မြွေဖြူအရှင်
အပိုင်း၁၅"သားတော် လက်ဝဲစစ်သူကြီးနန္ဒရဲ့သမီးကညာ စန္ဒာဒေဝီနဲ့လက်ထပ်ထိမ်းမြှားရမယ်....."
ပြန်ရောက်ရောက်ချင်း
ဖခမည်းတော်မိန့်လိုက်တဲ့ အမိန်ဟာသူ့ကိုကြီးစွာသော
သောကရောက်စေသည်
သူ အသင်္ခရာမဟုတ်တဲ့လူတစ်ယောက်ကိုလက်ထပ်ရမယ်ပေါ့
ဒါဟာလုံးဝမဖြစ်နိုင်ဘူးအမိန့်ကိုငြင်းဆန်တာက သေဒဏ်သင့်နိုင်တယ်ဆိုတာသိတာတောင်မှ
သူငြင်းပယ်လိုက်သည်"ခမည်းတော် သားတော်လက်ထပ်မိန့်ကိုငြင်းဆန်ပါတယ်
သားတော် သူကလွဲပြီးအဘယ်သူကိုမှလက်မထပ်နိုင်ပါဘူး...""တယ်! ဒီကောင်တော့မင်းမိန့်ကိုငြင်းဆန်ရင်ဘာဖြစ်မလဲသိတယ်ဟုတ်စ..."
"သားတော်သိပါတယ်ဘုရား ဒါပေမဲ့ သူမဟုတ်တဲ့လူနဲ့ပေါင်းဖက်ရမဲ့အစား
သေခြင်းကိုသာ သားတော်ရွေးချယ်ပါ့မယ်...."သူ့စကားကြောင့်ဘုရင်မင်းမြတ်ခဗျာ
ဒေါသအမျက်ချောင်းချောင်းထွက်တော့သည်"အသင်က တိရိစ္ဆာန်တစ်ကောင်အတွက်နဲ့ အသေခံမယ်ပေါ့လေ....မိုက်မဲလိုက်တာ"
ခမည်းတော်စကားကြောင့်သူနဲ့အသင်္ခရာပက်သက်မှုကို
သိရှိပြီးဖြစ်ကြောင်းသိလိုက်ရသည်
ဒီလိုဆိုမှတော့သူဘာမှမဖုံးကွယ်တော့ဘူး"ကျွန်ုပ်ချစ်သူကဘယ်လိုဖြစ်တည်မှုမျိုးဘဲဖြစ်နေပါစေ ကျွန်ုပ်ချစ်တယ်
တစ်ဘဝလုံးလည်းသူ့ကိုဘဲလက်တွဲမှာ""အဲ့ဒီကောင်က အတိတ်ဘဝကုသိုလ်ကံကြောင့်သာမာန်ထက်စွမ်းနေတာကလွဲလို့ အဆိပ်ရှိတဲ့သားရဲကောင်
အဲလိုကောင်ကအချိန်မရွေးအရိုင်းစိတ်ဝင်ပြီးအသင့်ကိုဒုက္ခပေးနိုင်တယ်ဆိုတာရောသိရဲ့လား!!""ကျွန်ုပ်ကို အသင်္ခရာကဘယ်တော့မှဒုက္ခမပေးဘူးဆိုတာအကြွင်းမဲ့ယုံကြည်တယ်"
"တောက်! သားတော်ငါးပါးထဲမှာ အသင့်ကိုစဥ်းစားဆင်ခြင်နိုင်စွမ်းအရှိဆုံးလို့ထင်မှတ်ထားတာ
အခုတော့ ဘာမဟုတ်တဲ့ကောင်ရဲ့မာယာကြားမှာ နစ်မြောနေတယ်!
ဒီလိုပုံနဲ့ထီးနန်းကိုဘယ်လိုဆက်ခံနိုင်မှာလဲ"
YOU ARE READING
မြွေဖြူအရှင်《Complete 》
Romanceစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်