☆9☆

3.4K 174 2
                                    

မြွေဖြူအရှင်
အပိုင်း၉

"ပြီးသွားပြီ..."

အသင်္ခရာဆေးလူးလို့ပြီးသွားတာနဲ့
ဝဏ္ဏကို ဗညားတို့ထံလက်လွှဲပေးလိုက်သည်

"သူ့ကိုဂရုစိုက်လိုက်ပါ ကျွန်ုပ်သွားစရာရှိသေးလို့...."

"အာ..ဟုတ်ပါပြီ"

ဗညားတို့အရမ်းအံ့သြသွားသည်
အစောနကထိနီရဲကွဲပြဲနေသည့် ဒဏ်ရာတွေက
အရှင်းပျောက်သွားတာမဟုတ်ပေမဲ့ ဆိုးဆိုးရွားရွားဖြစ်နေတာလဲမရှိတော့ဘူး

"ဒဏ်ရာကို ဒီလိုလည်းကုလို့ရသေးတာလား"

_________________________

ဝဏ္ဏကိုစိတ်ချရသူတွေလက်ထဲအပ်ပြီးတာနဲ့
သူ့ရဲ့ဂူထဲကို အသင်္ခရာအမြန်ပြန်လာရသည်

လပြည့်ည မွန်းတည့်ချိန်ဟာ
သူ့ရဲ့သားရဲအသွင်ထိန်းမရဘဲပေါ်ပေါက်လာမှာ
ဒါကိုလူတွေမြင်ရင် ထိတ်လန့်ကုန်လိမ့်မယ်

ဂူထဲပြန်ရောက်တာနဲ့အသင်္ခရာတစ်ကိုယ်လုံး
မြွေအရေခွံတွေတလက်လက်ပေါ်ထွက်လာသည်

"ဘာလို့လဲ!! ကျွန်ုပ်ရဲ့ချစ်သူဒဏ်ရာရနေတာတောင် ဘာလို့အနားမှာနေခွင့်မရှိရတာလဲ!"

မြွေအသွင်ပြောင်းသွားပြီဖြစ်တဲ့
သိင်္ခနဲ့ လင်္ကာကဒေါ်သတကြီးအော်ဟစ်နေတဲ့သူတို့အရှင်
ခြေဖမိုးအားခေါင်းနှင့်တိုးဝှေ့လိုက်သည်
ဒီအပြုအမူဟာ အရှင့်ကိုသူ့တို့နှစ်သိမ့်နေတာဖြစ်တယ်

"အား! ငါအဆိပ်ရှိတဲ့သားရဲကောင်ကြီးမဖြစ်ချင်ဘူး သာမာန်လူတစ်ဦးဘဲဖြစ်ချင်တာ"

တဖြည်းဖြည်းလမွန်းတည့်ချိန်ကိုရောက်လာတာနှင့်အမျှ
အသင်္ခရာ၏လူအသွင်ဟာထိန်းသိမ်းမထားနိုင်တော့ဘဲ
ဧရာမ အဖြူရောင်မြွေကြီးအဖြစ်သို့ကူးပြောင်းသွားတော့သည် ......

________________________

ဝဏ္ဏ၏ဝိညာဥ်သည်လွင့်မြောနေရင်း
ရွှေရောင်တဖိတ်ဖိတ်တောက်နေသည့် နန်းတော်ကြီးထဲကိုရောက်သွားသည်

"သားတော်ဝဏ္ဏ....."

"အမိန့်ရှိပါခမည်းတော်....."

"ဘုရားဂူရွာမှာဗုဒ္ဓပူဇော်ပွဲကြီး ၇ ရက်တိုင်တိုင်ကျင်းပလိမ့်မယ်
နန်းမှုရေးရာတွေကြောင့်ခမည်းတော်အဲဒီပွဲကိုသွားရောက်မချီးမြှင့်နိုင်ဘူး
သားတော်က အဲ့ဒီကိုသွားပြီး တော်ဝင်မျိုးနွယ်ကပြည်သူတွေကို အရေးထားကြောင်းပြသပေးရမယ်"

မြွေဖြူအရှင်《Complete 》Where stories live. Discover now