☆11☆

3K 171 3
                                    

မြွေဖြူအရှင်
အပိုင်း၁၁

🌸ဤအပိုင်းသည်main chaနှစ်ဦး၏အတိတ်ဘဝဖြစ်သည်🌸

မင်းသားဝဏ္ဏ ဖခမည်းတော်၏အမိန့်အတိုင်း ဘုရားဂူရွာသို့ရောက်လာခဲ့သည်
သူရောက်လာသည့်အတွက် ရွာသားတွေကအတိုင်းမသိပျော်ရွှင်ကြပြီး
သောင်းသောင်းဖြဖြကြိုဆိုကြသည်

"အရှင်မင်းသားကိုကြိုဆိုပါတယ်...."

"အသင်တို့အားလုံးထကြပါ ဒီခုနှစ်ရက်လုံးလုံးကျွန်ုပ်ကသာမာန်ပြည်သူပြည်သားတစ်ယောက်ဘဲ ကျင့်ဝတ်တွေအလေးမထားနေပါနဲ့...."

သူ့အမိန့်ပေးလိုက်တော့မှရွာသားတွေကဒူးထောက်နေတာကိုရပ်တန့်လိုက်ကြသည်

"အရှင်မင်းသား ကျွန်ုပ်က ဒီရွာသူကြီးစံဖဲညိုပါ
ဘယ်အရေးကြောင့်သေးနုပ်လှတဲ့ကျွန်ုပ်တို့ရွာကိုကြွလာရပါသလဲဘုရား"

သူကြီးစံဖဲညိုဟာ ယခင်ကနန်းတော်ကအထိန်းတော်အကြီးအကဲတစ်ဦးဖြစ်သည်
သက်တော်ကြီးရင့်လာသည့်အခါ သူ့ခမည်းတော်ကသစ္စာရှိစွာအမှုထမ်းခဲ့တာကို ထောက်ထားပြီး
စံဖဲညိုအားဇာတိရွာကလေးမှာ သူကြီးအဖြစ်အုပ်ချုပ်ပြီးငြိမ်းချမ်းစွာအနားယူခွင့်ပေးသနားခဲ့သည်

သူကြီးစံဖဲညိုကဝဏ္ဏကိုထိန်းကျောင်းခဲ့သူလည်းဖြစ်တာကြောင့်
သူလေးလေးစားစားဘဲခွန်းတုန့်ပြန်ခဲ့သည်

"ကျွန်ုပ်ဖခမည်းတော်ကဘုရားဂူမှာ ဗုဒ္ဓပူဇော်ပွဲခုနှစ်ရက်တိုင်တိုင်ကျင်းပမယ်ဆိုတာကြားသိခဲ့ရတယ်
သူကဒီပွဲတော်မှာကိုယ်တိုင်ပါဝင်ဆင်နွှဲချင်ပေမဲ့နန်းမှုရေးရာတွေနဲ့မအားလပ်တာကြောင့်ပွဲတော်မှာပါဝင်ဆင်နွှဲဖို့ ကျွန်ုပ်ကိုစေလွှတ်လိုက်တာပါ...

"မှန်ပါ့ ပွဲတော်ဆင်နွှဲချိန်က ညနေနေဝင်ချိန်ကစလမွန်းတည့်အချိန်အထိပါ
အခုအရှင်မင်းသားနားနေပါဦးဘုရား"

"ကောင်းပြီ"
အဲ့ဒီနောက် သူသူကြီးပြင်ဆင်ပေးတဲ့နေရာမှာဘဲအနားယူဖို့ဖြစ်လာသည်
သူနန်းဝတ်နန်းစားတွေကိုလဲလှယ်ဖို့ချွတ်လိုက်စဥ် တစ်စုံတစ်ရာကအဝတ်အစားထဲကနေ
ဝါးကြမ်းခင်းပေါ်ပြုတ်ကျသွားသည်

မြွေဖြူအရှင်《Complete 》Where stories live. Discover now