဲအရဲ့စွန့်ကာဝင်ခဲ့သည်
သူက ဗုဒ္ဓရုပ်ပွားတွေတည်ရှိတဲ့ ဂူထဲသာဝင်ဖူးတာ
အနောက်ဘက်ကဒီဂူကိုဝင်တာတော့ပထမဆုံးဘဲ

ဂူတစ်ခုလုံးဟာ များပြားစွာသောရတနာတို့ကြောင့်
ဝါဝါဝင်းကာ လင်းလက်တောက်ပနေသည်
သို့သော်ဝဏ္ဏထိုအရာတွေအပေါ်လောဘစိတ်မရှိဘဲ
ချစ်ရသူရဲ့အရိပ်လေးကိုသာအရင်ရှာမိတယ်

အကြည့်တွေကကျောက်ဖြာကြီးတစ်ခုအရောက်မှာတော့
ခွေနေသည့်အဖြူရောင်မြွေကြီးကိုတွေ့လိုက်ရသည်
သူသိတာပေါ့ ဒါကသူချစ်ရတဲ့အသင်္ခရာဆိုတာ....

"အသင်္ခရာ...."

အနားတိုးကပ်သွားပြီးခေါ်လိုက်တော့
မြွေဖြူကြီးကမျက်လုံးတို့ဖွင့်ပြီးသူ့ကိုကြည့်လာတယ်

"ဘာဖြစ်လို့...အသင်္ခရာကဒီလိုဖြစ်နေရတာလဲ"

သူအမေးကိုသိင်္ခကအဖြေပြန်ပေးတယ်
"အရှင်ကမြွေလျှာမြက်ရဲ့အာနိသင်ကြောင့် အားနည်းနေတာ"

"မြွေလျှာမြက်ဟုတ်လား.."

"ဟုတ်တယ် မြွေလျှာမြက် ကျွန်ုပ်တို့ကိုအားနည်းစေတယ်ဖျားနာစေတယ်
အခန့်မသင့်ရင်သေပါသေစေနိုင်သေးတယ် ဒါကြောင့်
ကျွန်ုပ်တို့ကမြွေလျှာမြက်ပေါက်တတ်တဲ့နေရာတွေကို
သွားလေ့မရှိဘူး....."

"သူဘယ်တော့ပြန်ကောင်းနိုင်မှာလဲ"

" အရှင့်ရဲ့ခံနိုင်ရည်အားကအခြားသူတွေထက်သာလွန်တာမို့
ညမွန်းတည့်ချိန်တော့အရှင်ပြန်ကောင်းလာမှာပါ..."

ထိုအခါမှဝဏ္ဏစိတ်သက်သာရာရသွားတော့သည်
"ဒါဆိုအဲ့အချိန်ထိဂူထဲမှာနေလို့ရမလား"

သိင်္ခက "မရဘူး"ဟုချက်ချင်းငြင်းတယ်
ဂူထဲလူသားတစ်ယောက်ခေါ်သွင်းလာတာကိုကလွန်လှပြီ
အချိန်အကြာကြီးနေခွင့်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူး

"သိင်္ခသူ့ကိုနေခွင့်ပေးလိုက်"

"လင်္ကာဒါလူသားတစ်ယောက်နော်
ဘယ်လိုဖြစ်လို့လက်လွတ်စပယ် ဂူထဲနေခိုင်းရမှာလဲ"

မြွေဖြူအရှင်《Complete 》Where stories live. Discover now