☆21☆

2.7K 146 0
                                    

မြွေဖြူအရှင်
အပိုင်း၂၁

ဝဏ္ဏ အသင်္ခရာလက်ကိုဆွဲကာလမ်းလျှောက်ထွက်လာခဲ့သည်
ရင်ထဲမှာလည်းကြည်နူးစိတ်တို့ထိန်းမရ....
နှစ်ဘဝတောင်ချစ်ခဲ့ကြပေမဲ့ အချစ်ဟာလျော့မသွား
ဘယ်သူများစပြောခဲ့ပါလိမ့် "အချစ်ကအချိန်ကြာရင်မှေးမှိန်သွားသတဲ့....."

"အသင်္ခရာ  ....."

"ဟင်...."

"ကိုယ့်တို့ကသေနိုင်ပေမဲ့မင်းတို့က မသေဘူးလား"

ထိုအမေးကြောင့်အသင်္ခရာခပ်ဖွဖွပြုံးလိုက်ပြီး
"ကျွန်ုပ်တို့လည်းကံကုန်ရင်သေတတ်ပါတယ်..."

"အော်..."

"ဘာလို့သိချင်တာလဲ...."

"အဲ့တာကဒီအတိုင်း ကိုယ်ကသေသေသွားပေမဲ့
အသင်္ခရာကျဒီတိုင်းတည်ရှိနေလို့လေ....."

"ကံမကုန်သေးလို့အသက်ရှင်နေတာပါ
ကျွန်ုပ်တို့လည်း လူတွေလိုဘဲ
နာတတ်တယ် သွေးထွက်တတ်တယ် သေတတ်တယ်
ဘယ်သူမှအို နာ သေ ဆိုတဲ့ဖြစ်မြဲသဘောတရားကိုမလွန်ဆန်နိုင်ကြဘူး ...."

အဲ့ဒီနောက် နှစ်ယောက်သား ဘာစကားမှမဆိုတော့ဘဲ
လမ်းကိုသာဂရုတစိုက်လျှောက်နေတော့သည်

"မောင်ဝဏ္ဏ...."

သူတို့လမ်းလျှောက်နေတဲ့ရှေ့ကို
ဦးရာမကရောက်လာပြီးတာဆီးလိုက်တယ်

"အော်...ဦးလေးဘာဖြစ်လို့လဲ..."

"ဘာမှတော့မဟုတ်ပါဘူး မောင်အသင်္ခရာနဲ့စကားပြောချင်လို့ပါ
ခနရှောင်ပေးလို့ရမလား....."

ဝဏ္ဏ အသင်္ခရာအားကြည့်လိုက်သည်
အသင်္ခရာကခွင့်ပြုပေးလိုက်ပါဟူသောသဘောဖြင့်ခေါင်းငြိမ့်ပြမှ
ဝဏ္ဏ နည်းနည်းဝေးဝေးကို  ဆုတ်ပေးလိုက်သည်

"ကျွန်ုပ်ကိုဘာပြောချင်လို့လဲ..."

ဦးရာမအိတ်ထဲက မြွေလျှာမြက်ကို ထုတ်ယူလာပြီး
အသင်္ခရာရှေ့ထိုးပေးလိုက်သည်

"ကိုင်ကြည့်..."

ဦးရာမလက်ထဲကမြက်ဟာ
မြွေလျှာမြက်မှန်းသိတာနဲ့ အသင်္ခရာနောက်ကိုခြေတစ်လှမ်းဆုတ်လိုက်သည်

မြွေဖြူအရှင်《Complete 》Where stories live. Discover now