final

4.7K 201 6
                                    

မြွေဖြူအရှင်
Final+ extra

"အား!"

အသင်္ခရာတို့အားအန္တရာယ်ပြုဖို့ကြိုးစားနေသည့်ရွာသားတွေဟာ
အမြှီးနဲ့ပြင်းပြင်းထန်ထန်လွှဲရိုက်ခံလိုက်ရလို့ရုတ်တရက်လဲကျကုန်သည်
တရားခံကတော့ သိင်္ခနဲ့လင်္ကာ

လူတွေလဲကျလို့လမ်းရှင်းသွားတာနဲ့
သိင်္ခတို့ကအနားရောက်လာတယ်

"အရှင်အဆင်ပြေရဲ့လား ...."

"ကျွန်ုပ်အဆင်ပြေပါတယ် ဒီနေရာကနေသာသွားကြရအောင်"

အသင်္ခရာတို့လေးဦးထွက်သွားတော့မဲ့အချိန်မှာ
ဦးရာမရဲ့လှောင်ရယ်သံကြားလိုက်ရတယ်

"ဟားဟားဟား မင်းတို့ကထွက်ပြေးချင်တယ်ပေါ့
သေမှဘဲရမယ်
ကဲ ငါ့သားတွေရဲ့အစွမ်းကိုမြည်းကြည့်လိုက်စမ်း"

ဦးရာမ အင်းပုဝါအနီအုပ်ထားတဲ့
မြေအိုးလေကိုဖွင့်လိုက်တာနဲ့များစွာသောအနက်ရောင်အခိုးအငွေ့တွေ
လျှံထွက်လာတယ်

အသင်္ခရာမျက်မှောင်ကြုံ့လိုက်တယ်
လူတွေရဲ့မတရားသဖြင့်သတ်ဖြတ်ခံထားရတဲ့
သားရဲ တိရိစ္ဆာန်တွေရဲ့ ဝိညာဥ်တွေ

"ယုတ်မာလိုက်တာ အသင်ဘယ်လိုများ
ဒီသနားစရာဝိညာဥ်တွေကိုအသုံးချနိုင်ရတာလဲ"

"မင်းကိုသတ်နိုင်မယ်ဆို ဒီထက်ယုတ်မာတာတွေတောင်ငါလုပ်နိုင်သေးတယ်"

"ငါ့ဆရာအမိန့် အဲ့ကောင်ကိုအခုချက်ချင်းသွားသတ်လိုက်ကြစမ်း"
ဦးရာမ အသင်္ခရာအား လက်ညှိုးထိုးကာအနက်အရောင်အခိုးအငွေ့တွေကိုအမိန့်ပေးလိုက်တာနဲ့
အနက်ရောင်အခိုးငွေ့တွေကအလုံးအရင်း သူ့ဘက်တိုးဝင်လာကြသည်

"အရှင် ဒီအရာတွေကိုကျွန်ုပ်တို့တားထားမယ်
မင်းသားဝဏ္ဏ အရှင်ကိုသူနဲ့သက်ဆိုင်ရာနေရာခေါ်သွားပါ"

သိင်္ခနဲ့လင်္ကာကအနက်အရောင်အခိုးအငွေ့တွေကို
တားဆီးထားရင်း လှမ်းပြောသည်
ဝဏ္ဏခေါင်းငြိမ့်ပြပြီး အသင်္ခရာကိုထွက်သွားဖို့
ဖျောင်းဖျသည်
သို့သော်အသင်္ခရာကငြင်းဆန်သည်

"ဝဏ္ဏ အသင်သာဒီနေရာကအမြန်ထွက်သွားပါ
ကျွန်ုပ်ကတော့ ရာမကိုတရားစီရင်ဖို့နေခဲ့ရလိမ့်မယ်"

You've reached the end of published parts.

⏰ Last updated: Oct 10, 2023 ⏰

Add this story to your Library to get notified about new parts!

မြွေဖြူအရှင်《Complete 》Where stories live. Discover now