☆17☆

2.8K 152 0
                                    

မြွေဖြူအရှင်
အပိုင်း၁၇

"အာ့! "

နာကျင်စွာထွက်ပေါ်လာသည့်အသံကြောင့်
အသင်္ခရာအလန့်တကြားလှည့်ကြည့်လိုက်မိသည်

သူချစ်ရသူရဲ့ဝမ်းဗိုက်မှာဓါးတစ်ချောင်းကစိုက်ဝင်နေတယ်
ထိုမြင်ကွင်းကသွေးပျက်ဖွယ်ကောင်းပြီး
သူ့ရဲ့လက်ကျန်အသိစိတ်ကိုလွတ်ထွက်သွားစေတယ်

"ရာရာစစ ကျွန်ုပ်ရဲ့လူကိုထိရဲတယ် ! အသင်တို့အားလုံးသေရမယ်" ဟုအော်ဟစ်ပြီးနောက်
အသင်္ခရာတစ်ကိုယ်လုံးကြီးမားသောမြွေဖြူကြီးအဖြစ်ပြောင်းလဲသွားခဲ့သည်

ထိုပုံစံကိုမြင်လိုက်ရတဲ့ ဘုရားဂူရွားသားတွေက
လွန်စွာထိတ်လန့်သွားကြသည်

"မြွေ! မြွေဖြူအရှင်..."

ရွှီ! ရွှီ!
အသင်္ခရာတရွှီရွှီတွန်သံပြုပြီးနောက်
ဦးစွာသူကြီး စံဖဲညိုအားခါးကနေကိုက်ဖြတ်ပစ်လိုက်သည်
ပတ်ဝန်ကျင်တစ်ခုလုံသွေးတွေဖြာထွက်ကုန်ကာ
သူကြီးစံဖဲညို၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားလေတော့သည်

သွေးညှီနံ့လှိုင်လှိုင်ထကာ
သွေးပျက်ဖွယ်မြင်ကွင်းကြောင့်
ဘုရားဂူရွာသားတွေမှာဦးတည်ရာမဲ့ပြေးလွှားတော့သည်
သတ္တိရှိလှပါသည်ဆိုသော စစ်သည်တွေပါထိုနေရမှာမနေဝံ့တော့ပေ....

"အား!!!"

"ကယ်ကြပါဦး "

"ပြေးကြဟေ့ !! ပြေးကြ မြွေဖြူအရှင်ဒေါသထွက်နေပြီ!"

လူပေါင်းများစွာဟာရုန်းရင်းဆန်ခက်ပြေးလွှားနေကြသည်
ပါးစပ်တွေကလည်းအငြိမ်မနေကြဘဲ ကူပါကယ်ပါအော်ဟစ်နေကြသည်

အသင်္ခရာစိတ်ထဲဒေါသအမှောင်ကဖုံးလွှမ်းနေပြီမို့
တစ်ယောက်မှအလွတ်မပေးဘဲ လိုက်လံကိုက်ဖြတ်၍သတ်ပစ်တော့သည်

သိပ်မကြာခင်အတွင်းအလောင်းတွေပုံကာ
သွေးများပင်ချောင်းသဖွယ်စီးဆင်းသွားတော့သည်
အခုမှ အသင်္ခရာလည်းပုံမှန်အသိစိတ်ပြန်ဝင်တော့တယ်

"ဝဏ္ဏ....."

အသင်္ခရာလူအသွင်ပြန်ဖြစ်သွားပြီးနောက်မှာတော့
လဲကျနေသည့် ဝဏ္ဏအားပြေးပွေ့လိုက်သည်

မြွေဖြူအရှင်《Complete 》Where stories live. Discover now