☆12☆

2.9K 164 2
                                    

မြွေဖြူအရှင်
အပိုင်း၁၂

အသင်္ခရာသူ့အားလာတွေ့မည့်ဝဏ္ဏအားခရေပင်အောက်မှာထိုင်စောင့်နေလိုက်သည်
ယခုသူတို့သိကျွမ်းတာနှစ်ရက်ရှိပြီမို့အရမ်းကိုရင်းနှီးနေပြီဖြစ်သည်

ဝဏ္ဏကအတော်ကိုပေါင်းသင်းလိုကောင်းတဲ့အထဲပါသည်
မိမိအား လူတို့၏စိတ်ဝင်စားဖို့ကောင်းလွန်းတဲ့အလေ့အကျင့်တွေကိုစိတ်ရှည်လက်ရှည်ရှင်းပြသည့်အပြင်စိတ်ဝင်စားဖို့ကောင်းလွန်းတဲ့အရာဝတ္ထုတွေကိုလည်းယူဆောင်ကာပြတတ်သေးသည်

"အသင်္ခရာ...."

"အသင်ရောက်လာပြီလား....."

"စောင့်ရကြာသွားလား..."

အသင်္ခရာခေါင်းခါလိုက်သည်
မိမိကိုခနခနလာအဖော်ပြုပေးတာနဲ့တင်  ကျေးဇူးတင်ထိုက်နေပြီ
ဒီလူကိုဘယ်ချိန်လာ ဘယ်ချိန်ပြန်ပါ သူမကန့်သတ်ဝံ့ဘူး

"အင့်! အသင့်အတွက်..."

အသင်္ခရာလက်ထဲရောက်လာတဲ့ ခ ရေ ပန်းကုံးလေးကြောင့်
နားမလည်၍ ကြောင်တောင်တောင်လေးမော့ကြည့်လိုက်သည်

"အသင့်အနားရောက်လာတိုင်းခရေပန်းရနံ့ကိုရတတ်တယ်လေ ဒါကြောင့်ခရေပန်းလေးအသင့်ကိုလက်ဆောင်ပေးတာ..."

"သြော်...."

"လူတွေတစ်ယောက်ကိုတစ်ယောက်ဘာလို့လက်ဆောင်ပေးလဲသိလား..."

"ဟင့်အင်း မသိဘူး..."

"တစ်စုံတစ်ယောက်က တစ်ခြားသူကိုလက်ဆောင်ပေးတယ်ဆိုတာ
အဲ့ဒီလူကို ချစ်ခင်နှစ်သက်ကြောင်းသဘောကျကြောင်းအသိပေးတာ..."

ထိုစကားကြောင့် အသင်္ခရာသူ့လက်မှာစွပ်ထားသည့်
ပတ္တမြားလက်စွပ်ကိုချွတ်ယူကာ ဝဏ္ဏလက်ထဲထည့်ပေးလိုက်သည်

"ဘာလုပ်တာလဲ...."

"အသင့်ကိုကျွန်ုပ်လည်းသဘောကျလို့လက်ဆောင်ပြန်ပေးတာလေ"

ဝဏ္ဏခပ်ဖွဖွပြုံးလိုက်သည်
သူ့ရှေ့ကလူကတော်မလိုလိုနှင့်တုံးလွန်းတယ်
သူ့ချစ်ကြောင်းကြိုက်ကြောင်းဝန်ခံလိုက်တာကိုတလွဲတွေးပစ်လိုက်တယ်

ဒါပေမဲ့လည်းချစ်ဖို့ကောင်းလွန်းတယ်......

"အသင်ပတ္တလားမြင်ဖူးလား..."

မြွေဖြူအရှင်《Complete 》Where stories live. Discover now