♡10♡

3.2K 178 4
                                    

မြွေဖြူအရှင်
အပိုင်း၁၀

"ကိုကို...."

ဝဏ္ဏတို့အနားကို ရွှေကမျက်နှာငယ်လေးနှင့်ရောက်လာသည်

"ရွှေကိုစိတ်ဆိုးနေတာလားဟင်...."

ဝဏ္ဏစိတ်အလိုမကျမှုကြောင့် မျက်နှာတည်တင်းစွာဖြင့်
"ရွှေမင်းကိုငါစိတ်ဆိုးတာမဟုတ်ဘူး စိတ်ကုန်တာ မင်းယူလာတဲ့ဘာမှန်းမသိတဲ့အရာကြောင့် အသင်္ခရာဘယ်လောက်ထိခိုက်သွားနိုင်လဲသိရဲ့လား"

"ရွှေတောင်းပန်ပါတယ်"

"မင်းငါ့ကိုမတောင်းပန်နဲ့ အသင်္ခရာကိုသာတောင်းပန်"

ရွှေစိတ်ထဲအောင့်သက်သက်ခံစားလိုက်ရသော်လည်း
ဟန်ဆောင်ပြုံးရင်း
"ရွှေ အသင်္ခရာကိုတောင်းပန်ပါတယ်နော်"

"ရပါတယ်...."

"ရွှေကိုခွင့်လွှတ်တယ်ဆို ဒီမုန့်လက်နှိပ်လေးစားပါလား အသင်္ခရာအတွက်သီးသန့်ဝယ်ခဲ့တာ"

ရွှေအကြံအစည်နဲ့ယူဆောင်လာတဲ့မုန့်ကိုအသင်္ခရာလက်ထဲ
ထည့်ပေးလိုက်သည်
စားလိုက်စမ်း! ရှင်အဲ့တာကိုစားလိုက်တာနဲ့ ရှင်သရုပ်မှန်ကို ကိုကိုမြင်ရတော့မှာ
ဆရာသာဂပြောတယ် ရှင်သရုပ်မှန်ပေါ်လာပြီးရင် ကိုကို ကျွန်မကိုပြန်ချစ်အောင်လုပ်ပေးနိုင်တယ်တဲ့

အသင်္ခရာလက်ထဲရောက်လာတဲ့မုန့်ကို
စားဖို့ စိတ်ထဲမတင်မကျဖြစ်နေသည်

"ဘာလို့မစားလဲဟင်  ရွှေတောင်းပန်တာကိုလက်မခံနိုင်လို့လား....."

"မဟုတ်ပါဘူး ...."
နောက်ဆုံးတော့ ဒီမိန်းမငယ်လေးကသူ့ကိုထိခိုက်အောင်လုပ်နိုင်စွမ်းမရှိပါဘူးဟု
တွေးပြီး ထန်းလျက်ရည်သုပ်ထားတဲ့ မုန့်တစ်ဖဲ့ကိုပါးစပ်ထဲထည့်လိုက်တယ်
ဝါးမယ်ကြံတုန်း မုန့်ကတစ်ခုခုထူးဆန်းနေတာခံစားမိသွားပြီး
ချက်ချင်းပြန်ထွေးထုပ်လိုက်သည်

"ဝေါ့! အဟွတ်...."

"အသင်္ခရာ...."
ဝဏ္ဏ ချစ်ရသူကျောလေးကို စိုးရိမ်တကြီးလှမ်းပုတ်ပေးပြီး
မြေပြင်ကိုငုံ့ကြည့်လိုက်တော့  အန်ချလိုက်တဲ့မုန်တွေရှိနေရမဲ့အစား
လောက်တွေတဖွေးဖွေးထနေသည့် သွေးအိုင်ကြီးကိုတွေ့လိုက်ရသည်

မြွေဖြူအရှင်《Complete 》Where stories live. Discover now