☆16☆

2.7K 143 0
                                    

မြွေဖြူအရှင်
အပိုင်း၁၆

ရက်ပေါင်းခြောက်ဆယ့်ငါးရက်ကုန်လွန်ပြီးတာတောင်
ချစ်ရသူရဲ့အရိပ်အယောင်ကို အသင်္ခရာမမြင်တွေ့ရသေးပါ

လွမ်းသည့်စိတ်ကြောင့် အပြေးသွားတွေ့လိုက်ချင်ပါသော်ငြားလည်း
တာဝန်ဝတ္တရားဆိုသည့်အလေးတုံးကြီးကသူ့အပေါ်ပိနေသည်

"သိင်္ခနဲ့လင်္ကာ..."

"ဘာအလိုရှိလို့ပါလဲအရှင်...."

"ကျွန်ုပ် နန်းမြို့တော်ကိုသွားချင်တယ်"

"ဒါကမဖြစ်နိုင်ပါဘူးအရှင်သိပါတယ်
လောဘသားတွေသာဘုရားဂူမှာအရှင်မရှိတာသိရင်ဘယ်လိုပြသနာတွေဖြစ်သွားနိုင်တယ်ဆိုတာ"

သိင်္ခတို့စကားကမှန်နေသည်မို့အသင်္ခရာဘာမှဆက်မပြောနိုင်တော့ပါ
လူသားချစ်သူနှစ်ဦး ရှင်ကွဲထက်သေကွဲသာကွဲချင်ပါသည်ဟု
ပြောကြတာဒီလိုလွမ်းဆွတ်ရသည့်ဝေဒနာကိုမခံစားချင်လို့ထင်ပါသည်

"အသင်္ခရာ....."
ရင်းနှီးနေသည့်အသံကို ဒီနေ့ထပ်ကြားရပြန်ပြီ
သူထင်ယောင်ထင်မှားဖြစ်ပြန်ပြီထင်ပါရဲ့....

"အသင်္ခရာ......"
နောက်တစ်ခါထပ်ကြားရသည်အခါမှာတော့
သူထင်ယောင်ထင်မှားဖြစ်တာမဟုတ်တော့ပေ....
ဒါကြောင့်မျှော်လင့်ချက်ကြီးစွာလှည့်ကြည့်လိုက်မိသည်

"ဝဏ္ဏ...."
သူရင်ထဲပျော်ရွှင်မှုအတိုင်းအဆမရှိဖြစ်ပေါ်လာသည်
ဝဏ္ဏ သူချစ်ရတဲ့ဝဏ္ဏကသူ့အရှေ့မှာရှိနေတယ်
အသင်္ခရာအပြေးအလွှားသွားပြီး ဝဏ္ဏရင်ခွင်ထဲတိုးဝင်လိုက်သည်

ဝဏ္ဏလည်းရင်ခွင်ထဲဝင်လာတဲ့ချစ်ရသူကိုယ်လုံးလေးကို ခပ်တင်းတင်းပြန်ဖက်လိုက်သည်
ချစ်ရသူအားတွေ့လိုက်ရတော့ ဒီရက်ပေါင်းများစွာမှာစိတ်ပင်ပန်းခဲ့တာတွေကအရေးမပါတော့ဘူး

"ကျွန်ုပ်အသင့်ကိုအရမ်းသတိရတာဘဲဝဏ္ဏ...."

"ကျွန်ုပ်လည်းထပ်တူပါဘဲ  အသင်္ခရာအခုတော့ကျွန်ုပ်တို့ဒီကနေထွက်ပြေးကြရအောင်...."

"ဟင်ဘာလို့လဲ...."

"ဖခမည်းတော်က ကျွန်ုပ်ကိုအမျိုးသမီးတစ်ဦးနဲ့လက်ထပ်ထိမ်းမြှားပေးဖို့ကြိုးစားတာ​ကြောင့် နန်းမြို့တော်ကထွက်ပြေးလာတာ...သိပ်မကြာခင်နန်းတော်ကရဲမက်တွေဒီကိုရောက်လာတော့မှာ...."

မြွေဖြူအရှင်《Complete 》Where stories live. Discover now